စိတ်ကိုတည်တည်ငြိမ်ငြိမ်လေးထားစမ်းပါကွာ ဒါလောကဓံရဲ့ပုံမှန်ပြကွက်တွေပါ😂

😁 ဒီတခါလဲ အဘကို ယုံပါတယ်

ဗိုလ်ချုပ်မူုးကြီး မင်းအောင်လှိုင်ဟာ သူကိုဆရာလုပ်ပြီး စော်ကားတဲ့ ဘောမတွေကို ပြတ်ပြတ်သားသား အရေးယူတဲ့အတွက် သရေစည်သူဘွဲ့ကြီးနဲ့ အလွန်ထိုက်တန်တယ်လို့တောင် ဆိုရမယ်။

ကျော်စိုးဦးဆိုတာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ သိမ်းယူလိုက်တဲ့ မြို့တွေရဲ့ အမည်တွေကို A4 စာရွက်တွေနဲ့ ပရင့်ထုတ်ပြီး “Sold Out” “Sold Out” အော်ကာ “ဒူ ဝေဝေ၊ ဒူ ဝေဝေ” လုပ်ရင်း မအလရဲ့ စောက်ရှက်ကို ကွဲသထက်ကွဲအောင် ခွဲခဲ့တဲ့ ဘောမအကြီးစား တကောင်ဖြစ်တယ်။

နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲတခုမှာ KIA ကို အပြတ်ချေမူန်းဖို့ ဇော်မဲလုံးကို အထောင်မေးခွန်း မေးခဲ့တာနဲ့ ပါတ်သက်ပြီး ဗိုလ်ချုပ်ဂွမ်မော်ကိုယ်တိုင် “Note” လို့ ရေးမှတ်ခံထားရသူ ဖြစ်ပြန်တယ်။

အခုတော့ အနှီကျော်စိုးဦးမှာ သူ အားရပါးရ “မ”တဲ့ဘောက သူကို ပြန်ပြီး ပိသွားချေပြီ။ ချုပ်ရက်ရမာန် လာယူချိန်မှာ မျက်ရည်တွေ ကျ၊ နှပ်တွေ ထွက်၊ နောင်တတွေ တသီကြီးနဲ့ ခေါင်းငိုက်စိုက် ကျနေလေရဲ့။ ပါးစပ်ကတော့ ကယောင်ခြောက်ခြား ပွစိပွစိ ပြောနေရှာတယ်၊ “ဘောမတွေ မင်းတို့ ငါကိုကြည့်ပြီး သင်ခန်းစာယူကြ၊ ပြည်သူဘက်က ရပ်တည်ကြ” တဲ့။

“ငါ့ရှေ့က ဆင်ခြေထောက်မတို့၊ ကျော်မျိုးမင်းတို့၊ ကျော်စွာတို့၊ ပေါက်ကိုယ်တော်တို့ဆိုရင် ခံဝန်ထိုးခွင့် ရခဲ့ကြတယ်၊ ဒါပေမယ့် ငါ့ကျတော့ သူတို့လို ခံဝန်ထိုးခွင့်တောင် မရဘူးကွာ”၊ “ဒါ မတရားတာ ဆိုပဲ”။ ကိုယ့်အလှည့်ရောက်မှ မတရားမှန်း သိသွားပုံ ရပါတယ်။

ငကျော်စိုးဦး မသိတာက သူရှေ့က စီနီယာ ဘောမဆရာကြီးတွေဖြစ်တဲ့ ရွှေမျိုးဝင်းနဲ့ ရာဇာတို့ ဆိုတာ ပုဒ်မ ၅၀၅ တွေတပ်ပြီး သူလိုပဲ ဆွဲစိခံရတာပါ။ အဲဒီလူတွေဟာ မအလရဲ့ လွတ်ငြိမ်းစာရင်းထဲမှာ ယောင်လို့တောင် မပါလာဘူး ဆိုတာပါပဲ။ အခုလဲ ကျော်စိုးဦးရဲ့ ပုဒ်မက ၅၀၅ မို့ ပြည်သူတွေ ရေရေလည်လည် ဝမ်းသာကြရအုံးမှာပါ..

ဒါကြောင့် ပြည်သူကိုစော်ကားပြီး အဘကို ဆရာလုပ်ခဲ့ကြတဲ့ ဘောမတွေကို အရင်လိုပဲ “ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အပစ်ပေး အရေးယူပါ၊ လွတ်ငြိမ်းလဲ မပေးပါနဲ့ ”

ဒီတခါလဲ အဘကို ကျတော် ရာနုန်းပြည့် ယုံတယ်..😁

ချစ်ကိုကြီး


Comments

Leave a Reply

Your email address will not be published. Required fields are marked *