D Taxi နံပတ်လေးတွေ့ရင်သတိထားမိအောင်ပါ

ဒီညနေ မင်မင့် သူငယ်ချင်းတစ်ယောက်နဲ့ Coffee ဆိုင်မှာချိန်းထားတော့ ထုံးစံတိုင်းမင်မင်ကနောက်ကျနေလို့ လမ်းထိပ်ရောက်တော့ကားဌားလိုက်ရော 😤

ကားပေါ်ရောက်ရောက်ခြင်း First Impression ကဘာလဲဆိုတော့မုန့်တွေ တွေ့တော့တာဘဲ 🫢

မုန့်တွေကလဲအများကြီးဆိုတော့ Taxi ဆွဲရင်းနဲ့မုန့်ရောင်းတယ်ဘဲထင်မိတာပေါ့ မုန့်ဆီဘဲအာရုံရောက်နေတော့အပေါ်ကရေးထားတဲ့စာကိုမမြင်မိဘူး ( အခမဲ့သုံးဆောင်နိုင်ပါသည်) တဲ့ကွယ် 🫢

ကားမောင်းတဲ့ Taxi ဆရာကလဲကိုယ်တွေနဲ့သက်တူရွယ်တူလောက်ကို မင်မင့် ကိုအမလေးမုန့်တွေအခမဲ့သုံးဆောင်လို့ရပါတယ်တဲ့ကွယ် 🥰

မင်မင်လဲသကြားလုံးစားမယ်နော်ဆိုပီးတစ်လုံးစားလာခဲ့တယ် 😁

နောက် Coffee ဆိုင်နားရောက်ခါနီးသူ့စိတ်ဓာတ်ကိုပိုပီးလေးစားမိတာက ကားကိုထိုးရပ်လိုက်တော့ ဘာလို့လဲမရောက်သေးဘူးလေပြောတော့ မဟုတ်ဘူးကားရှေ့မှာခိုလေးမပြေးနိုင်လို့ကြိတ်မိမှာစိုးလို့တဲ့ကားရပ်ပီးတကူးတကဆင်းမောင်းတာ 🥰

ကားပေါ်ကဆင်းခါနီးခွင့်တောင်းပီးဓာတ်ပုံလေးတွေရိုက်လာခဲ့တာပါ ဒီလိုခေတ်ကာလအခြေအနေမှာဒီလိုလူမျိုးလေးတွေလဲရှိသေးတော့ဘာရယ်မဟုတ်ဘူးလေးစားတဲ့စိတ်နဲ့တင်လိုက်တာပါ 🥰.

Edit – Ph 09773199188 ( Ko Aung) ဖုန်းမေးကြလို့ပါ

သူ့ကားနံပတ်လေးပါ ကားဆရာကအသက်လဲငယ်သလိုစိတ်ထားလဲကောင်းပါတယ်
စုံပလုံဘဲနော် နားကြပ်တဲ့ဂွမ်းတံတောင်ပါသေး 😁
ကြည့်ပါအုန်း
အခမဲ့သုံးဆောငိနိုင်ပါသည်တဲ့အစကအဲ့စာကိုမတွေ့ဘူးအစားငမ်းနေတာနဲ့ 🙈
ကဲတွေ့ပီလား နဖာကလော်တံကအစပါတာ 🥰

Comments

Leave a Reply

Your email address will not be published. Required fields are marked *