ဗန်းမော်-လွယ်ဂျယ် လမ်းတစ်လျှောက်ရှိ စစ်စခန်း ၇ ခုကို KIA က တပြိုင်တည်း ထိုးစစ်ဆင်

မိုးမောက်မြို့နယ်၊ ဗန်းမော်-လွယ်ဂျယ် လမ်းတစ်လျှောက်ရှိ စစ်စခန်း ၇ ခုကို KIA က တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေ

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ဗန်းမော်-လွယ်ဂျယ် လမ်းတစ်လျှောက်ရှိ အကြမ်းဖက် စစ်တပ်၏ စစ်စခန်း ၇ ခုကို KIA က တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေကြောင်း KIA ၏ စစ်ရေးသတင်းရင်းမြစ်ကပြောဆိုသည်။

ယနေ့ မတ်လ ၂၇ ရက်နေ့ နံနက် ၇ နာရီခန့်က စတင်ကာ ဗန်းမော်-လွယ်ဂျယ် လမ်းတစ်လျှောက်တွင် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်၏ စခန်း ၇ ခု ကို KIA ပူးပေါင်းတပ်ဖွဲ့များ တပြိုင်တည် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း သိရသည်။

“ဒီမနက် ၇ နာရီခန့်က စပြီး ဗန်းမော်-လွယ်ဂျယ် လမ်းတစ်လျှောက်မှာ တိုက်ပွဲပြင်းထန်နေပါတယ်။ စစ်တပ်ရဲ့ စခန်း ၇ ခု ကို KIA ပူးပေါင်းတပ်ဖွဲ့တွေက တစ်ချိန်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ မနက်ကတော့ လေယာဉ်နဲ့ ဗုံးလာကျဲတယ်” ဟု KIA ၏ စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

မတ်လ ၂၆ ရက်နေ့က မိုးမောက်မြို့နယ်၊ မြို့သစ်၊ ကုန်းလောရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၃၈၇ ၊ ခမရ ၃၂၀ တပ်ရင်းစခန်း ၂ ခုနှင့် ကုန်းလော တာဝါတိုင်ကုန်း ၊ လုံဂျာဘွမ် ဆုတောင်း တောင်စခန်း တို့ကိုလည်း KIA က တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *