မကွေးတိုင်း၊ စလင်းမြို့နယ်တွင် လူငယ်များကို စစ်မှုထမ်းရန် အသံချဲ့စက်ဖြင့် နှိုးဆော်နေသည့် အုပ်ချုပ်ရေးမှူး ၁ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
မတ်လ ၁၈ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် မှာ သရက်တောတိုက်နယ်၊ ပခက်တိုင်ကျေးရွာ (ကပစ ၂၁ ) အနီးတွင် ပခက်တိုင်ရွာ အုပ်ချုပ်ရေးမှူး မြင့်ထူးသည် ကျေးရွာနေ ပြည်သူများကို အသံချဲ့စက်ဖြင့် စစ်မှူထမ်းရန် နှိုးဆော်နေစဥ် စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော ပခက်တိုင်ရွာ အုပ်ချုပ်ရေးမှူး မြင့်ထူး ထံမှ လက်လုပ် ပစ္စတို သေနတ် ၁ လက်နှင့် ဆက်သွယ်ရေး စက် ၁ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
“စစ်ကောင်စီရဲ့ စစ်မှူထမ်းဥပဒေနဲ့ ပြည်သူအပေါ် မတရားသဖြင့် နိုင့်ထက်စီးနင်း လုပ်နေသူ လက်ပါးစေမှန်သမျှကို အတတ်နိုင်ဆုံးထိထိရောက်ရောက် အရေးယူသွားမှာ ဖြစ်တယ်လို့ ပြောချင်ပါတယ်” ဟု စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီ၏ စစ်မှူထမ်းဥပဒေကို မျက်ဝါးထင်ထင်အသက်သွင်း ဖော်ဆောင်နေသူ ပခက်တိုင် အုပ်ကြီး မြင့်ထူး အသက်(၅၀) အား ကျေးရွာနေပြည်သူများ၏ သတင်းပေးတိုင်ကြားချက်အရ စောင့်ကြည့်အခြေအနေမှ ယမန်နေ့ညနေက ကျေးရွာနေပြည်သူများအား အသံချဲ့စက်ဖြင့် စစ်မှူထမ်းရန်နှိုးဆော်နေစဥ် ဝင်ရောက်ဖမ်းဆီးစဥ်
အတို (လက်လုပ်) တစ်လက်နှင့် icon (တစ်လုံး) ပါတွေ့ရှိရ၍ စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်ကာ ပွဲချင်းပြီး သုတ်သင်ရှင်းလင်းခဲ့ကြောင်း
ထပ်မံ၍ ပြည်သူလူထုအား မတရားသဖြင့် အာဏာသုံး အုပ်ချုပ်ရေးမှူးများလည်း စောင့်ကြည်နေကြောင်း အမှတ်စဥ်များလည်း လာဦးမည်ဖြစ်ကြောင်း သတိပေးလိုက်သည်။
Leave a Reply