စစ်ကူသွား​သောစစ်​သား၁၀၉ဦးပါစစ်​ကြောင်း တစ်ခုလုံး​ချေမှုန်းခံရပြီး ၅၈ ဦးအရှင်ဖမ်းခံရ

ဖား​ဆောင်းစစ်ကူသွား​သောစစ်​သား၁၀၉ဦးပါစစ်​ကြောင်း တစ်ခုလုံး​ချေမှုန်းခံရပြီး ၅၈ ဦးအရှင်ဖမ်းခံရ

ကရင်နီပြည်နယ်၊ဘောလခဲမြို့ဘက်မှ ဖားဆောင်းမြို့သို့ စစ်ကြောင်းထိုးလာသည့် ၁၀၉ ဦးပါ စစ်ကောင်စီ စစ် ကြောင်းတစ်ခုလုံး​​ချေမှုန်းခံရပြီး ၅၈ ဦးအရှင်ဖမ်းမိကြောင်း
ကရင်နီပြည်မှ စစ်​ရေးရင်းမြစ်အချို့က​ပြောသည်။

KNPLF (ကလလတ)၏ “နေပြည်တော်သိမ်းပိုက် အောက်လံစိုက်” လူမှုကွန်ယက်ကမ်းပိန်းစာမျက်နှာမှတဆင့်
ယနေ့(ဧပြီ ၁၂ )ထုတ် ပြန် အသိပေးသည့် ရုပ်သံဖိုင် မှတ်တမ်းတွင်လည်း စစ်ကောင်စီတပ်သားဆယ်နှင့်ချီဖမ်းဆီးခံထားပြီး ကရင်နီပူးပေါင်းတပ်က စစ်ဆေးမေးမြန်းမှုများပြုလုပ်နေသည်ကို တွေ့ရသည်။

ထိုသို့စစ်ဆေးစဥ် ၎င်းတို့စစ်ကြောင်း၌ ၁၀၉ ဦးပါရှိကြောင်း စစ်ကောင်စီတပ်သားများက ထွက်ဆိုသည်။

“ခင်ဗျားတို့ ၁၀ ခါလောက်လာလည်းအဖြေကဒါပဲထွက်မှာပဲ။ခင်ဗျားတို့ အစကတည်းက လက်နက်ချသင့်တယ်”ဟု ကရင်နီပူးပေါင်းတပ်မှ ရဲ​ဘော်များက စစ်ကောင်စီတပ်သားများကို ပြောဆိုကိုလည်းကြားရသည်။

ကရင်နီတပ်​ပေါင်းစုက တိုက်ခိုက်​ချေမှုန်းခဲ့​သောစစ်​ကောင်
စီတပ် စစ်ကူစစ်​ကြောင်းတွင် ယခင်စစ်ကူလာဖူး​ပြီးပြန်ဆုတ်သွားရ​​သောစစ်သားအချို့လည်းပါဝင်​ကြောင်း ကရင်နီပူး​ပေါင်းတပ်မှ၏ စစ်​မေးမှုများအရသိရသည်။

၁၀၉ ဦးပါ စစ်ကောင်စီစစ်ကြောင်းကို ယမန်နေ့(ဧပြီ ၁၁ ရက်) နံနက် ၄ နာရီခွဲကစ၍ နေ့လည် ၃ နာရီခန့်အထိ ကရင်နီပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်များက လူထုနွေဦသို့ ကနဦးအသိပေးထားသည။

လူထုနွေဦးက ရရှိထားသည့် ရုပ်သံမှတ်တမ်းအရ စစ်ကောက်စီတပ်ထံမှ လက်နက် မျိုးစုံဆယ်နှင့်ချီ၍ ကရင်နီပူးပေါင်းတပ်ကသိမ်းဆည်း ရရှိခဲ့သည်။

ထိုအပြင်မတ်လ ၂၀ ရက်ကလည်း ဘော်လခဲမြို့မှ ဖားဆောင်းမြို့သို့ စစ်ကူလာသည့် စစ်ကောင်စီ စစ် ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ ဗျုဟာမှူး အပါ အဝင် ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိကာ ၁၆ ဦး သေဆုံးပြီး တစ်ဦး ဖမ်းမိခဲ့သည်။

ထိုစဥ်က စစ်ကောင်စီတပ်ထံမှ လက်နက်မျိုးစုံ (၅) လက်နှင့် ခဲယမ်းမီးကျောက်များ သိမ်းဆည်းရရှိခဲ့ကြောင်းလည်း သက်
ဆိုင်ရာတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ ၂၉ ရက်ကစတင်ခဲ့သည့် ဖားဆောင်းမြို့တိုက်ပွဲတွင် စစ်ကောင်စီအခြေစိုက်စခန်းအချို့ကို ကရင်နီတပ်ပေါင်းစုက သိမ်းဆည်းထားနိုင်သည်။ဖားဆောင်းမြို့တွင် စစ်ကောင်စီ၏ ခလရ(၁၃၄) နှင့် (၁၃၅) အခြေစိုက်တပ်များရှိပြီး မြို့ကို သိမ်းပိုက်နိုင်ရန် လက်ကျန် စစ်​ကောင်စီတပ်စခန်းကို ကရင်နီပူး​ပေါင်းတပ်က အရှိန်မြှင့်တိုက်ခိုက်​နေခြင်းဖြစ်သည်။

(ကရင်နီတပ်​ပေါင်းစုကဖမ်းဆီးထား​သော စစ်​ကောင်စီတပ်သားစစ်သုံ့ပန်းများ။ရုပ်သံ-​​နေပြည်​တော်သိမ်းပိုက်​အောင်လံစိုက်)


Comments

Leave a Reply

Your email address will not be published. Required fields are marked *