ဒီနေ့ကတော့ အုပ်ကြီးတွေ “ကျည်ခ” တဲ့နေ့

မြောက်ဥက္ကလာပမြို့နယ်၊ င ရပ်ကွက်တွင် စစ်မှုထမ်းစာရင်း လိုက်ကောက်နေသည့် ရပ်ကွက်ရုံးစာရေး အောင်ဆန်းဦးကို ပစ်ခတ်ခံရသော်လည်း မသေတဲ့

မတ်လ ၂၃ ရက်နေ့ ည ၈ နာရီအချိန် ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ င ရပ်ကွက် သန္တာ ၁၄ လမ်းတွင် နေထိုင်သည့် ရပ်ကွက်ရုံးစာရေး အောင်ဆန်းဦးကိုသေနတ်သမားတချို့က ဝင်ရောက်ပစ်ခတ်ကြောင်း၊ အောင်ဆန်းဦးသည် လူငယ်များကို စစ်မှုထမ်းရန် အတွက် အတင်းအဓမ္မစာရင်းသွင်း လိုက်လံကောက်ခံနေသူဖြစ်ကြောင်း ၊ အောင်ဆန်းဦးသည် သေနတ်ဖြင့် ပစ်ခတ်ခံရသော်လည်း ထိမှန်ခြင်းမရှိဘဲ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရှိရပါသည်။

မြောက်ဥက္ကလာပမြို့နယ်၊ င ရပ်ကွက်တွင် စစ်မှုထမ်းစာရင်း လိုက်ကောက်နေသည့် ရပ်ကွက်ရုံးစာရေး အောင်ဆန်းဦးကို ပစ်ခတ်ခံရသော်လည်း မသေဘဲ လွတ်မြောက်သွား

ရန်ကုန်တိုင်းမြောက်ဥက္ကလာပမြို့နယ်၊ င ရပ်ကွက်တွင် စစ်မှုထမ်းစာရင်း လိုက်ကောက်နေသည့် ရပ်ကွက်ရုံးစာရေး အောင်ဆန်းဦးကို ပစ်ခတ်ခံရသော်လည်း မသေဘဲ လွတ်မြောက်သွားကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

မတ်လ ၂၃ ရက်နေ့ ည ၈ နာရီအချိန် မြောက်ဥက္ကလာပမြို့နယ်၊ င ရပ်ကွက် သန္တာ ၁၄ လမ်းတွင် နေထိုင်သည့် ရပ်ကွက်ရုံးစာရေး အောင်ဆန်းဦးကို သေနတ်သမားတချို့က ဝင်ရောက်ပစ်ခတ်ကြောင်း၊ အောင်ဆန်းဦးသည် လူငယ်များကို စစ်မှုထမ်းရန် အတွက် အတင်းအဓမ္မစာရင်းသွင်း လိုက်လံကောက်ခံနေသူဖြစ်ကြောင်း ၊ အောင်ဆန်းဦးသည် သေနတ်ဖြင့် ပစ်ခတ်ခံရသော်လည်း ထိမှန်ခြင်းမရှိဘဲ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရှိရသည်။

ယင်းနောက် အောင်ဆန်းဦး၏ မိဘများက စစ်တပ်နှင့်ရဲကို အကြောင်းကြားသည့်အတွက် စစ်ကား ၃ စီး ရောက်ရှိလာပြီး ရပ်ကွက်ကို ပိတ်ဆို့ စစ်ဆေးခဲ့သော်လည်း ပစ်ခတ်သော ရဲဘော်များကို ဖမ်းဆီးရရှိခြင်းမရှိကြောင်း သိရှိရသည်။

” မီးပြတ်နေတဲ့အချိန်မှာ ဝင်ရောက်ပစ်ခတ်တာပါ။ အောင်ဆန်းဦး လွတ်မြောက်သွားပါတယ်။ သန္တာ ၁၇ ၊ ၁၆ ၊ ၁၅ ၊ ၁၂ ၊ ၁၀ မှာက ကြံ့ဖွတ် ပျူတွေ ရပ်ကွက်ရုံးရဲ့ စကစအမာခံတွေများပါတယ်။ သန္တာ ၁၀ လမ်းမှာလည်း ဒေါက်တိုင် အာကျယ်မတစ်ဦးလည်းရှိသေးတယ်။ မနေ့ညက ပစ်ခတ်ခံရတော့ ဝဇီယာ နွယ်နီ ဘက်က အမာခံဒေါက်တိုင်တွေ၊ စက်မှုဇုန် ယန္တရားဘက်က အုပ်ကြီးဒေါ်မော်မော်အောင် တို့ ဒီကနေ့ ငြိမ်ကုန်ကြတယ်။ ‌‌ပစ်ခတ်ခံရတဲ့အောင်ဆန်းဦးမိသားစုလည်း ညတွင်းချင်း နေ ရာပြောင်းရွှေ သွားပါတယ်။ မနက်က ရဲတွေ လူတစ်ဦးကို ဖမ်းဆီးလာတာ သန္တာဘက်မှာ လူအများတွေ့ရတယ်။ တွေ့ရာ မြင်ရာ လျှောက်ဖမ်းတာလို့ပြောတယ်။ မြောက်ဥက္ကလာပ င ရပ်ကွက် က အုပ်ကြီးနဲ့အဖွဲ့ တိတ်ဆိတ် လူအိပ်ချိန် ညဘက်တွေမှာမှ ရုံးထဲမှာ ကြိတ်ပြီး စကစ နဲ့ ရဲ စကစအမာခံပျူနဲ့ အုပ်ကြီးဒေါ်မော်မော်အောင် ရပ်ကွက်လူကြီး လမ်းလူကြီးတွေ နဲ့အစည်းအဝေးထိုင်ကြတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် ရပ်ကွက်ရုံးစာရေး အောင်ဆန်းဦးပစ်ခတ်ခံရမှုအတွက် ပစ်ခတ်သွားသူများကို ဖမ်းဆီးရရှိနိုင်ရေး စစ်တပ်က ပြည်သူများကို ခြိမ်းခြောက်လျက်ရှိကြောင်း သိရှိရသည်။

ယနေ့ နံနက် ၉ နာရီခွဲအချိန်ခန့်တွင် အချိန် ကျိုက်ထိုမြို့နယ်၊ ကွင်းကလေးကျေးရွာအုပ်စု၊ တောင်ကလေး ကျေးရွာ နေ ဖက်ဆစ်ခွေးမိစ္ဆာထောက်တိုင် ( ပြည်ခိုင်ဖြိုးပါတီမြို့နယ်ကော်မတီဝင်) စံလွင် (၅၇ နှစ်) အား ဆိုင်ကယ်စီးနင်းနေစဥ် ပစ်ခက်ရှင်းလင်းရာ နားထင်၊ယာပခုံး၊ ကျောကုံးနှင့် ယာ နားရွက်အောက် ကျည်ဖောက်ဝင်ဒါဏ်ယာများဖြင့် လမ်းပေါ်တွင် ဖွတ်🐕မသာပေါ်သွား

ဖွတ်🐕မီးဖုတ်

ကျိုက်ထိုတွင် လူငယ်များကို အတင်းအဓမ္မ စစ်မှုထမ်းရန် စာရင်းကောက် ဖိအားပေးခြိမ်းခြောက်နေသည့် အုပ်ချုပ် ရေးမှူး စံလွင် ပစ်ခတ်ခံရပြီး သေဆုံး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အတင်းအဓမ္မစစ်မှုထမ်းရန် စာရင်းကောက်ပြီး စစ်ထဲသွင်းနေ သည့် အုပ်ချုပ်ရေးမှူးစံလွင်ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံးသွားကြောင်း ကျိုက်ထို တော်လှန်ရေးအင်အားစု – KRF က သတင်းထုတ်ပြန်သည်။

ယနေ့မတ်လ ၂၄ ရက်နေ့ နံနက် ၉ နာရီ ၃ မိနစ်ခန့်က ကျိုက်ထိုမြို့နယ်၊ တောင်ကလေးကျေးရွာ၏ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအသစ် စံလွင်သည် ၎င်း၏ နေအိမ်မှ ကျေးရွာအုပ်ချုပ်ရေး မှူးရုံးသို့ သွားရောက်စဉ် စစ်ကောင်စီတပ်က ခ.မ.ရ ၂ အနီး လမ်းခုလတ် တစ်နေရာအရောက် ပစ်ခတ်ရှင်းလင်း ခဲ့ရာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။

အဆိုပါပစ်ခတ်ရှင်းလင်းမှုကိုကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF) နှင့် ကျိုက်ထို ပကဖ ပူးပေါင်း အဖွဲ့က စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ကာ ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

သေဆုံးသူ အုပ်ချုပ်ရေးမှူး စံလွင်သည် ကျိုက်ထိုမြို့နယ်၊ တောင်ကလေးကျေးရွာအုပ်စုရှိ အင်းဝကျေးရွာ၊ ကွင်းကလေး ကျေးရွာ နှင့် တောင်ကလေးကျေးရွာမှ လူငယ် ၊ လူရွယ်များကို စစ်မှုထမ်းရန် အတင်းအဓမ္မ စာရင်း ကောက်ခံခြင်း၊ စုဆောင်းခြင်းတို့ကို လုပ်ဆောင်နေပြီး မတ်လ ၂၅ ရက်နေ့တွင် မဲနှိုက်ပွဲပြုလုပ်ကာ လူငယ်များကို စစ်ထဲသို့ တွန်းပို့ရန် ကြိုးပမ်းနေသူဖြစ်ကြောင်း သိရသည်။

KRF တပ်ဖွဲ့ဝင်များ အနေဖြင့် စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ ဆက်လက်တိုက်ပွဲဝင် သွားမည် ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အသက်ပေး ကာကွယ်စောင့်ရှောက်သွားမည် ဖြစ်ကြောင်းနှင့် ပြည်သူလူထုအပေါ် တစ်စုံတစ်ရာ ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေမည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုများအား ပြုလုပ်ခြင်း အလျှင်းမရှိပါကြောင်း အသိပေးထားသည်။

ကျိုက်ထိုတွင် လူငယ်များကို အတင်းအဓမ္မ စစ်မှုထမ်းရန် စာရင်းကောက် ဖိအားပေးခြိမ်းခြောက်နေသည့် အုပ်ချုပ်ရေးမှူး စံလွင်ကို ပစ်ခတ်ရှင်းလင်းသည့် ရုပ်သံဗီဒီယို

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အတင်းအဓမ္မစစ်မှုထမ်းရန် စာရင်းကောက်ပြီး စစ်ထဲသွင်းနေသည့် အုပ်ချုပ်ရေးမှူး စံလွင်ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံးသွားကြောင်း ကျိုက်ထို တော်လှန်ရေးအင်အားစု – KRF က သတင်းထုတ်ပြန်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *