ကိုမိုက်ကယ်ရေ….

ကိုမိုက်ကယ်ရေ….

အကိုလုပ်ခဲ့တာပြည်သူအတွက်ဗျ

ကျနော်တို့ဂုဏ်ယူတယ်လေးစားတယ်

သို့ပေမဲ့ ကျနော်တို့အတိုင်းထက်အလွန်ဝမ်းနည်းနေရပါတယ်

ကျနော်တို့ပြည်သူတွေ အကိုအတွက်ပါ

ဒီတော်လှန်ရေးကြီးကိုပိုအားစိုက်ပြီးလုပ်ဆောင်သွားပါ့မယ် ဂတိပေးပါတယ်😇😇💪

ကိုမိုက်ကယ် ဘေးကင်းပါစေ အမြန်ဆုံးလွတ်မြောက်ပါစေ🙏

“ကိုမိုက်ကယ် ကိစ္စ”

စိတ်ပူပြီး မေးကြတဲ့သူတွေ ရှိနေလို့ သိရသလောက် ပြန်တင်ပေးတာပါ။

ကိုမိုက်ကယ်ကို ထိုင်းရဲတွေက ဖမ်းထားတယ် ဆိုတာ မှန်ပါတယ်။

မြန်မာပြည်မှာ လူသတ်မှုတွေ ကျူးလွန်ပြီး ထိုင်းဘက်ကို ထွက်ပြေးနေတဲ့ ငပျူကောင်ကို သတ်မှုနဲ့ ဖမ်းခဲ့တာပါ။

ထိုင်း ဥပဒေအရ အခုချိန်အထိ ကိုမိုက်ကယ်ဟာ သံသယ တရားခံပဲ ရှိပါသေးတယ်။

သူ့အမှုကို ရင်ဆိုင်ရမှာကလဲ ထိုင်းမြေပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ပြစ်မှုအတွက် ထိုင်းတရားရုံးမှာပဲ ရင်ဆိုင်ရမှာပါ။

ဒီနေရာမှာ စာမတတ် ပေမတတ် ဥပဒေပညာကို နကန်းတလုံးမှ နားမလည်တဲ့ ဘောမလော်ဘီ ငစနူတွေက ကိုမိုက်ကယ် အဖမ်းခံရပြီ မြန်မာပြည်ကို ပြန်ပြီး လွှဲယူနိုင်ဖို့ သံရုံးကနေ လုပ်ရမယ် ဆိုပြီး အာချောင်နေတာတွေ ရှိပါတယ်။

ရှင်းရှင်းပြောရရင် စောက်ပေါ အဆင့်ပါ။

နိုင်ငံတကာ တရားခံလွှဲပြောင်းမှု ကတိကဝတ်မှာ ကိုမိုက်ကယ်ဟာ ပြည်တွင်းမှာ ကျူးလွန်ခဲ့တဲ့ ပြစ်မှု မဟုတ်တဲ့အတွက် မြန်မာပြည်ကို ပြန်ပြီး လွှဲပြောင်းစရာ အကြောင်း မရှိပါဘူး။

စစ်ခွေး ဘောမတွေကတော့ ပညာမတတ်ရှာတော့ “ဆင့်လီး ခွေးမျှော်” သလို မျှော်နေကြရှာမှာပါ့။ စာမှ မတတ်တာကိုး။

အကယ်၍ ထိုင်းအစိုးရ အနေနဲ့ ကိုမိုက်ကယ်ကို စစ်ရှုံးကောင်စီလက်ကို အပ်မယ် ဆိုရင်တောင် လက်ရှိ ဖမ်းထားတဲ့ ငပျူသတ်မှုကို အရင်ရှင်းပြီးမှ ဒီဘက်ကို လွှဲရမှာပါ။

ဒါက တရားဥပဒေကြောင်းအရ လုပ်ထုံးလုပ်နည်းကို နောက်ဆုံး အဆင့်အထိ ပြောလိုက်တာပါ။

ဒီကြားထဲမှာလဲ ကိုမိုက်ကယ် ကိစ္စအတွက် လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ထိုင်းရောက် မြန်မာတွေ များစွာ ရှိနေတာမို့ စိတ်မပူကြဖို့ ပြောချင်ပါတယ်။

ကိုမိုက်ကယ် အဖမ်းခံထားရပေမယ့် တော်လှန်ရေးဟာ ရပ်တန့်မသွားသလို ထိုင်းမှာ အဖမ်းခံရတာ ဖြစ်လို့ ပြည်တွင်းမှာ နေ့စဉ်နဲ့အမျှ စစ်ရှုံးကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံနေရတဲ့ ပြည်သူတွေလောက်တောင် အခြေအနေ မဆိုးပါဘူး။

ဒီလောက်ဆိုရင် သိသင့်သလောက် သိရပြီလို့ ယူဆပါတယ်..။


Comments

Leave a Reply

Your email address will not be published. Required fields are marked *