ကျိုက်ဒုံမြို့ရှိ စစ်တပ် ဗျူဟာကုန်းကို KNU နှင့်ပူးပေါင်း တပ် ဖွဲ့များက ပိတ်ဆို့ တိုက်ခိုက်နေခြင်းကြောင့် စစ်တပ်က လေ ကြောင်းဖြင့်သာ ရိက္ခာ ပေးပို့နေရ

ကရင်ပြည်နယ်၊ ကျိုက်ဒုံမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ဗျူ ဟာကုန်းကို KNUနှင့် ပူးပေါင်း တပ်ဖွဲ့ များက ပိတ်ဆို့ တိုက် ခိုက်နေခြင်းကြောင့် စစ်တပ်က လေကြောင်းဖြင့်သာ ရိက္ခာပေးပို့နေရကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များကပြောဆိုသည်။

ဖေဖော်ဝါရီလက စတင်ကာ ကျိုက်ဒုံမြို့ရှိ အကြမ်းဖက် စစ် တပ်၏ ဗျူဟာကုန်းကို KNUနှင့် ပူးပေါင်းများ ဒရုန်းဖြင့် မီးလောင်ဗုံး အပါအဝင် ဗုံးသီး ၁၀၀၀ ကျော် ကျဲချ တိုက်ခိုက်ခဲ့ခြင်းကြောင့် ဗျူဟာ ကုန်းအတွင်းရှိ အဆောက်အဦး အများအပြား ပျက်စီးခဲ့ကြောင်း သိရသည်။

KNU နှင့် ပူးပေါင်းအဖွဲ့ များက ဗျူဟာကုန်း အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မြေပြင်မှလည်း ပိတ်ဆို့ ထားခြင်းကြောင့် စစ်ကောင်စီ တပ်သားများ အပြင်မထွက်နိုင်ဘဲ လေကြောင်းဖြင့်သာ ရိက္ခာပေးပို့နေရကြောင်း သိရှိရသည်။

“မြေပြင်မှာ KNU က ဘုရားသုံးဆူ ၊ ကြာအင်းဆိပ်ကြီးနဲ့ ကော့ကရိတ်အထိ နယ်မြေ စိုးမိုးထားတဲ့ အပြင် အရင်က စစ်တပ် လက်အောက်ခံဖြစ်တဲ့ BGF ကလည်း ခွဲထွက်သွားပြီမို့ မြေပြင် စစ်ကူနဲ့ ရိက္ခာ လမ်းကြောင်း မရဘူးတော့ဘဲ လေယာဥ်နဲ့ပဲ ရိက္ခာချပေးရတာ” ဟု ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ယင်းအကြမ်းဖက်စစ်တပ်စခန်းကို ပိတ်ဆို့ထားသည်မှာ ၁ လကျော်ကြာမြင့်ပြီဖြစ်ပြီး လေကြောင်းဖြင့် ရိက္ခာလာချပေး သည်မှာ ၂ ကြိမ်ရှိပြီဖြစ်ကြောင်း၊ ကြာအင်းဆိပ်ကြီးနှင့် ကျိုက်ဒုံကြားရှိ စစ်တပ် စခန်းအသေးတစ်ခုဖြစ်သည့် ခုတ်ခွား စခန်းကို KNDO နှင့် DKBA ဗိုလ်အေဝမ်းအဖွဲ့နှင့် ဒရုန်းအဖွဲ့ ၁၀ ဖွဲ့ခန့်ပူပေါင်းပြီး ဒရုန်းဖြင့် ဗုံးသီး အလုံး ၂၀ ခန့်ကျဲချတိုက်ခိုက်ခဲ့ရာ ယင်းစခန်းရှိ အကြမ်းဖက်စစ် သားများအား လုံး ကြာအင်းဆိပ်ကြီးတပ်ရင်းသို့ ထွက်ပြေးသွားကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *