ရခိုင်နှင့် စစ်ကိုင်းတွင် စစ်မှုထမ်းစာရင်းလိုက်လံကောက်ခံသည့် ထွေအုပ်စာရေးနှင့် ရာအိမ်မှူး အသတ်ခံရ

ရခိုင်နှင့် စစ်ကိုင်းတွင် စစ်မှုထမ်းစာရင်းလိုက်လံကောက်ခံသည့် ထွေအုပ်စာရေးနှင့် ရာအိမ်မှူး အသတ်ခံရ

ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီ​၏ စစ်မှုထမ်းစာရင်း လိုက်လံကောက်ခံသည့် ထွေအုပ်ဌာနစာရေးမနှင့် ရာအိမ်မှူး အသတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ဒါဝကျေးရွာရာအိမ်မှူး ဝင်းရွှေအား လူတစ်စုက မတ်လ ၂၁ရက် တွင် ရှင်းလင်းလိုက်ခြင်းဟု ဒေသခံများကပြောသည်။

” သူ့ရွာနားတင် ဓါးနဲ့ခုတ်သွားတာ။ စစ်မှုထမ်းကိစ္စတွေ လိုက်မလုပ်ဖို့လည်း သူ့ကို သတိပေးထားတယ်လို့ကြားတယ်။ ဒါပေမယ့်သူက ရပ်ကွက်အုပ်ချုပ်ရေးမှုနဲ့အတူ လူစာရင်းလိုက်ကောက်နေသေးတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဝင်းရွှေသည် အသက်(၅၂)နှစ်အရွယ်ရှိပြီး ၎င်း၏နာရေးအား ယနေ့(မတ်လ ၂၃ရက်) ပြုလုပ်ခဲ့သည်။

ထို့အပြင် စစ်ကောင်စီသည် သံတွဲမြို့တွင် စစ်မှုထမ်းဥပဒေအကောင်အထည်ဖော်ရေး ဖိအား‌ပေးလုပ်ဆောင်နေပြီး ရပ်ကွက်အလိုက် လူငယ်များအား မဲနှိုက်ရွေးချယ်နေကြောင်းလည်း သတင်းရရှိသည်။

ရခိုင်ပြည်နယ်တိုက်ပွဲများအတွင်း အထိနာနေသည့်စစ်ကောင်စီသည် ဒုက္ခသည်စခန်းများရှိ ရိုဟင်ဂျာများကို အတင်းအကြပ်ခေါ်၍ စစ်သားစုဆောင်းကာ တိုက်ပွဲများအတွင်း တိုက်ခိုက်ခိုင်းနေကြောင်း ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် စစ်မှုထမ်းဥပဒေကိုရှောင်လွှဲလိုသူများ AAထိန်းချုပ်နယ်မြေများ၌ လာရောက် တိမ်းရှောင်နိုင်ကြောင်းလည်း အသိပေးထားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်တွင်
ယမန်နေ့ (မတ်လ၂၃ရက်) ည၈နာရီခွဲခန့်က ရွှေဘိုမြို့ အမှတ်(၇)ရပ်ကွက်နေ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အငယ်တန်းစာရေး အသက်(၅၃)နှစ်အရွယ် မြမြငြိမ်းဆိုသူသည် အသတ်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ထိုဖြစ်စဥ်နှင့်ပတ်သက်၍ ၎င်းထွေအုပ်စာရေးမထံမှ ပြည်သူ့ဝန်ထမ်းတံဆိပ်တုံးများ၊စစ်မှုထမ်းရန်ကောက်ခံထားသည့် လူငယ်အမည်စာရင်းများ၊ စစ်မှုထမ်းလက်ကမ်းစာစောင်များအားသိမ်းဆည်းခဲ့ကြောင်း သိင်္ခအားမာန်တပ်ဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

“အဲဒီရပ်ကွက်မှာ အမှတ်(၇)အုပ်ကြီးပြီးရင် သူပဲလေ။ ရာအိမ်မှူး၊ အုပ်ကြီးတွေကို သူကပဲ ကြိုးဆွဲခိုင်းနေတာ။ဟိုနေ့ကပဲ သူ့ကြောင့်ပဲ ရပ်ကွက်ထဲက ကလေးနှစ်ယောက် အဖမ်းခံရတယ်။ ရပ်ကွက်ထဲကို အတင်းအဓမ္မ စာရင်းတွေ လိုက်ကောက်ထားတာတွေ တော်တော်များများရှိတယ်။”ဟု သိင်္ခအားမာန်တပ်ဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

အဆိုပါစစ်ဆင်ရေးကို သိင်္ခအားမာန် ၊ရွှေဘိုအားမာန်မြို့ပြပျောက်ကျားUG ၊မဟူရာရွှေဘိုသားအဖွဲ့၊ ဖျံသူပြည်ကာကွယ်ရေးအဖွဲ့ ၊ရောင်နီအဖွဲ့၊ FDFအဖွဲ့၊Shwebo Crocodile မဟာမိတ်ဖြစ်သော ရှင်းရှင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ဗိုလ်လင်းရောင်(ဒပယ) ဇာမဏီဒေါင်း(ဒပယ) တန (၂) တပ်ပေါင်းစုတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းကြောင်း အသိပေးထားသည်။

မတ်လ ၂၂ရက်ကလည်း ရွှေဘိုမြို့ပေါ်တွင် စစ်ကောင်စီအတွက် စစ်မှုထမ်းရန် လူစုပေးနေသော အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူး နန်းနွယ်ဦး(ခ)ကျွဲမ လက်ဖက်ရည်ဆိုင်ထိုင်နေစဥ် ပစ်ခတ်ခံရပြီး သေဆုံးခဲ့​သေးသည်။

၂၄/၃/၂၀၂၄ ရက်စွဲ

💥 ဆုံးမတော်မူခန်း💥

ရွှေဘိုမြို့ အထွေထွေ အုပ်‌ချုပ်ရေး

အမှတ် (၇) အငယ်တန် စာရေး ဒေါ်မြမြညိမ်း အား မတ်လ (၂၄) ရက်နေ့ ည(၁၂) နာရီကျော်ချိန် လိုရာခရီး ပို့ဆောင်ပေးနိင်ခဲ့ စ.က.စ အလိုကျ မြို့နေ ရပ်ကွက်နေ ပြည်သူ လူငယ်များအား ပစ်မှတ်ထား စစ်မှုထမ်းဆောင်ဖို့ရာ စာရင်း ကောက်ခံ ဖိအားပေးခြင်း တလရ ရဲဘော် များ၏ သတင်းချက်လက်ကို စ.က.စ ထံ ‌သတင်းပေးပို့ စေခိုင်းမှုကြောင့် မြို့ပြ တလရ ရဲဘော်များ ဖမ်းဆီးခံရခြင်းကြောင့် ပြစ်ပေးဆောင်ရွက်လိုက်ရပါကြောင်း နောက်ထပ် ရွှေဘိုမြို့နယ် စ.က.စ အလိုကျ လက်ပါးစေများ အရပ်သား မိဘပြည်သူအများ ဖိနှိပ် အနိင်ကျင့် ယုတ်မာ နေခြင်းအား ရပ်တန်းက ရပ်ပါ အုပ်ချုပ်ရေးမှူး ၊ရာအိမ်မှူး ၊ ဆယ်အိမ်မှူး များအား သတင်းပါချင်တယ် မအလ နှင့် ပါတ်သတ်ဆက်နွှယ်နေသူအားလုံး သတင်း စာရင်းတိကျ ရရှိထားသည့်အတွက် ဆက်လက် ပြစ်ပေး ရေးယူသွားမည်ဆိုတာ သတိပေးလိုက်သည်။

ယခု Mission ကို ‌သိခ်အားမာန် ၊ရွှေဘိုအားမာန်မြို့ပြပျောက်ကျားUG ၊မဟူရာရွှေဘိုသားအဖွဲ့၊ ဖျံသူပြည်ကာကွယ်ရေးအဖွဲ့ ၊ရောင်နီအဖွဲ့၊ FDFအဖွဲ့၊Shwebo Crocodile မဟာမိတ်ဖြစ်သေား ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ဗိုလ်လင်းရောင်(ဒပယ) ဇာမဏီဒေါင်း(ဒပယ) တန (၂) တပ်ပေါင်းစု ညီအကိုများ ဖော်ဆောင်ခဲ့ခြင်း ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

သိခ်အားမာန်ပြည်သူကာကွယ်ရေးအဖွဲ့


Comments

Leave a Reply

Your email address will not be published. Required fields are marked *