စစ်ကောင်စီတပ်၏ စစ်ရေးပြအခမ်းအနားကို အမျိုးသမီးစစ်သည်များနှင့် ရဲမေများဖြင့် အင်အားဖြည့်၍ စစ်ရေးပြခဲ့ပြီး လက်နက်ယန္တရားစစ်ကြောင်းပါ၀င်ခြင်းမရှိ

ရှေ့တန်းစစ်မျက်နှာများတွင် စစ်ရှုံးပြီး စစ်အင်အား ပြုန်းတီးနေသည့် စစ်ကောင်စီ၏ (၇၉) နှစ်မြောက် တပ်မတော်နေ့ (ဖက်ဆစ်တော်လှန်ရေးနေ့) အခမ်းအနားတွင် အမျိုးသမီးစစ်သည်များနှင့် ရဲမေများကို အင်အားဖြည့်တင်း၍ စစ်ရေးပြ ချီတက်ခဲ့သည်ကို တွေ့ရသည်။

စစ်ရှုံး စစ်ကောင်စီသည် စစ်လက်နက်ယန္တရားများ ဆုံးရှုံးထားသလို ရှေ့တန်းစစ်မျက် နှာများတွင်လည်း စစ်အင်အားကို အသင့်အနေအထားဖြင့် ထားရှိထားသည့် အတွက် ယခုစစ်ရေးပြအခမ်းအနားတွင် ပါ၀င်ပြသမှု မရှိနိုင်ခြင်းဖြစ်ကြောင်း သိရသည်။

စစ်လက်နက်အင်အားများ မပြည့်စုံသလို အမျိုးသားစစ်သည်များကိုလည်း အသုံး မပြုနိုင်တော့သည့်အတွက် ယခုစစ်ရေးပြအခမ်းအနားတွင် အမျိုးသမီး အင်အား အများဆုံး အသုံးပြုထားကြောင်း သိရသည်။

“စစ်မေတွေ၊ ရဲမေတွေကို အကုန်ခေါ်ပြီး သုံးထားတာ။ အင်အားဖြည့်ပြီး ပြဖို့အတွက် စစ်မှုထမ်း ဟောင်းတွေရော၊ တပ်သားသစ်တွေပါ သုံးထားတယ်”ဟု တပ်တွင်း သတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြော သည်။

စစ်ကောင်စီက စစ်ရေးပြအင်အား ၇၇၅၀ နှင့် ဘုရင့်နောင်စစ်ကြောင်း၊ ဗန္ဓုလစစ်ကြောင်း၊ အနော်ရထား စစ်ကြောင်း၊ အောင်ဆန်းစစ်ကြောင်း၊ အောင်ဇေယျ စစ်ကြောင်း၊ ဆင်ဖြူရှင်စစ်ကြောင်းတို့နှင့် စစ်ရေးပြ ချီတက်ခဲ့ရာ အမျိုးသမီး အင်အားအများဆုံးဖြစ်နေသည်ကို တွေ့ရသည်။

စစ်ကောင်စီက ယင်း အခမ်းအနားကို မဖြစ်မနေသဘောဖြင့် တွန်းအားပေး ပြုလုပ်ခဲ့သည့်အတွက် ယခင်နှစ်များကကဲ့သို့ တပ်အင်အားအစုံအလင်မရှိခဲ့ ကြောင်း သိရသည်။

“ခုစစ်ရေးပြဖို့ အနားကပ်မှ ဖုတ်ပူမီးတိုက်လေ့ကျင့်ကြပြီး မဖြစ်ဖြစ်အောင် လုပ်ထားတော့ ညဘက်လုပ် လိုက်ရတာ။ မညီညာတာတွေ အင်အားလိုအပ်ချက် တွေ၊ ရှေ့နှစ်က ပါ၀င်ပြသခဲ့တာတွေတောင် မပါတော့ တာတွေရှိတော့ ညဘက်လုပ်တယ် လို့မြင်တယ်”ဟု CDM ဗိုလ်ကြီးတစ်ဦးက သုံးသပ်ပြောသည်။

အဆိုပါအခမ်းအနားကို စစ်တပ်ထောက်ခံသူများပင် “ဒီနှစ်တော့ လုံး၀အားမရပါ။ လူအင်အားနည်းသွားသလို ယာဉ်တင်အဖွဲ့တွေလည်း မတွေ့ရဘူး။ ဘယ်ညာတွေ မှားပြီး ထောင့်ချိုးတွေလည်းမညီနဲ့”ဟု ၎င်းတို့၏ လူမှုကွန်ရက်တွင် ဝေဖန်ပြောဆိုခဲ့ကြသည်။

ယခုတစ်နှစ်အတွင်း စစ်ကောင်စီ၏ တိုက်လေယာဉ်အပါအ၀င် ရဟတ်ယာဉ် ရှစ် စင်းထက်မနည်းကို တော် လှန်ရေးတပ်ဖွဲ့များက ပစ်ချနိုင်ခဲ့သည့်တွက် စစ်တပ် ၏ တစ်ခုတည်းသော အားထားရာဖြစ်သည့် လေတပ်အလှပြမှုကိုလည်း ကောင်းစွာပြုလုပ် နိုင်ခြင်းမရှိသည်ကို တွေ့ရသည်။

တပ်ဖွဲ့၀င်များအနေဖြင့် ဒို့တာ၀န်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်အတွက် အသက်ပေး ဆောင်ရွက်ဖို့နှင့် ဆုံးရှုံးခဲ့သည့်နယ်မြေများကို စစ်မှု ထမ်းဥပဒေနှင့် အရန်တပ်ဖွဲ့ဥပဒေများဖြင့် စုဆောင်း ရရှိသူများ တပ်ထဲရောက်ရှိလာချိန်တွင် ဆုံးရှုံးနယ် မြေများပြန်လည်ရရှိရေး ဆောင်ရွက်သွားမည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့် ခွန်းပြောကြားခဲ့သည်။

စစ်ခေါင်းဆောင်၏ ဆုံးရှုံးသွားသည့်နယ်မြေများကို ပြန်လည်ရယူမည်ဟုဆိုရာတွင် ရှမ်းမြောက်ကဲ့သို့သော တရုတ်စေ့စပ်ပေးမှုဖြင့် သဘောတူစာချုပ် ချုပ်ဆိုထားသည့် နယ်မြေများကိုလည်း ရည်ညွှန်း‌ နေသဖြင့် စစ်ခေါင်းဆောင်က အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်နိုင်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ဆိုသည်။

ပုံစာ- ၇၉ နှစ်မြောက် စစ်ကောင်စီ၏ တပ်မတော်နေ့ အခမ်းအနား


Comments

Leave a Reply

Your email address will not be published. Required fields are marked *