‼️ဗုံးသီး မလောက်တော့လို့ လေပေါ်ကနေ RPG နဲ့ထု၊ ကျောက်တုံးတွေပါ ပစ်ချနေရတဲ့ စစ်ရှုံးကောင်စီ လေတပ်‼️

စစ်ရှုံးကောင်စီရဲ့ လေတပ်မှာ ကြဲချစရာ ဗုံးသီး မလုံလောက်တော့လို့ လေပေါ်ကနေ RPG နဲ့ထုတဲ့ကောင်ကထု ကျောက်တုံးတွေ ပစ်ချတဲ့ကောင်က ပစ်ချနဲ့ တကယ်ကို အိုးနင်းခွက်နင်း တပ်ပျက်နေကြပြီ ဖြစ်ကြောင်း ကချင် စစ်ရေး သတင်းရင်းမြစ်က ဖော်ကောင်လုပ်လာပါတယ်။

ဒီလို ဖြစ်စဉ်က တစ်ခုတည်း မဟုတ်ပါဘူး။

မတ်လ ၃၁ ရက်နေ့ မနက် ၁၁ နာရီ ၄၀ မိနစ်ခန့် အချိန်က ကချင်ပြည်နယ်၊ ဟိုပင်ရှိ တော်လှန်ရေး တပ်တွေကို လေကြောင်းတိုက်ခိုက်ဖို့ မြစ်ကြီးနား လေတပ်ကနေ တက်လာတဲ့ MI-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဟာ rocket အလုံအလောက် ပါမလာတာကြောင့် ဘေးတံခါးပေါက်ကို ဖွင့်ကာ RPG နဲ့ ထုခဲ့ကြောင်း၊

ဒါ့အပြင် ယခင်က ရှမ်းမြောက်နဲ့ ရခိုင် ဂွင်တွေမှာ Y-12 လေယာဉ် စောက်စုတ်တွေနဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာမှာ ခြင်းကြားထဲကို ၆၀ မမ၊ ၈၀ မမ ဗုံးသီးတွေ စီထည့်ကာ နှမ်းကြဲသလို ကျချင်ရာကျ လက်ဖြင့် ပစ်ချခဲ့သော်လည်း-

ယခုရက်ပိုင်း ကချင်ပြည်နယ် မိုးမောက်မြို့နယ်ကို တိုက်ခိုက်ခဲ့တဲ့ Y-12 လေယာဉ် စောက်စုတ်တွေနဲ့ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်မှာ ဗုံးသီးတွေ မလုံလောက်တော့တာကြောင့် ကျောက်တုံးတွေပါ ပစ်ချနေကြောင်း ကချင် စစ်ရေး သတင်းရင်းမြစ်က အတည်ပြု ပြောဆိုပါတယ်။

ကပစ ဖရဲသီး ရင်းမြစ်ထံမှ စုံစမ်း အတည်ပြုချက်အရ-

စစ်ရှုံးကောင်စီရဲ့ ဗုံးသီးထုတ် စက်ရုံတွေဟာ စစ်မြေပြင် လိုအပ်ချက်ကို အလျင်မမီတော့တာကြောင့် စက်ရုံက ဗုံးသီး ထုတ်ပြီးပြီးချင်း အရည်သွေး စစ်ဆေးခန်းထဲကိုတောင် မထည့်နိုင်တော့ပဲ လေတပ်တွေကို ဦးစားပေး ပို့ဆောင်နေရကြောင်းပါ စုံစမ်း သိရှိရပါတယ်။

ဒါကတော့ ကချင် ရှေ့တန်း စစ်ရေးသတင်းရင်းမြစ်နဲ့ ကပစ ဖရဲသီးထံကနေ ရရှိခဲ့တဲ့ အချက်အလက်တွေကို စုစည်းဖော်ပြပေးထားတာပါ။

အခုဆိုရင် ဘုရားဒကာကြီးရဲ့ စက္ကောမ စောက်စုတ် လေတပ်ကြီးဟာ ကောဇောပျံ မဟုတ်တဲ့ ခနော်ခနဲ့ မုဆိုးမ လေယာဉ် စောက်စုတ်တွေကို အသုံးပြုပြီး ကျောက်တုံး ကျောက်ခဲတွေနဲ့ ပစ်ချနေရပြီ ဖြစ်ပါတယ်။

KIA တွေနဲ့ KPDF တွေကတော့ ပြောရှာပါတယ်။ လေယာဉ် ဗုံးသီးထိပြီး သေရတာ ဂုဏ်ရှိပါတယ်၊ ကျောက်တုံးနဲ့ အထုခံရပြီးတော့ မသေပါရစေနဲ့တဲ့.. 😂

လော်ဘီငဖား ဂေါင်းကြီးတို့ရေ.. ပေါင် ၂၀၀၀ ဗုံးတွေ ဘယ်ရောက်..?

အ..ဟစ်..ဟစ်.. 😆


Comments

Leave a Reply

Your email address will not be published. Required fields are marked *