စစ်ဆင်ရေးစတင်ပြီး (၄)ရက်အတွင်း စကစတပ်စခန်း (၂၀)ခန့်အား KIAသိမ်းပိုက်ထား

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ မိုးမောက်မြို့နယ်နှင့် KIAဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးရှိ စစ်ကောင်စီတပ်စခန်း (၂၀)ခန့်အား (၄)ရက်အတွင်း KIAနှင့် ပူးပေါင်းတပ်တို့ သိမ်းပိုက်ရရှိထားကြောင်း သိရသည်။

မတ်လ (၇)ရက်နေ့တွင် စတင်ခဲ့သော ကချင်လွတ်လပ်ရေးတပ်မတော် KIAနှင့် KPDFပူးပေါင်းတပ်တို့​၏ စစ်ဆင်ရေးသည် (၄)ရက်အတွင်း၌ ကချင်ပြည်နယ်နေရာအနှံ့ရှိ စစ်ကောင်စီတပ်စခန်း (၂၀)ခန့်အား သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်သည်။

သိမ်းပိုက်ရရှိထားသော တပ်စခန်းများမှာ-
(၁) ခန်းကိုင်တောင်ရှိ ခလရ (၁၄၂)တပ်စခန်း
(၂) ခယာဘွမ်တပ်စခန်း
(၃)လဂတ်ကောင်တပ်စခန်း
(၄)ဆွမ်ပရာဘွမ်အနီးရှိ မလိယာန်တပ်စခန်း (ခလရ-၄၆)
(၅)ဘွမ်ရယ်ဘွမ်တပ်စခန်း

(၆)ပန်စွန်တပ်စခန်း
(၇)ဂေါက်ငူကောင်တပ်စခန်း
(၈)မလိယာန်တပ်စခန်း
(၉)အင်လုံခတပ်စခန်း
(၁၀)အင်တပ်ဘွမ်တပ်စခန်း

(၁၁)ဖွန်းပြန်ဘွမ်တပ်စခန်း
(၁၂)တာပိန်မြစ်တံတားစခန်း
(၁၃)ရှဒန်ပါ တပ်စခန်း
(၁၄)ကစဲန်ကောင်တပ်စခန်း
(၁၅)ခဂျလုစခန်း

(၁၆)မြို့သစ်တံတားစောင့်တပ်စခန်း
(၁၇)မြို့သစ်တံတားကာကင်း
(၁၈)နမ့်ဖတ်ခတံတားစောင့်တပ်စခန်း
(၁၉)တာမခန်ရှိ ခမရ (၁၁၉)တပ်စခန်း(ဖားကန့်)
(၂၀)ခယာဘွမ်ရှိ ကာကင်း (၃)ခု
(၂၁)နောင်ရာဇင်ခန်တပ်စခန်း တို့ဖြစ်သည်။

အဆိုပါတပ်စခန်းများအား KIAတပ်မဟာ (၁၊၃၊၅)နယ်မြေအတွင်းရှိ တပ်ရင်းများ၊ ရက္ခိုင့်တပ်တော်AAနှင့် KPDF မဟာမိတ်ပူးပေါင်းတပ်တို့မှ ထိုးစစ်တင်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြခြင်းဖြစ်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *