ကချင်ပြည်နယ်တွင် စစ်ကောင်စီ၏ တပ်စခန်း ၉ ခုထက်မနည်း သိမ်းပိုက်ရရှိသော KIA ဦးဆောင်သည့် တိုက်ပွဲများတွင် AA က ပါဝင်တိုက်ခိုက်နေ၊ ရခိုင်တွင်လည်း တိုက်ပွဲများ ဆက်လက် ပြင်းထန်

ကချင်ပြည်နယ်တွင် စစ်ကောင်စီ၏ တပ်စခန်း ၉ ခုထက်မနည်း သိမ်းပိုက်ရရှိသော KIA ဦးဆောင်သည့် တိုက်ပွဲများတွင် AA က ပါဝင်တိုက်ခိုက်နေကြောင်း ရက္ခိုင့်တပ်တော် AA က ယမန်နေ့ညပိုင်း တရားဝင်သတင်းထုတ်ပြန်သည်။

မတ်လ ၇ ရက်နေ့၊ နံနက် ၆ နာရီဝန်းကျင်မှစ၍ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သည် ၎င်း၏ ဌာနချုပ်ရှိရာ ကချင်ပြည်၊ လိုင်ဇာမြိုအနီးနှင့် မြစ်ကြီးနား-ဗန်းမော်လမ်းရှိ စစ်ကောင်စီတပ်စခန်းများနှင့် ခါရာဘွမ်၊ အင်တပ်ဘွမ်၊ ဖုန်ပျံဘွမ်၊ ဘွမ်ရယ်ဘွမ်၊ ပွိုင့် ၉၃၆ ကုန်း၊ ခမ်းကိုင်ဘွမ်၊ ပွိင့် ၂၅၉ လေယာဉ်ကွင်းစခန်းအပါအဝင် အခြားသောစခန်းအချို့တို့ကိုလည်း တပြိုင်နက်တည်း တိုက်ခိုက်ခဲ့ကြောင်း၊ ရက္ခိုင့်တပ်တော်အနေဖြင့်လည်း အဆိုပါထိုးစစ်များတွင် မဟာမိတ် (KIA) နှင့် ပူးတွဲစစ်ရေးလှုပ်ရှားလျက်ရှိသည့်အပြင် သီးသန့်တာဝန်ယူပြီး ထိုးစစ်များကို ဆင်နွှဲလျက်ရှိကြောင်း သိရှိရသည်။

တချိန်တည်းတွင်ပင် ကချင်ပြည်နယ်၊ ဗန်း‌မော်ခရိုင်၊ မိုးမောက်မြို့နယ်အနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၈၈ လက်အောက်ခံ ခလရ ၁၀၃ တပ်ရင်း၊ ပွိုင့် ၂၅၉ လေယာဉ်ကွင်းစခန်းကုန်းနှင့် ဒေါ့ဖုန်းယန်မြို့နယ်အနီးရှိ စစ်တပ်၏ ပွိုင့် ၆၁၁ (Ntap Bum) စခန်းကုန်းများကို ရက္ခိုင့်တပ်တော်က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်က လက်နက်ကြီးများဖြင့်အပြင် လေကြောင်းမှပါ တစ်ရက်လုံးပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့သည့်အတွက် KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို ပြည်သူ့ဆေးရုံအနီးသို လက်နက်ကြီးထိမှန်ကျရောက်ခဲ့ပြီး လိုင်ဇာမြို့နှင့် ထိစပ်နေသည့် တရုတ် နယ်စပ်မြို့ဘက်သိုလည်း လက်နက်ကြီးအချို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

ကချင်ပြည်နယ်အတွင်း ယမန်နေ့တိုက်ပွဲများတွင် စစ်ကောင်စီတပ်၏ စခန်း ၉ ခုထက်မနည်းကို KIA ဦးဆောင်ပါဝင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ရက္ခိုင်ပြည်၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့ များရှိ စစ်တပ်လက်ကျန်စခန်းအချို့ကို ယခင်ရက်များနည်းတူ ရက္ခိုင့်တပ်တော်က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ကြောင်း၊ ရသေ့တောင်မြိုအခြေစိုက်တပ်ရင်းများဖြစ်သည့် “ခမရ ၅၃၆ ၊ ၅၃၇ နှင့် ၅၃၈ ” တို့ကို ကြည်း၊ ရေ၊ လေပစ်ကူအမြောက်အမြားဖြင့် အပြင်းအထန်ခုခံလျက်ရှိသော်လည်း ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်ရယူရန် ဆက်လက်ကြိုးပမ်းလျက် ရှိကြောင်း သိရှိရသည်။

ထို့အတူ ရမ်းဗြဲမြို တိုက်ပွဲများအတွင်း စစ်တပ်၏ မြိုတွင်းလက်ကျန်အင်အာ;နှင့် စစ်ကူအင်အားများကို ရက္ခိုင့်တပ်တော်မှ ဆက်လက်ချေမှုန်းလျက်ရှိကြောင်း ထိုအတူ ကစဉ့်ကလျား ထွက်ပြေးနေကြသည့်စစ်သားများကိုလည်း ဆက်လက်ချေမှုန်း တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

ရက္ခိုင့်တပ်တော်၏ တိုက်ပွဲသတင်းများ

ရက္ခိုင့်တပ်တော်အနေဖြင့် အပြီးသတ်သိမ်းပိုက်ရယူရန်သတ်မှတ်ထားသော စစ်ရေးပစ်မှတ်များကို တစ်ခုပြီးတစ်ခု ချေမှုန်းတိုက်ခိုက်လျက်ရှိသည်။

မိမိတို့ထိုးစစ်များအတွင်း လက်နက်ချအညံ့မခံဘဲ ထွက်ပြေး လွတ်မြောက်လျက်ရှိနေ သည့် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များအား လိုက်လံဖမ်းဆီးလျက်ရှိသည်။

ရက္ခိုင်ပြည်၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့များရှိ ရန်သူ့လက်ကျန်စခန်းအချို့အား ယခင်ရက်များနည်းတူ ရက္ခိုင့်တပ်တော်မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်သည်။

ရသေ့တောင်မြို့အခြေစိုက်တပ်ရင်းများဖြစ်သည့် “ခမရ (၅၃၆)၊ (၅၃၇) နှင့် (၅၃၈)” တို့ကို ကြည်း၊ ရေ၊ လေပစ်ကူအမြောက်အမြားဖြင့် အပြင်းအထန်ခုခံလျက်ရှိသော်လည်း ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရယူရန် ဆက်လက်ကြိုးပမ်းလျက်ရှိသည်။

ရမ်းဗြဲမြို့ တိုက်ပွဲများအတွင်း ရန်သူ၏ မြို့တွင်းလက်ကျန်အင်အာ;နှင့် စစ်ကူအင်အားများကို ရက္ခိုင့်တပ်တော်မှ ဆက်လက်ချေမှုန်းလျက်ရှိသည်။

ထို့အတူ ကစဉ့်ကလျား ထွက်ပြေးနေကြသည့်ရန်သူများကိုလည်း ဆက်လက်ချေမှုန်း တိုက်ခိုက်လျက်ရှိသည်။

၂၀၂၄ ခုနှစ်၊ မတ်လ (၇) ရက်နေ့၊ နံနက် (၆) နာရီဝန်းကျင်မှစ၍ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သည် ၎င်း၏ ဌာနချုပ်ရှိရာ ကချင်ပြည်၊ လိုင်ဇာမြို့အနီးနှင့် မြစ်ကြီးနား-ဗန်းမော်လမ်းရှိ စစ်ကောင်စီတပ်စခန်းများနှင့် ခါရာဘွမ်၊ အင်တပ်ဘွမ်၊ ဖုန်ပျံဘွမ်၊ ဘွမ်ရယ်ဘွမ်၊ ပွိုင့် (၉၃၆) ကုန်း၊ ခမ်းကိုင်ဘွမ်၊ ပွိုင့်(၂၅၉) လေယာဉ်ကွင်းစခန်းအပါအဝင် အခြားသောစခန်းအချို့တို့ကိုလည်း တစ်ပြိုင်နက်တည်း တိုက်ခိုက်လျက်ရှိသည်။

ရက္ခိုင့်တပ်တော်အနေဖြင့်လည်း အဆိုပါထိုးစစ်များတွင် မဟာမိတ် (KIA) နှင့် ပူးတွဲစစ်ရေးလှုပ်ရှားလျက်ရှိသည့်အပြင် သီးသန့်တာဝန်ယူပြီး ထိုးစစ်များကို ဆင်နွှဲလျက်ရှိသည်။

တစ်ချိန်တည်း၌ပင် ကချင်ပြည်နယ်၊ ဗန်း‌မော်ခရိုင်၊ မိုးမောက်မြို့နယ်အနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ (၈၈) လက်အောက်ခံ ခလရ (၁၀၃) တပ်ရင်း၊ ပွိုင့် (၂၅၉) လေယာဉ်ကွင်းစခန်းကုန်းနှင့် ဒေါ့ဖုန်းယန်မြို့နယ်အနီးရှိ ရန်သူ၏ ပွိုင့် (၆၁၁) (Ntap Bum) စခန်းကုန်းအား ရက္ခိုင့်တပ်တော်မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

ရန်သူ့တပ်ရင်း များမှ လက်နက်ကြီးများဖြင့်အပြင် လေကြောင်းမှပါ တစ်ရက်လုံးပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့သည့်အတွက် KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့ ပြည်သူ့ဆေးရုံအနီးသို့ လက်နက်ကြီးထိမှန်ကျရောက်ခဲ့ပြီး လိုင်ဇာမြို့နှင့် ထိစပ်နေသည့် တရုတ် နယ်စပ်မြို့ဘက်သို့လည်း လက်နက်ကြီးအချို့ ကျရောက်ပေါက်ကွဲခဲ့သည်။

ရက္ခိုင်ဒေသစစ်ဆင်ရေး (၁၁၆) ရက်အတွင်း ရက္ခိုင့်တပ်တော်အနေဖြင့် သတ်မှတ်ထားသည့် စစ်ရေးပစ်မှတ်များကို သိမ်းပိုက်ရယူထားပြီးဖြစ်သကဲ့သို့ နောက်ထပ်ကျန်ရှိနေသေးသောရန်သူ့စခန်းများကို ထပ်မံသိမ်းပိုက်ရယူနိုင်ရန် အတွက်လည်း ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်


Comments

Leave a Reply

Your email address will not be published. Required fields are marked *