ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီ သတင်းပေး မြအေး ဆိုသူအား သုတ်သင်ရှင်းလင်းနိုင်ကြောင်း

ကျိုက်ထိုမြို့နယ်၊ ကော့စံနိုင်ရပ်ကွက်တွင် ယနေ့ ညနေ ၄ နာရီဝန်းကျင်အချိန်၌ အကြမ်းဖက် စစ်ကောင်စီသတင်းပေး မြအေးဆိုသူအား ကျိုက်ထိုတော်လှန်ရေးအင်အားစုနှင့် ကျိုက်ထို ပကဖ တို့ ပူပေါင်းအဖွဲ့ မှ သုတ်သင်ရှင်းလင်းလိုက်ကြောင်း ထုတ်ပြန်ထားပါသည်။

အဆိုပါ မြအေးသည် အကြမ်းဖက် စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်းတွင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးရန် သတင်းပေးအဖြစ် ဆောက်ရွက်ခဲ့ပါသည်၊၊ ပြည်သူ့စစ်သင်တန်းတက်ရောက်ထားပြးသူ တစ်ဦးဖြစ်ပြီး စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ဆောင်ရန်အတွက် ကော့စံနိုင် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စာရေးမတို့နှင့် ပူပေါင်း စာရင်းကောင်ပေးခြင်းများပြုလုပ်ခဲ့ပါသည်၊၊

စသည့်လုပ်ရပ်များကြောင်း ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF) နှင့် ကျိုက်ထို ပကဖ ပူးပေါင်းအဖွဲ့ ပစ်ခတ်ရှင်းခဲ့ရခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

ထိုပြင် ကျိုက်ထိုမြိုပေါ်ရှိကော့စံနိုင်၊ တောင်ပိုင်း၊ မြောက်ပိုင်း၊ ကံ့ကော်၊ တောင်သူစု၊ ဇေယျာမွန်၊ ဖက္ကလိပ်ရပ်ကွက် နှင့် ကော့ထင်း၊ ဘိုရားကြီး၊ မုက္ခမူ၊ မလော့ချောင်၊ ကျိုက္ကသာ၊ စွပ္ပနူး၊ ခလွန်၊ ကျိုက်ပိ၊ ကော့ဘိန်း၊ ကျွန်းတော၊ …

သည်သလာ့ ရက်ကုန်း၊ အဘိုင်း နှင့် ကင်မွန်းချောင်းကျေးရွာ၊ အပါအဝင် ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနှင့် စာရေးများကို KRF မှ ပြင်းထန်စွာ သတိပေးလိုက်ပါသည်။

စကစအလိုကျ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ရန်အတွက် လူငယ်များကို အတင်းအကြပ်စာရင်းကောက် စုဆောင်းနေဦးမည်ဆိုပါထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း သတိပေးလိုက်ပါသည်။

Photo- မြအေး


Comments

Leave a Reply

Your email address will not be published. Required fields are marked *