ရန်ကုန်-မန်းလေး အမြန်လမ်းမကြီး မိုင်တိုင် ၃၂၀တွင် စစ်အုပ်စုယာဉ်တစ်စီးကို မိုင်းဆွဲတိုက်ခိုက်

မန္တလေးတိုင်း၊ နွားထိုကြီးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၂၀ တွင် စစ်ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း ၄ နွားထိုးကြီး PDF ထံမှ သိရသည်။

မတ်လ ၈ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မကွေးမြို့ အခြေစိုက် ၊ တပ်မ ၈၈ တပ်မှ အကြမ်းဖက် စစ်ကောင်စီ တပ်သား ကျော်သူရပိုင် ဦးစီးကာ စစ်သည်တော် ကျင့်ဝတ်စာမေးပွဲဖြေဆိုရန် လာရောက်သည့် စစ်ကား ၁ စီးကို ရန်ကုန် -မန္တလေး အမြန်လမ်း မိုင်တိုင် အမှတ် ၃၂၀ အရောက်တွင် ရှေ့ထွက်မိုင်း ၈ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Natogyi. People Defence. Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း မှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *