ခမရ ၄၂၆ တပ်က အထိုင်ချထားသော အလန်ဂါတပ်စခန်းကို စစ်သားများအားလုံး စွန့်ခွာ ထွက်ပြေး

မချမ်းဘောမြို့နယ်ရှိ ခမရ ၄၂၆ တပ်က အထိုင်ချထားသော အလန်ဂါတပ်စခန်းကို စစ်သားများအားလုံး စွန့်ခွာ ထွက်ပြေး

ကချင်ပြည်နယ်၊ မချမ်းဘောမြို့နယ်ရှိ ခမရ ၄၂၆ တပ်က အထိုင်ချထားသော အလန်ဂါတပ်စခန်းကို စစ်သားများအားလုံး စွန့်ခွာ ထွက်ပြေးသွားကြောင်း KIA မြေပြင်သတင်းရင်းမြစ်က ပြောဆိုသည်။

မတ်လ ၂၄ ရက်နေ့ တွင် ကချင်ပြည်နယ်၊ မချမ်းဘောမြို့နယ်၊ နောင်မွန်လမ်းပေါ် ရှိ အလန်ဂါ စစ်ကောင်စီတပ်စခန်းမှ စစ်အင်အား ၃၀ ခန့်က စခန်းကို စခန့်ခွာထွက်ပြေးသွားကြောင်း၊ အဆိုပါတပ်စခန်းမှ စစ်ကြောင်းမှာ ခမရ ၄၂၆ တပ်မှ ဖြစ်ကြောင်း သိရှိရသည်။

“အလန်ဂါ တပ်စခန်းက အင်အား ၃၀ က ပူတာအိုခလရ ၁၃၇ ကို သွားပူးပေါင်းတယ်။ စခန်းကိုတော့ KIA ဘက်က နယ်မြေရှင်းလိုက်ပြီ” ဟုKIA သတင်းရင်းမြစ်က ပြောဆိုသည်။

မတ်လ ၇ ရက်နေ့မှစတင်၍ KIA က စစ်ဆင်ရေး စတင်ပြီး စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်လျက်ရှိရာ လက်ရှိတွင် စခန်းပေါင်း ၅၀ ကျော် သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း KIA သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဓာတ်ပုံ- မတ် ၂၁ ရက်နေ့ မိုးမောက်မြို့နယ်၊ နွယ်မလန်းကျေးရွာအနီးတွင် KIA က သိမ်းပိုက်ရရှိထားသော အမှတ် ၆၁၆ ဒုံးတပ်ရင်းကို တွေ့ရစဉ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *