တန့်ဆည်မှ ကန့်ဘလူသို့ ပြန်လာသော ဝါသဝ ဦးဆောင်သည့် ပျူစောထီးစစ်ကြောင်းကို တိုက်ခိုက်မှု ပျူစောထီး ၄ ဦး ခန့်သေဆုံး

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မြို့နယ်တနေရာ၌ ကန့်ဘလူမြို့နယ်သို့ ပြန်လာသော ဝါသဝ ပျူ စောထီး စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦးခန့် ထိခိုက်သေဆုံးခဲ့ကြောင်း ပြည်သူ့လွတ် မြောက်ရေးတပ်ဦး – PLA တပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ မတ်လ ၅ ရက် နံနက် ၅ နာရီခန့်ကတန့်ဆည်မြို့မှ ကန့်ဘလူမြို့နယ်သို့ပြန်လာသော အင် အား ၁၅၀ ခန့်ရှိ ဝါသဝပျူစောထီးစစ်ကြောင်းထွက်ခွာလာကြောင်း သတင်းအရ တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့ဝင်များကကြိုတင်စောင့်ဆိုင်းနေရာယူပြီး စောင့်ဆိုင်းခဲ့ရာ နံနက် ၈ နာရီ မိနစ် ၂၀ အ ချိန်မှ စတင်ပြီး အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၂၀ ခန့်ဖြစ်ပွားခဲ့ပြီး ပျူစောထီး ၂ ဦး သို့မဟုတ် ၄ ဦး သေဆုံး ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ၊ TCRF(PLA)၊ အမှတ် ၁ စစ် ဒေသအတွင်း ပါဝင်သော မုံတိုင်ပင်(ပကဖ)၊ တက်သစ်(ပကဖ)၊ ကျောက်တိုင်(ပကဖ)တို့ ပါဝင်သည့် မဟာ မိတ် တပ်ဖွဲ့ဝင် အင်အား ၄၀ ကျော်က ခြုံခိုစောင့်ဆိုင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ တော်လှန် ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်ကြောင်းသည် သာကေတကျေးရွာမှ နေအိမ်တစ်လုံးနှင့် ပြည်သူပိုင် ဆိုင်ကယ် ၉ စီးကို မီးရှို့ဖျက်ဆီးပြီး နာဋောင်းကျေးရွာဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *