ပခုက္ကူ၊ တပ်မ ၁၀၁ မှ ထွက်ခွာလာသော စစ်ကားတန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကား ၁စီး လွင့်ထွက်သွားပြီး ကားပေါ်ပါစစ်သား ၁၁ ဦးသေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကန်တော်ရွာအနီးတွင် ပခုက္ကူတပ်မ ၁၀၁ မှ ထွက်ခွာလာသော စစ် ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကား ၁ စီး တိမ်းမှောက်သွားပြီး ကားပေါ်ပါ စစ်သား ၁၁ ဦး သေဆုံးကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ယမန်နေ့ မတ်လ ၂၈ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်က ပခုက္ကူမြို့ တပ်မ ၁၀၁ မှ စစ်သား ၇၂ ဦး တင်ဆောင်ပြီး ထွက်လာသော စစ်ကား ၂ စီးကို ကန်တော်ကျေးရွာအနီးအရောက် အထူးစီမံထား သော ဆွဲမိုင်း ၈ လုံး တစ်ပွိုင့်၊ ၆ လုံးတစ်ပွိုင့်ဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကား ၁ စီး တိမ်းမှောက် သွားကြောင်း၊ ယာဉ်ပေါ်ပါ စစ်သား ၁၁ ဦး ပွဲချင်းပြီး သေဆုံးကာ ၁၉ ဦးအပြင်း အထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် ကားပေါ်တွင် အကြမ်းဖက်စစ်သား ၃၃ ဦး လိုက်ပါလာပြီး ကား၏ ရှေ့ဘီး ၂ လုံးမှာလည်း ကျွတ်ထွက်သွားကြောင်း၊ ကားပေါ်ပါ စစ်သားများ တစ်ဦးတစ် ယောက်မျှ အကောင်း ပတိမကျန်ရှိဘဲ ခြေလက်ကျိုးခြင်း၊ နံရိုးကျိုးခြင်း စသည့် ဒဏ်ရာများရရှိခဲ့ကြောင်း၊ ဒဏ်ရာရ စစ်သား များ ကို ကန်တော်ကျေးရွာအတွင်း၌ အရေးပေါ်ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖက ဦးဆောင်၍ Black Cobra ၊ PKU Thurain ၊ DMG ဓါးမင်းကြီး တပ်ဖွဲ့တို့ အတူတကွ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နောက်ချန်မော်တော်ယာဉ်တစ်စီးကို ထပ်မံ တိုက်ခိုက်နိုင်ရန် အသင့်ပြင်ဆင်ထားကြောင်း မြိုင်ပကဖမှတာဝန်ရှိသူတစ်ဦးက ပြောဆို သည်။

ထို့အပြင် ချင်းပြည်နယ်ဘက်သို့ ဦးတည်ကာ ထွက်ခွာလာသည့် ယာဉ်အစီးရေ ၁၀၀ ကျော်ပါ အ ကြမ်း ဖက် ထောက်ပို့ ယာဥ်တန်းမှာလည်း ပေါက်မြို့နယ်သို့ပင် ရောက်ရှိခြင်းမရှိသေးပဲ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များ၏ မိုင်းဆွဲတိုက် ခိုက်ခံရခြင်း၊ ဒရုန်းဖြင့်ဗုံးကျဲခံရခြင်းတို့ကြောင့် မကျည်း ၃ ပင်နီးတွင် ရပ်တန့်နေကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများအနေဖြင့် နီးစပ်ရာ ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့များထံ အကူအညီတောင်းခံကာ ပြည်သူ့ရင်ခွင်ထံသို့ ပူးပေါင်းကြရန်နှင့် ပူးပေါင်းခြင်းမရှိသူ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အသက်ချမ်းသာပေးမည်မဟုတ်ကြောင်း မြိုင်ပကဖက အသိပေး ထုတ်ပြန်ထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *