ခမရ(၃၅၅) တပ်ရင်းမှ အရာရှိကိုင် ပစ္စတို ၂၅လက် အပါအဝင် လက်နက် မျိုးစုံ ၁၅၀ လက်နီးပါးရဟု KNU အသိပေး

သင်္ဃန်းညီနောင် ခမရ ၃၅၅ စခန်းသိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၁၉ ဦး မျက် မြင်သေဆုံးပြီး PDF ရဲဘော် ၆ ဦး ကျဆုံး

စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၁၀ ဦးသေဆုံးခဲ့

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်နှင့်ကော့ကရိတ်မြို့နယ်အစပ် သင်္ဃန်းညီနောင် ခမရ ၃၅၅ စခန်းသိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၁၉ ဦး မျက် မြင်သေဆုံးပြီး PDF ရဲဘော် ၆ ဦး ကျဆုံးကြောင်း KNU ဗဟိုက တရားဝင် သတင်းထုတ်ပြန်သည်။

မတ်လ ၇ ရက်နေ့တွင် မြဝတီ /သင်္ကန်းညီနောင် အခြေစိုက် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ် ခမရ ၃၅၅ တပ်ရင်းကို KNU – တပ်မဟာ (၆) KNLA – ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် နှင့် တော်လှန် ရေး ပူးပေါင်းတပ်ဖွဲုတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ် မှ မျက်မြင် ၁၉ ဦး သေဆုံးခဲ့ပြီး နောက်ထပ် သေဆုံးဦးရေအရေအတွက်များ ရှိနိုင်သဖြင့် စိစစ်နေဆဲဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်များဘက်မှ ၆ ဦး ကျဆုံးခဲ့ရကြောင်း သိရှိရသည်။

ထိုစခန်းအတွင်း သိမ်းဆည်းရမိ လက်နက်ခဲယမ်းများမှာ –

(၁) MA-1 – ၆၅ လက်

(၂) MA-2 – ၁၀ လက်

(၃) MA-3 – ၁၆ လက်

(၄) MA-4 – ၃ လက်

(၅) MA – 5 (အတို) – ၂၅ လက်

(၆) 7.62/ MAS (sniper) -၂ လက်

(၇) 12 V ( ၉ လုံး) – ၁ လက်

(၈) 28 mm (ရှဲဂန်း) – ၁ လက်

(၉) ငါးကြင်းမြီး စက်လက် – ၃ လက်

(၁၀) 81 mm/MA-14 (ရိုင်ဖယ်) -၂ လက်

(၁၁) 60 mm (ကွန်မန်ဒိုစိန်ပြောင်း) – ၉ ပြောင်း

(၁၂) 60 mm (အထိုင်စိန်ပြောင်း) -၂ ပြောင်း

(၁၃) 81 mm (စိန်ပြောင်း) – ၁ ပြောင်း

(၁၄) RPG – ၇ လက်

(၁၅) RPG (အသီး) – ၁၅၃ လုံး

(၁၆) RPG (ပို့ယမ်း) – ၁၄၂ တောင့်

(၁၇) .5 ကျည် – ၂၃၀၀ တောင့်/ ပုံး ၄ ပုံး

(၁၈) အီနာဂါ – ၇၃ လုံး

(၁၉) 40 mm (ဗုံးသီး) – ၃၄ လုံး

(၂၀) 40 mm (မီးခိုးဗုံး) – ၄ လုံး

(၂၁) လက်ပစ်ဗုံး – ၆၅ လုံး

(၂၂) 60 mm (အသီး) -၂၉ လုံး

(၂၃) 81 mm (အသီး) – ၃၈ လုံး

(၂၄) တင့်ဖျက်မိုင်း (အကြီး) – ၃ ခု

(၂၅) တင့်ဖျက်မိုင်း -၂၂ ခု

(၂၆) ရှေ့ထွက်မိုင်း – ၇ ခု

(၂၇) နင်းမိုင်း – ၁၀၅ ခု

(၂၈) နင်းမိုင်း (အသေး) – ၆၅ ခု

(၂၉) တိုက်မိုင်း – ၆၉ ခု

(၃၀) MA ကျည်ဘောက် – ၃၆ ဘောက်

(၃၁) MA ကျည် (အဝိုင်းဘောက်) -၂ ဘောက်

(၃၂) 7.62 (Sniper ကျည်ဘောက်) – ၁ ဘောက်

(၃၃) MA-13 (ကျည်ဘောက်) – ၇ ဘောက်

(၃၄) MA-5/MK-2 (ကျည်ဘောက်) -၂၈ ဘောက်

(၃၅) MA-11(ကျည်ဘောက်) – ၅ ဘောက်

(၃၆) လှံစွပ် -၃၇ ချောင်း

(၃၇) 5.56 ကျည် – ၁၀,၀၀၀ တောင့်

(၃၈) 7.62/39.G-3 ကျည် – ၁၀,၀၀၀ တောင့်

(၃၉) .5 စက်လက် – ၁ လက်/ ၁ ပြောင်းပို

(၄၀) 7.62/G-3 ကျည် – ၁၀,၀၀၀ တောင့်

(၄၁) 5.56 ကျည် – ၁၀,၀၀၀ တောင့်

(၄၂) လက်ပစ်ဗုံး (စနတ်တံမပါ) – ၁၆ လုံး

(၄၃) လက်ပစ်ဗုံး (စနတ်တံပါ) -၂၄ လုံး

(၄၄) စစ်သုံး ၆ ဘီးကား -၃ စီး

(၄၅) စစ်သုံး တံခါး ၄ ပေါက် -၂ စီး တို့ဖြစ်ကြောင်း သိရှိရသည်။

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်မှ လေယာဥ် ပစ်ကူအဖြင့် သော် လည်းကောင်း၊ လက်နက်ကြီး ပစ်ကူအဖြင့် သော်လည်းကောင်း လုပ်ဆောင်နေသည့်အတွက် အပြစ်မဲ့ ပြည်သူပေါင်း ၁၀ ဦး ဝန်းကျင် သေဆုံးခဲ့ရပြီး မြောက်များစွာ ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်အများအပြား သေဆုံးကာ KNLA ပူးပေါင်းတပ်က ၆ ဦးကျဆုံး၊ ပြည်သူ ၁၀ ဦးခန့် အသက်ဆုံးရှုံး

စခန်းသိမ်းတိုက်ပွဲနှင့် မြို့တွင်း တိုက်ပွဲများ ဆက်ရှိနေဟု ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် တပ်မဟာ(၆) နယ်မြေ မြဝတီ /သင်္ကန်းညီနောင် အခြေစိုက် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ် ခမရ (၃၅၅) တပ်ရင်းအား အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာတွင် အရာရှိကိုင် MA-5 ပစ္စတို ၂၅လက် အပါအဝင် လက်နက်ခဲယမ်း မြောက်များစွာ သိမ်းဆည်းရမိခဲ့ဟု KNU ဗဟိုက ထုတ်ပြန်သည်။

မြဝတီ /သင်္ကန်းညီနောင် အခြေစိုက် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ် ခမရ (၃၅၅) တပ်ရင်းအား KNU – တပ်မဟာ (၆) KNLA – ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့က မတ်လ ၇ရက် ညနေတွင် သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

စခန်းသိမ်းတိုက်ပွဲတွင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ် မှ မျက်မြင်(၁၉) ဦး သေဆုံးခဲ့ပြီး နောက်ထပ် သေဆုံးဦးရေအား စီစစ်ဆဲဖြစ်ကာ မြောက်များ စွာ ဒဏ်ရာရခဲ့ဟု အသိပေးသည်။

သိမ်းဆည်းရမိ လက်နက်ခဲယမ်းများကို ထုတ်ပြန်ခဲ့ရာ MA-1 – ၆၅ လက်၊ MA-2 – ၁၀ လက် ၊MA-3 – ၁၆ လက်၊ MA-4 – ၃ လက်၊ MA – 5 (အတို) – ၂၅ လက်၊ 7.62/ MAS (sniper) -၂ လက်၊ 12 V ( ၉ လုံး) – ၁ လက်၊ 28 mm (ရှဲဂန်း) – ၁ လက်၊ ငါးကြင်းမြီး စက်လက် – ၃ လက်၊ 81 mm/MA-14 (ရိုင်ဖယ်) -၂ လက်၊ 60 mm (ကွန်မန်ဒိုစိန်ပြောင်း) – ၉ ပြောင်း၊ 60 mm (အထိုင်စိန်ပြောင်း) -၂ ပြောင်း၊ 81 mm (စိန်ပြောင်း) – ၁ ပြောင်း၊ RPG – ၇ လက် တို့ ဖြစ်သည်ဟု ဓာတ်ပုံမှတ်တမ်းနှင့်အတူ ဖော်ပြသည်။

ထို့ပြင် သိမ်းဆည်းရရှိခဲ့သည့် လက်နက်များ၏ ဆက်စပ်ကျည်များ၊ ဗုံးသီးများ၊ မိုင်းများ၊ လက်ပစ်ဗုံးနှင့် အခြား စစ်သုံး ပစ္စည်းများ၊ စစ်သုံးယာဉ် ၅စီး တို့ကို သိမ်းရခဲ့ကြောင်း ထုတ်ပြန်သည်။

စခန်းသိမ်းတိုက်ပွဲ အတွင်း KNLA နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၆ဦး ကျဆုံးကာ ၈ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးသည်။

နှစ်ဖက် ထိတွေ့ ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်မှ လေယာဥ် ၊ လက်နက်ကြီး ပစ်ကူပေးတိုက်ခိုက်ခဲ့၍ ပြည်သူ ၁၀ဦး ဝန်းကျင် သေဆုံးကာ ပြည်သူပိုင် ၂၀လုံး ခန့် မီးလောင်ပျက်စီးခဲ့ရသည်ဟု ဖော်ပြထားသည်။

KNLA တပ်မဟာ(၆) ဒူးပလာယာခရိုင်အတွင်းစစ်ကောင်စီတပ်စခန်းများအား စခန်းသိမ်းတိုက်ပွဲအဖြင့် သော်လည်းကောင်း၊ မြို့တွင်း တိုက်ပွဲများအဖြစ် သော်လည်းကောင်း ဆင်နွှဲလျှက် ရှိသည်ဟု အသိပေးသည်။

နောက်ထပ် တိုက်ခိုက် သိမ်းပိုက် ရရှိသော တပ်စခန်းများအား အချက်အလက် အပြည့်အစုံဖြင့် ထုတ်ပြန်သွားမည်ဟု ဖော်ပြထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *