မြင်းမူ နှင့် ငါန်းဇွန် မြို့နယ်တို့ရှိ ရဲစခန်းနှင့် စစ်တပ် တပ်စွဲထားသော နေရာများကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာအနောက်ဘက်ရှိ ဘုန်းကြီးကျောင်းဝန်းအတွင်း ဝင် ရောက်စခန်းချသည့် စစ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး People’s Defence Force – South Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ယမန်နေ့ မတ်လ ၁၃ ရက် ညနေ ၄ နာရီ ၂၅ မိနစ်က မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာအနောက် ဘက်ရှိ ဘုန်းကြီးကျောင်းဝန်းအတွင်း တပ်စွဲနေရာ ယူထားသော အကြမ်းဖက်စစ်ကောင်စီတပ် သား များကို ဒရုန်းဖြင့် ဗုံးကျဲခြင်း၊၊ ၄၀ မမ ဖြင့် ပစ်ခတ်ခြင်း အပါ အ ဝင် လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ မိနစ် ၃၀ ခန့် အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ် ခဲ့ပြီး စစ်ကောင်စီတပ်သား ၃ ဦးနေရာ မှာပင် ပွဲချင်းပြီးသေဆုံးကာ ၇ ဦးအပြင်းအထန် ဒဏ်ရာရရှိ သွားကြောင်း သိရသည်။

“ ၁ ကောင်ကတော့ ရှေ့တက်လာပြီး ဆဲရင်းပစ်တာ၊ ကျနော်တို့ ရဲဘော်တွေပြန်ပစ်ချက်နဲ့ စကာ ပေါက်ဖြစ်သွားတာ မြင်လိုက်ပါတယ်၊ ကျန်တာကတော့ အတွင်းသတင်းအတည်ပြုပါတယ်၊ အဲဒီ စစ်ကြောင်းက မြင်းမူမြို့နယ်ထဲရောက်နေတာ ၂ ရက် ၃ ရက်လောက်ရှိပြီ၊ အင်အားကတော့ ၅၀ လောက်ရှိမယ်၊ မနေ့က ညပိုင်းကတည်း မြင်းမူမြို့ထဲကို ဝင်သွားတယ်” ဟု People’s Defence Force – South Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်းဖြစ်သော People’s Defence Force – South Monywa တပ်ခွဲ ၁ ၊ မုံရွာခရိုင်တပ်ရင်း ၁၁ တပ်ခွဲ ၂ – Black Hunter People’s Task Force ၊ Myinmu Fighter ပြောက်ကျားတပ်ဖွဲ့၊ ဒေါင်းဘုရင် ၊ ဇာမဏိပြောက်ကျားတပ်ဖွဲ့၊ Myinmu Revolution Force၊ DKBA ကာကွယ်ရေးတပ် နှင့် အညာညီနောင်တပ်ပေါင်းစု – ABCF တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ အောင်မြင်စွာ ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။

မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း People’s Defence Force – South Monywa အနေဖြင့် ရန်ပုံငွေ အ ခက် အခဲများစွာ ရင်ဆိုင်နေရပြီး ခဲယမ်း၊ ကျည်များက အစ ပြန်လည် ဖြည့်တင်းနိုင်ရန် လိုအပ်နေပါ သဖြင့် တတ်နိုင်သမျှ ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြပါရန် မေတ္တာရပ်ခံထားသည်။

ထို့ပြင် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မင်းနေကုန်းရွာ ရဲစန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ရွှေခြံသားပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၄ မိနစ်ခန့်တွင် ငါန်းဇွန်မြို့နယ်၊ မင်းနေကုန်းကျေးရွာ ရဲစခန်းကို ရွှေခြံသား ပြောက်ကျားတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးသီး ၄ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“အဲတိုက်ခိုက်မှုက စစ်ခွေး ၃ ကောင်သေတယ်။ ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေလည်း များတယ်လို့ သိရတယ်” ဟု ရွှေခြံသားပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ

ကာကွယ်ရေးဝန်ကြီးဌာန

မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်းဖြစ်သော

ကျွန်ုပ်တို့ People’s Defence Force – South Monywa တပ်ခွဲ(၁)သည်

မုံရွာခရိုင်တပ်ရင်း(၁၁)တပ်ခွဲ(၂)Black Hunter People’s Task Force၊

Myinmu Fighterပြောက်ကျားတပ်ဖွဲ့၊

ဒေါင်းဘုရင်၊

ဇာမဏိပြောက်ကျားတပ်ဖွဲ့၊

Myinmu Revolution Force၊

DKBAကာကွယ်ရေးတပ်၊

အညာညီနောင်တပ်ပေါင်းစု – ABCFတို့နှင့်လက်တွဲ၍

13-Mar-2024/ ညနေ၄နာရီ၂၅မိနစ်အချိန်ခန့်တွင်

မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာအနောက်ဘက်ရှိဘုန်းကြီးကျောင်းဝန်းအတွင်း တပ်စွဲနေရာယူထားသော စခများအား

ဒရုန်းBoomသီး၊ ၄၀မမအပါအဝင် လနငယ်များဖြင့် Pyitခတ်Tieခိုက်ရာမှ နာရီဝက်ခန့် နှစ်ဖက်အပြန်အလှန်Tieပွဲဖြစ်ပွားခဲ့ပြီး စခများဘက်မှ စခ(၃)ကောင်ပွဲချင်းပီးTay၍ စခ(၇)ကောင်ပြင်းထန်ဒ_ဏ်_ရာရရှိသွားကြောင်း တိကျခိုင်မာသည့် သတင်းရင်းမြစ်များမှ သိရှိရပါသည်။

စခများဘက်မှ လနကြီး၊ လနငယ်များဖြင့် ပြန်လည်Pyitခတ်သော်လည်း မိဘပြည်သူများပို့သသောမေတ္တာများကြောင့် ကျွန်ုပ်တို့ရဲဘော်များ ပွန်းပဲ့ရှနာမှလွဲ၍ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *