ရေဦးမြို့မရဲစခန်းတွင် ကျင်းပနေသော ရဲတပ်သား ၁ ဦး၏ မင်္ဂလာဆောင် နှင့် စစ်တပ်က ဒိုင်ကိုင်သော ကြက်ဝိုင်း တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့မရဲစခန်းတွင် ကျင်းပနေသော ရဲတပ်သား ၁ ဦး၏ မင်္ဂလာဆောင် နှင့် အကြမ်းဖက် စစ်တပ်က ဒိုင်ကိုင်သော ကြက်ဝိုင်း တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း ရေဦး PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ဧပြီလ ၉ ရက်နေ့ နံနက် ၈ နာရီ ၅၅ မိနစ်ခန့်တွင် ရေဦးမြို့ ရဲစခန်းထဲ၌ ရဲတပ်သား ချစ်မင်းကို နှင့် Non CDM စံပယ်ဦး တို့ ၏ မင်္ဂလာ ဆောင်ကျင်းပနေစဉ် ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း၊ ရေဦးPDF က Fixed Wing Drone ၂ စီးဖြင့် ဗုံးသီး ၃ လုံးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် ရေဦးမြို့ အောင်မင်္ဂလာရပ်ကွက် မူးကျင်းအဆင်းတွင် အကြမ်းဖက် စစ်တပ်က ဒိုင်ကိုင်ပြီး မူးယစ်သောက်စားကာ ကြက်တိုက်နေသော စစ်သားများနှင့် ပျူစောထီးများကို Fixed Wing Drone ၂ စီးဖြင့် ဗုံးသီး ၂ လုံး ထပ်မံ ကျဲချ တိုက်ခိုက်ခဲ့ရာ ကြက်ဝိုင်းအတွင်းရှိ စစ်သား ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ရဲစခန်းထဲက ရဲခွေးမင်္ဂလာဆောင်က ဗုံးကျဲတာက ရဲစခန်းဝင်းထဲမှာဖြစ်တဲ့အတွက် ထိခိုက်သေဆုံးအခြေအနေတော့ မသိရပါဘူး။ အဲရဲစခန်းထဲက ရဲတွေ အပြင်ကို ထွက်ပြေးလာတာတော့ တွေ့ရတယ်။ ကြက်ဝိုင်းကို ဒရုန်းနဲ့ ဗုံးကျဲတာကတော့ စစ်ခွေး ၃ ကောင် ပြင်းပြင်းထန်ထန် ဒဏ်ရာရတယ်။ မင်္ဂလာဆောင်က ကျွန်တော်တို့ တိုက်ခိုက်မှုအပြီးမှာ ဘောက်တွေပါ ပိတ်သွားပြီး လုံးဝကို ဘာသံမှကို မကြားရတော့ဘူး။ ရေဦးမြို့ပေါ်မှာ လူငယ်တွေကို စစ်မှုထမ်း ဥပဒေနဲ့ ပတ်သက်ပြီး အတင်းအဓမ္မ ခေါ်ယူနေတာတွေ ဆက်တိုက်တွေ့နေရတယ်။ ကျွန်တော်တို့က ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ စစ်ခွေးတွေ ရှိနေတဲ့နေရာတွေကို တိုက်ခိုက်သွားမှာပါ။ အဲတော့ ပြည်သူတွေ အနေနဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သား တွေရှိတဲ့နေရာကို မသွားရောက်ဖို့ အထူးမေတ္တာရပ်ခံလိုပါတယ်” ဟု ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း ရေဦး PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအပြီး အကြမ်းဖက် စစ်သားများက လက်နက်ငယ်များဖြင့် ဘေးပတ်ဝန်းကျင်ကို ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ယနေ့ ဧပြီလ ၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၂ မိနစ်ခန့်တွင် ရေ‌ဦးမြို့‌ ရဲစခန်းကို ရွှေဘိုခရိုင်၊ ပ.က.ဖ လှုပ်ရှားတပ်ဖွဲ့ ဦးဆောင်သော SHAR HTOO WAW Drone များဖြင့် ဗုံးသီး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း မတစ်ထောင် (တစ်ကောင်ဘွား) ပြည်သူ့ကာကွယ်ရေး အဖွဲ့ ဒီပဲယင်း မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုအပြီးတွင် အကြမ်းဖက် စစ်သားများက လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်‌မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မတစ်ထောင် (တစ်ကောင်ဘွား) ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ဒီပဲယင်း) ၊ SHAR HTOO WAWနည်းပညာတပ်ဖွဲ့ Team 6 ၊ Drop For Justice -DFJအဖွဲ့၊ Yaung Ni Shwebo ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ YE-U Freedom Comrades (YFC) အဖွဲ့၊ ဝံပုလွေ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရေဦး) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *