ကန့်ဘလူသို့ပြန်လာသည့် ဦးဝါသ၀၏ ပျူစောထီးစစ် ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များကြားဖြတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့မှ ကန့်ဘလူမြို့နယ်သို့ ပြန်လာသည့် ဦးဝါသ၀၏ ပျူစောထီးစစ်ကြောင်းကို ယမန်နေ့ မတ် ၅ ရက်နေ့က ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ဦးဆောင် သည့် တော်လှန်ရေးတပ်ဖွဲ့များက စောင့်ဆိုင်းတိုက် ခိုက်ခဲ့ကြောင်း သိရသည်။

တန့်ဆည်မြို့မှထွက်လာသည့် ပျူစောထီးအင်အား ၁၅၀ ခန့်ကို ယမန်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ခြုံခိုစောင့်ဆိုင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ အဆိုပါပျူ စောထီးတပ်ကို သတင်းရရှိမှုအရ တစ်ရက်စော၍ကြို တင်စောင့်ဆိုင်းနေခဲ့ကြောင်း PLA ကဆိုသည်။

“သူတို့အင်အားက ၁၅၀​ လောက်ရှိတယ်။ မိနစ် ၂၀ကြာတိုက်ပွဲအတွင်း ပျူ​လေးယောက်​လောက်​သေဆုံးသွားတယ်လို့ သိထားပါတယ်” ဟု ​တော်လှန်​ရေးရဲ​ဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကို​ပြောသည်။

မိနစ် ၂၀ အကြာတိုက်ပွဲအတွင်း မျက်မြင်တွေ့ရှိသူ များ၏ ပြောပြချက်အရ ပျူစောထီးတပ်ဖွဲ့မှ သေဆုံးသူ နှစ် ဦးမှ လေး ဦးအထိရှိနိုင်ကြောင်း သိရသည်။

တော်လှန်ရေးတပ်ဖွဲ့များ၏ စောင့်ဆိုင်းတိုက်ခိုက်ခံရ၍ အထိနာသွားသော ပျူစောထီးတပ်သည် သာကေတရွာမှ အိမ်တစ်လုံးနှင့် ဒေသခံပြည်သူများ၏ ဆိုင်ကယ် ကိုး စီးကို မီးရှို့ဖျက်ဆီးပြီးနောက် နာဋောင်းကျရွာသို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။

တန့်ဆည်မှ ကန့်ဘလူသို့ပြန်လာသည့် ဦးဝါသဝ၏ ပျူစောထီးစစ်ကြောင်းကို PLA ဦးဆောင်သည့် TCRF (PLA)၊ မုန်တိုင်ပင်ပကဖ၊ တက်သစ်ပကဖ၊ ကျောက်တိုင်ပကဖတို့ ပါ၀င်သည့် မဟာမိတ်တပ်ဖွဲ့၀င် အင် အား ၄၀ ကျော်က စောင့်ဆိုင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း PLA ထံက သိရသည်။

အဆိုပါ ပျူစောထီးစစ်ကြောင်းသည် တန့်ဆည် ကံထူးမရွာကို စစ်ကူပြီးပြန်လာသည့် စစ်ကြောင်းဖြစ်ပြီး စစ်ကောင်စီတပ်ထောက်ခံသူ ပျူစောထီးခေါင်း ဆောင် ဘုန်းကြီးဦးဝါသ၀ဦးဆောင်ဖွဲ့စည်းထားသည့် ပျူစောထီးအဖွဲ့ဖြစ်ကြောင်း သိရသည်။

ပုံစာ-ဦးဝါသဝ၏ပျူစောထီးတပ်ဖွဲ့ကို တွေ့ရစဥ် (ပုံဟောင်း)


Comments

Leave a Reply

Your email address will not be published. Required fields are marked *