၅/ တို့ မွင်းခါး ၈ ပွဲကျော်

ကလေးမြို့နယ်တွင် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈ ဦးသေဆုံး၊ မြင်းမူမြို့ရှောင်လမ်းတွင် ကားပြင်နေသည့် စစ်သားများကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် နည်းပညာတက္ကသိုလ်၌ တပ်စွဲထားသော စစ်သားများနှင့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၈ ဦးသေဆုံးခဲ့ကြောင်း ကလေးခရိုင် ပြည်သူ့ကာကွယ်ရေး Drone တပ်ဖွဲ့ (Wings of Kalay Drone Team) ထံမှ သိရသည်။

မတ်လ ၁ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော ကလေးနည်း ပညာတက္ကသိုလ် (GTC) ကို ဒရုန်းဖြင့် ဗုံးသီး ၃ လုံး ၊ မတ်လ ၂ ရက်နေ့တွင် ကလေးမြို့နယ် တောင်ပိုင်း၊ ထိုမာရွာနှင့် သာယာကုန်းရွာ အကြား စစ်ကြောင်းလာသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၈ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မတ်လ ၅ ရက်နေ့နှင့် ၆ ရက်နေ့ တို့တွင် ကလေးမြို့နယ် တောင်ပိုင်း မှန်တောရွာကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၁၀ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုများ အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၈ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကာ စစ်စခန်း တစ်ခု မီးလောင်ပျက်စီးခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အောင်မြင်စွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှာကို ကလေးခရိုင် ပြည်သူ့ကာကွယ်ရေး Drone တပ်ဖွဲ့ (Wings of Kalay Drone Team)နှင့်အတူ Kalay Revolution Force (KRF) ကလေးဒေသ တော်လှန်ရေးတပ် ၊ Chin Secret Service (CSS) ၊ Chin National Defense Force (CNDF) ၊ CDF-KKG (Chinland Defense Force, Kalay -Kabaw- GanGaw) အဖွဲ့တို့မှ ပူးပေါင်း၍ Fixed Wing Droneများ အသုံးပြုကာAir Bombများ ၂၁ လုံး အသုံးပြု တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ မြို့ရှောင်လမ်းပေါ်တွင် ကားပျက်၍ ပြင်နေသောအကြမ်းဖက်စစ်သားများ ကို ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင်တပ်ရင်း ၁၁ – People’s Defence Force – South Monywa ထံမှ သိရသည်။

မတ်လ ၄ ရက် ညနေ ၃ နာရီအချိန်ခန့်ကမြင်းမူမြို့ မြို့ရှောင်လမ်းပေါ်တွင် Jammer ကားပျက်၍ ပြင်နေကြသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ၄၀ မမ ဗုံးသီး အစစ် ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများက လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း – People’s Defence Force – South Monywa တပ်ခွဲ ၁ ၊ မုံရွာခရိုင်တပ်ရင်း ၁၁ တပ်ခွဲ ၃ ၊ တပ်စု ၂ Youth Vigor Revolution Force ၊ အညာညီ နောင် တပ်ပေါင်းစု နှင့် နွေဦးလူငယ် People’s Defence Force တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ပုလဲမြို့နယ်တွင် ရိက္ခာလာပို့သည် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ရိက္ခာလာပို့သည် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း Sothern YSO PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် ပုလဲမြို့မှ အင်မထီး ပျူစောထီးရွာကို ရိက္ခာလာပို့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အင်မထီး ပျူစောထီးရွာမှ ထွက်ရှိလာစဉ် တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းတွင် ပျူစောထီး နှင့် စစ်သား အင်အား ၁၂၀ ခန့်ပါဝင်ပြီး တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ငယ်များ ၊ ၆၀ မမ များဖြင့် ပစ်ခတ် တိုက်ခိုက်ရာ ပျူစောထီး ၂ ဦး ပွဲချင်းပြီး သေဆုံးကာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦး အပြင်းအထန် ဒဏ်ရာရပြီး ဒဏ်ရာရရှိသူများထဲမှ ၃ ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရှိရသည်။

“အပြန်အလှန် ပစ်တာကတော့ ၁၀ မိနစ် လောက်ပဲရှိတယ်။ ကျွန်တော်တို့ ရဲဘော် ၁ ဦးလည်း ထိတယ်။ ဒါပေမယ့် မစိုးရိမ်ရဘူး။ တိုက်ပွဲအတွင်းမှာ ပျူ ၂ ကောင်ကတော့ ပွဲချင်းပြီးသေတယ်။ ပြင်းထန် ဒဏ်ရာရတဲ့ ၃ ကောင်လည်း သေသွားပြီ” ဟု Sothern YSO PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗမာအမျိုးသား တော်လှန်ရေး တပ်မတော် BNRA နှင့် Sothern YSO PDF အဖွဲ့ တို့မှ ပူးပေါင်း လုပ်ဆောင်ဲခဲ့ကြောင်း သိရသည်။

ကနီမြို့ကို တော်လှန်ရေး တပ်ဖွဲ့များက ၈၀ ရာခိုင်နှုန်း ထိန်းချုပ်ထားပြီး စစ်တပ်၏ ဘန်ကာတချို့ကို သိမ်းပိုက်နိုင်ခြင်းမရှိသေး

တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ၁၂ ဦး အရှင်မိထားပြီး စစ်တပ်က လေကြောင်းဖြင့် အပြင်းအထန် ဗုံးကျဲနေ

စစ်ကိုင်းတိုင်း၊ ကနီမြို့ကို တော်လှန်ရေး တပ်ဖွဲ့များက ၈၀ ရာခိုင်နှုန်း ထိန်းချုပ်ထားပြီး အကြမ်းဖက် စစ်တပ်၏ ဘန်ကာတချို့ကို သိမ်းပိုက်နိုင်ခြင်းမရှိသေးကြောင်း ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်များက ရန်ကုန်ခတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂ ရက်နေ့က စတင်ကာ ကနီမြို့ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက မြို့သိမ်း တိုက်ပွဲအဖြစ် စတင်တိုက်ခိုက်ခဲ့ပြီး လက်ရှိချိန်တွင် မြို့ကို ၈၀ ရာခိုင်နှုန်း ထိန်းချုပ်ထားပြီး စစ်တပ်၏ ဘန်ကာတချို့ကို သိမ်းပိုက်နိုင်ခြင်းမရှိသေးဘဲ ဆက်လက် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၂ ဦး အရှင်မိထားပြီး စစ်တပ်က လေကြောင်းဖြင့် အပြင်းအထန် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင်း မြို့တွင်ရှိ နေအိမ်များနှင့် ကျေးရွာများ ပျက်စီးမှုရှိပြီး ပြည်သူများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရှိရသည်။

“ကနီမြို့ကို ၈၀ ရာခိုင်နှုန်းပဲ ထိန်းချုပ်နိုင်သေးတယ်။ ၂၀ ရာခိုင်နှုန်း ကျန်သေးတယ်။ အကြမ်းဖက် စစ်တပ်ရဲ့ ဘန်ကာတချို့ကို မသိမ်းနိုင်သေးဘူး ကျန်ရှိနေသေးတယ်။ တိုက်ပွဲက ဆက်ရှိနေတုန်းပဲ” ဟု ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်များက ပြောဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *