စ စ် ရှုံးကော င် တွေရဲ့ လ က် န က် ချပွဲ

စ စ် ရှုံးကော င် တွေရဲ့ လ က် န က် ချပွဲ 😁😁

တစီတတန်းဂျီးးး မပြီးနိုင်တော့ပု

ရှင် လော င်းလှည့်တာသာ အမှတ်ရမိ

SSPP ဖမ်းဆီးခံထားတဲ့ မိုင်းကိုင်မြို့နယ်က ကျေးရွာဥက္ကဌတွေကို လက်ရှိအချိန်အထိ ပြန်မလွှတ်သေး၊

တပ်သားစုဆောင်းခိုင်းတဲ့အတိုင်း ရာခိုင်နှုန်းမပြည့်ရင် ၅ နှစ်အထက်ကလေးတွေပါ ဖမ်းမယ်လို့ခြိမ်းခြောက်ထား

ရှမ်းတောင် မိုင်းကိုင်မြို့နယ်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)တပ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်ကတည်းက ဖမ်းသွားတဲ့ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတွေကို ပြန်လွှတ်ပေးခဲ့ပေမယ့် ကျေးရွာဥက္ကဌတွေကိုတော့ ဒီနေ့ မတ်လ ၄ ရက်အထိ ပြန်မလွှတ်ပေးသေးတဲ့အပြင် သူတို့တောင်းထားလူမပြည့်ဘူးဆိုရင် ၅ နှစ်အထက်ကလေးတွေပါ ဖမ်းမယ်လို့ ကျေးရွာသတင်းရင်းမြစ်တွေက ပြောပါတယ်။

တပ်သားအသစ်ပြန်ရဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ပြန်လွှတ်ပေးခဲ့ပြီး တစ်အိမ်ကို တစ်ဦးနှုန်းနဲ့ သွားရမယ်ဆိုတာ တရားလွန်နေပြီလို့ ကျေးရွာတစ်ခုက အမျိုးသား တစ်ဦးက ဆိုပါတယ်။

“သူတို့အတွက် လူရှာပေးဖိုး အုပ်စုအုပ်ချုပ်ရေးမှူးတွေကို ပြန်လွှတ်လိုက်ပြီ။ ကျန်တာက ကျေးရွာ ဥက္ကဌတွေဘဲကျန်တာ။ သူတို့ ပြောတာက တစ်အိမ်ကိုတစ်ယောက်သွားရမယ်ဆိုတာ မဖြစ်နိုင်ဘူးလေ။ ရွာကြီးဆို ၃ ယောက် ရွာသေးဆို ၁ ယောက်နှုန်း အဲလို သတ်မှတ်ရင် ဟုတ်မယ်” လို့ ပြောပါတယ်။

ထွက်ပြေးသွားတဲ့သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို SSPP တပ်က အကုန်သိမ်းမယ်လို့လည်း SSPPဘက်က ပြောဆိုထားပါတယ်။

ပန်ကေတု၊ နောင်စံဖူး၊ ဟိုခဲ၊ ဟမ်းငိုင်စတဲ့ ကျေးရွာအုပ်စုတွေကို သူတို့ တောင်းထားတဲ့ ရာခိုင်နှုန်း မပြည့်နိုင်ဘူးဆိုရင် ၅ နှစ်အထက်ကလေးတွေကို တွေ့တဲ့နေရာဖမ်းဆီးသွားမယ်ဆိုပြီး ခြိမ်းခြောက်ထားတယ်လို့ နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

“သူတို့ ခေါ်သလောက် လူမပြည့်ဘူးဆိုရင် ၅ နှစ်ကလေးတွေကို တွေ့တဲ့နေရာဖမ်းမယ်လို့ ပြောထားတယ်။ နောင်စံဖူးဘက်ကျတော့ မပြောဘူး။ မပြောဘူးဆိုတာက အဲဘက်မှာကျတော့ တစ်အိမ်ကိုတစ်ယောက်သွားရမယ်” လို့ ပြောပါတယ်

ပိုင်ဆိုင်မှုတွေ ထားခဲ့ပြီး ထွက်ပြေးတဲ့သူတွေများလွန်တာကြောင့် SSPPက လမ်းတွေ အကုန်ပိတ်ထားတယ်လို့ အထက်ပါ အမျိုးသားက ဆိုပါတယ်။

အခုလို လူဖမ်းဆီးခံထားရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ SSPP ဘက်ကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။


Comments

Leave a Reply

Your email address will not be published. Required fields are marked *