ကချင်ပြည်နယ် နယ်လုံဝန်ကြီးကို နေပြည်တော် စရဖ ဖမ်းဆီး

စစ်ရေးပြင်းထန်နေသည့် ကချင်ပြည်နယ်တွင် နယ်လုံဝန်ကြီးကို နေပြည်တော်စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) က ခေါ်ယူထိန်းသိမ်းထားသည်ဟု မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့်နီးစပ်သော သတင်းရင်းမြစ်များအပြောအရ သိရသည်။

နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ ကို မတ်လ ၂၂ ရက်နေ့ညနေက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

” နေပြည်တော်အမိန့်နဲ့ အရေးပေါ်ဖမ်းထားလိုက်တယ်။ ထိန်းသိမ်းထားတယ်ပေါ့ဗျာ။ …အခုက စရဖက ခေါ်ခဲ့တာဆိုတော့ ဖမ်းထားလိုက်တဲ့သဘော ” ဟု သတင်းရင်းမြစ်တခုက မဇ္ဈိမသို့ပြောသည်။

မြစ်ကြီးနားမြို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် နေ ရာ လာဘ်ပေးလာဘ်ယူမှု၊ မြစ်ကြီးနားမြို့အပါအဝင် အချို့မြို့ကြီးများတွင် စစ်ကောင်စီ၏ အာဏာသက် ရောက်မှု အားနည်းလာသည့်အခြေအနေများကြောင့် ခေါ်ယူထိန်းသိမ်းခြင်းဖြစ်သည်ဟု အခြား သတင်းရင်းမြစ်တခုက အတည်ပြုပြောဆိုသည်။

စရဖ၏ ခေါ်ဆောင်ထိန်းသိမ်းခြင်းခံရသူများတွင် နယ်လုံဝန်ကြီးနှင့်အတူ တိုင်းစစ်ဌာနချုပ်၏ ရာထူးကြီးပိုင်းအချို့လည်း ပါဝင်သည်ဟုလည်း ပြောဆိုမှုများရှိသော်လည်း အသေးစိတ်အချက်အလက်များ ရယူနိုင်ခြင်းမရှိပါ။

ကချင် ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းအစား ဗိုလ်မှူးကြီး ကျော်သူရကို နယ်လုံဝန်ကြီးအဖြစ် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် ခန့်အပ်ခဲ့သည်။

ဗိုလ် မှူးကြီး အောင်ကြည်လင်းသည်လည်း ဖားကန့်ဒေသတွင် ယမ်း၊ ဒီဇယ်၊ မြေဇာသယ်ကားများ ကိစ္စနှင့်ပတ် သက်၍ ၂၀၂၃ ခုနှစ် ဇူလိုင် လလယ်ပိုင်းမှစပြီး နေ ပြည်တော်သို့ ခေါ်ယူစစ်ဆေးခံခဲ့ရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *