စစ်ကောင်စီ၏ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခံရသော စစ်ကိုင်းတိုင်းမှ ပြည်သူများကို ကာကွယ်ပေးနိုင်ရန် စစ်ကိုင်း ဖက်ဒရယ်ကောင်စီ(ရှေ့ပြေး)က အကူအညီပေးရေးအဖွဲ့ ဖွဲ့စည်း

စစ်ကောင်စီ၏ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခံရသော စစ်ကိုင်းတိုင်းမှ ပြည်သူများကို ကာကွယ်ပေးနိုင်ရန် စစ်ကိုင်း ဖက်ဒရယ်ကောင်စီ(ရှေ့ပြေး)က အကူအညီပေးရေးအဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်း ဖက်ဒရယ်ကောင်စီအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ အတင်းအဓမ္မ စစ်မှုထမ်း စေခိုင်းခံရသည့်ပြည်သူများကို ကာကွယ်ရေးပေးနိုင်ရန် စစ်ကိုင်းဖက်ဒရယ်ကောင်စီ(ရှေ့ပြေး)က အဓမ္မစစ်မှုထမ်းခိုင်းခြင်းဆိုင်ရာ ချိတ်ဆက်ကူညီပေးရေး လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းလိုက်ပြီဖြစ် ကြောင်း စစ်ကိုင်းဖက်ဒရယ်ကောင်စီ စစ်ရေး ကော်မတီဝင်၊ စစ်ကိုင်း ဖက်ဒရယ်ကောင်စီ(ရှေ့ပြေး) အဖွဲ့ အဓမ္မစစ်မှုထမ်းခိုင်းခြင်းဆိုင်ရာ ချိတ်ဆက်ရေးနှင့် ပြန်လည်လက်ခံနေရာ ချထားရေးတာဝန်ခံ ကိုသျှောင်တစောင်းကပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို ပြည်သူများအနေဖြင့် ဆန့်ကျင်ကြရန်၊ ထိုသို့ ဆန့် ကျင် သည့်ပြည်သူများကို ကူညီပေးနိုင်ရန် စစ်ကိုင်းဖက်ဒရယ်ကောင်စီအနေဖြင့် အဓမ္မစစ်မှုထမ်း ခိုင်းခြင်း ဆိုင်ရာ လုပ်ငန်းရှေ့ ပြေး အဖွဲ့ကို ဖွဲ့စည်းထားပြီး လာရောက်ဆက်သွယ်သူများကို စိစစ် လက်ခံရေးအဖွဲ့ဖြင့် ပြန်လည်ချိတ်ပေး ကာ လိုအပ်သည်များ မေးမြန်းပြီး ကာယကံရှင်၏ ပါဝင် ဆောင် ရွက်လိုသည့်အပိုင်းကို ပို့ဆောင်ပေးနေကြောင်း သိရသည်။

“လက်ရှိမှာ ဆက်သွယ်လာတာ တော်တော်လေးများတယ်ဗျ၊ စတင်ကြေညာပြီး လာပြီးတော့ ဆက် သွယ် လာတာ ၆၀ / ၇၀ လောက်တော့ရှိတယ်၊ ၅/ဆိုပေမယ့် တိုင်းပြင်ရောက်နေတဲ့သူတွေ လည်း ဆက်သွယ် လာတာရှိတယ်၊ တိုင်းတွင်းကလည်း လူတွေလည်း ဆက်သွယ်လာတာရှိတယ်၊ ဆက် သွယ် ရမယ့် Signal နံပါတ် ထပ်ဖို့ တောင်လုပ်နေတယ်၊လက်ရှိမှာတော့ ကျနော်တို့ လုပ်နိုင်တဲ့ အ တိုင်း အတာ တစ်ခုပေါ့၊ အရင်ဆုံးစလုပ် တာဖြစ်တဲ့အတွက် အရင်ဆုံး ၅/ ကိုဦးစားပေးပေါ့၊ နောက် ပြီးတော့မှ ကျနော်တို့ ဘယ်လေက်အထိ လုပ်နိုင်မလဲပေါ့၊” ဟု ကိုသျှောင်တစောင်းကပြောကြားသည်။

လာရောက်ချိတ်ဆက်သူများကို လုံခြုံစိတ်ချရပြီး အကာအကွယ်ပေးနိုင်မည့်နေရာသို့ ပို့ဆောင်ကာ ပြည်သူ့အကျိုးပြုလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် စီစဉ်ထားကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ၏ အ တင်း အဓမ္မစစ်မှုထမ်းစေခိုင်းခံရခြင်းမှ ကာကွယ်နိုင်ရန် ထိရောက်သော ကူညီမှုများ လုပ်ဆောင်ပေး နိုင်ရန် လိုအပ်ပြီး ပြည်သူအချင်းချင်းကူညီစောင့်ရှောက်စေလိုကြောင်း ၎င်းက ဆက်လက် တိုက် တွန်းပြောကြားသည်။

“ကျနော်တို့က အက်ရှင်ပလန်နဲ့လုပ်ပေးနေတယ်၊ စစ်မှုမထမ်းမနေရ ဥပဒေကို ပြည်သူတွေ မလိုက် နာ ကြပါနဲ့၊ ဆန့်ကျင်ကြပါ၊ ပြောနေပေမယ့် လက်တွေ့အကောင်အထည်မဖော်နိုင်ရင် ဘာမှလုပ်နိုင် မှာမဟုတ်ဘူး၊ ကျနော်တို့နဲ့ လုပ်ငန်းသဘောတရားချင်းတူညီတဲ့အဖွဲ့အစည်းတွေအနေနဲ့ လည်း အက်ရှင်ယူပြီးတော့ လုပ်စေချင်တယ်၊ ဒါမှသာ တဖက်ကပြည်သူတွေလည်း စစ်ကောင်စီရဲ့ စစ်မှု မထမ်းဥပဒေကိုလည်း ဆန့်ကျင်ပြီသားလည်းဖြစ်တာပေါ့၊ တဖက်မှာလည်း ပြည်သူကို မျက်နှာမူတဲ့ ပြည်သူကို အကာအကွယ်ပေးနိုင်တဲ့ ဟာမျိုးဖြစ်စေချင်တယ်၊ ကျနော်တို့ ပြည်သူမှာက ပြည်သူ ပဲရှိတာဆိုတော့ အချင်းချင်းဖေးမစောင့်ရှောက်စေချင်တယ်။” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

စစ်ကိုင်းဖက်ဒရယ်ကောင်စီ(ရှေ့ပြေး)အဖွဲ့အနေဖြင့် အကြမ်းဖက်စစ်ကာင်စီ၏ အဓမ္မစစ်ထမ်းစေခိုင်း ခြင်း ဥပဒေကို စစ်မှုထမ်းဥပဒေကို ပြင်းထန်စွာ ဆန့်ကျင်ရှုတ်ချကြောင်း၊ ယင်းဥပဒေနှင့်ပတ်သက်၍ ရည်ရွယ်ချက်တူ မည်သည့်တော်လှန်ရေးအဖွဲ့အစည်းကိုမဆို ပူးပေါင်းဆောင်ရွက်လိုကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိ အချိန်တွင် စစ်ကိုင်းဖက်ဒရယ်ကောင်စီ(ရှေ့ပြေး)အဖွဲ့မှ အကူအညီပေးမည်သူများမှာ စစ်ကိုင်းတိုင်းမှတ်ပုံကိုင်ဆောင်ထားသူ – ၅/- ဖြစ်ရမည်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီမှ အဓမ္မစစ်မှု ထမ်းရန် သတ်မှတ်ထားသည့် အသက် အရွယ်ဖြစ်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းအဖွဲ့က စီစဉ် ချိတ်ဆက် ပေး သည့်နေရာသို့ သွားရောက်နေထိုင်နိုင်သူဖြစ်ရမည်ဖြစ်ပြီး လုပ်ငန်းအဖွဲ့မှ စီစဉ်ပေးသည့် တော် လှန်ရေး (သို့မဟုတ်) ပြည်သူ့အကျိုးပြု လုပ်ငန်းများတွင် မိမိ တတ်စွမ်းသရွှေ့ အနည်းဆုံးတစ်နှစ် တာဝန်ထမ်းရွက်လိုသူဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းဖက်ဒရယ်ကောင်စီ (ရှေ့ပြေး) က ကူညီပေးမည့်သူများတွင် အကြမ်း ဖက်စစ်ကောင်စီကို တနည်းနည်းကို အားပေးထောက်ခံခဲ့သူ၊ စစ်တပ် ထုတ် ကုန်ဖြန့်ဖြူးရောင်းချသူ၊ Non – CDM များ မပါဝင်ကြောင်း သိရှိရသည်။

Telegram

+917898990656

SMS

+917898990656

What App

+917898990656

Gmail

cagency47@gmail.com

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်မှုမထမ်းလိုသူများကို အကူအညီများ ပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းဖက်ဒရယ်ကောင်စီ (ရှေ့ပြေး)က မတ်လ ၁၅ရက်နေ့တွင် ထုတ်ပြန်သည်။

“အခုကိစ္စက ထုတ်ပြန်ကြေညာချက် ထုတ်ယုံနဲ့ လုံလောက်တဲ့ ကိစ္စမဟုတ်တော့ အရေးတယူ ဆောင်ရွက်ရမယ့်အပိုင်း ဖြစ်လာတဲ့အတွက် အခုလိုလုပ်ဆောင်ရတာပါ။ အဓမ္မစစ်မှုထမ်း ဥပဒေကို ရှောင်တိမ်းချင်တဲ့ လူငယ်လူလတ်တွေ ပေါ်ပေါက်လာရင် ချိတ်ဆက်ပြီး ကူညီပေးသွားမှာဖြစ်ပါတယ်” ဟု စစ်ကိုင်းဖက်ဒရယ်ကောင်စီ တာဝန်ရှိသူက မဇ္စျိမကိုပြောသည်။

အာဏာသိမ်းစစ်ကောင်စီ၏ အဓမ္မစစ်မှုထမ်းရန် စေခိုင်းမည့် ဥပဒေအပေါ် ဖီဆန်တော်လှန်မည့် ပြည်သူလူထုအတွက် ချိတ်ဆက်ကူညီပေးရေးလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်းလည်း သိရသည်။

အကူအညီတောင်းခံလိုသူများသည် စစ်ကိုင်းတိုင်းဒေသခံ (၅/ နိုင်ငံသားစီစစ်ရေးကတ်ကိုင်ဆောင်သူ)ဖြစ်ပြီး အဓမ္မစစ်မှုထမ်းရန် သတ်မှတ်ထားသည့် အသက်အရွယ်ဖြစ်ရမည်ဟု ဆိုသည်။

စစ်ကောင်စီကို တနည်းနည်းဖြင့် အားပေးထောက်ခံခဲ့သူ၊ စစ်တပ်ထုတ်ကုန် ဖြန့်ဖြူးရောင်းချသူ ၊ Non CDM ) မဖြစ်စေရဟု သတ်မှတ်ထားပြီး လုပ်ငန်းအဖွဲ့မှ ချိတ်ဆက်ပေးသည့် နေရာသို့ သွားရောက် နေထိုင်ရမည်ဖြစ်ကြောင်း ဖက်ဒရယ်ကောင်စီ(ရှေ့ပြေး)က အသိပေးထားသည်။

၎င်းအပြင် လုပ်ငန်းတာဝန်အဖွဲ့မှ စီစဥ်ပေးသည့် တော်လှန်ရေး(သို့) ပြည်သူ့အကျိုး ပြုလုပ်ငန်းများတွင် တတ်စွမ်းသ၍ တနှစ်တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြည်သူ့အကျိုးပြု လုပ်ငန်းများတွင် လက်နက်ကိုင်တော်လှန်ရေးတွင် မပါဝင် လိုသူများအနေဖြင့် ရုံးလုပ်ငန်း ၊ ပညာသင်ကြားခြင်း စသော ၎င်းတို့နှင့် သင့်တော်သော လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ရန် လိုအပ်ကြောင်း ဆိုသည်။

လက်ရှိတွင် ချိတ်ဆက်အကူအညီပေးရေးအဖွဲ့သို့ စတင်ဆက်သွယ်လာသူများ ရှိနေပြီး ၎င်းတို့ကို စီစစ်မှုများပြုလုပ်၍ သင့်တော်သည့် နေရာများတွင် နေရာချထား ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

သင်္ကြန်ပြီးချိန်တွင် အားလုံးအတွက် အခက်အခဲတခုဖြစ်လာနိုင်သောကြောင့် ၎င်းတို့ ကောင်စီတခုတွင်သာမက တော်လှန်အဖွဲ့အစည်းအားလုံး ပူးပေါင်းဆောင်ရွက်ကြရန်လည်း ဖိတ်ခေါ်ထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *