စိုးဝင်း မော်လမြိုင်၊ ရတခဌာနချုပ်တွင် အစည်းအဝေး ကျင်းပနေစဉ် ဒရုန်းဖြင့် တိုက်ခိုက်

အကြမ်းဖက်ဒုစစ်ခေါင်းဆောင် စိုးဝင်း မော်လမြိုင်၊ ရတခဌာနချုပ်တွင် အစည်းအဝေး ကျင်းပနေစဉ် ဒရုန်းဖြင့် တိုက်ခိုက်

စစ်တပ်က တန်ပြန် လေယာဉ်၊ ဒရုန်းများဖြင့် ဗုံး ပြန်ကျဲ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် အကြမ်း ဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်း စစ်ရေးဆိုင်ရာ အစည်းအဝေး ကျင်းပနေစဉ် တော်လှန်ရေးတပ်များက ဒရုန်းဖြင့် တိုက်ခိုက်လိုက်ကြောင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ဧပြီလ ၈ ရက်နေ့ ည​နေ ၅နာရီ ၁၀မိနစ်အချိန် အ​ရှေ့​တောင်တိုင်းစစ်ဌာနချုပ် (ရတခ) တိုင်းရုံးအတွင်း စစ်​ကောင်စီဒု​စစ်ခေါင်း​ဆောင် စိုးဝင်းနှင့်အဖွဲ့ စစ်ဆင်​ရေးကွပ်ကဲမှုအစည်းအ​ဝေးလုပ်​နေ​ကြောင်း သတင်းရရှိ၍ ရှာထူး​ဝေါ်နည်းပညာ တပ်ဖွဲ့ ၏ Alpha bats တပ်ခွဲ က ​မြေပြင်လုံခြုံ​ရေးပူး​ပေါင်းတပ်များ အကူအညီဖြင့် Fixed Wing Drone အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း၊ ဒုချုပ် စိုးဝင်းနှင့် ရတခတိုင်းမှူးတို့ အစည်းအ​ဝေးကျင်းပ​နေရင်း ချက်ချင်းရပ်ကာ ရုံး ဆင်းသွား​ကြောင်း၊ ​​ဖော်ကာနှင့် ဂျက်တိုက်လေယာဉ် ၂စီးလည်း ​နောက်ထပ် ဒရုန်း တိုက်ခိုက်မှုများလာမည်ကို​ကြောက်၍ ပျံသန်းကင်းလှည့်လျက်ရှိကြောင်း သိရှိရသည်။

လက်ရှိ ယနေ့ ညပိုင်း မော်လမြိုင်တွင် ပေါက်ကွဲသံများ ဆက်တိုက်ကြားရကြောင်း၊ ​ပေါက်ကွဲမှု​ကြောင့် ရတခ တိုင်းအတွင်း တုန်လှုပ်​ခြောက်ခြားမှုများဖြစ်ကာ ​ လေယာဥ်များ၊ ကားများ၊ လုံခြုံ​ရေးအထူးပြင်ဆင်ကာ လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့​ကြောင်းသိရပြီးအထိအခိုက်အ​သေးစိတ်မသိရှိရသေးကြောင်း ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ Alpha Bats တပ်ခွဲက ပြောဆိုသည်။

​မော်လမြိုင် ရတခ တွင် စိုးဝင်း​ရောက်​နေသကဲ့သို့ ဘားအံ တပ်မ၂၂ တွင်လည်း ဒုဗိုလ်ချုပ်ကြီး ညွန့်ဝင်း​ဆွေ​ရောက်​နေကာ မြဝတီ၊ သင်္ဃန်းညီ​နောင်ဘက်သို့ ​လေ​ကြောင်းထိုးစစ်များ ပြုလုပ်ရန် ကြံစည်​နေကြ​ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *