ဖားကန့်တိုက်ပွဲအတွင်း ဗိုလ်မှူး နှစ်ဦး၊ဗိုလ်ကြီး လေးဦး အပါအဝင် စစ်ကောင်စီတပ်သားများ ဖမ်းဆီးရရှိမှု ရုပ်သံထွက်ပေါ်

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)စခန်းသိမ်းတိုက်ပွဲတစ်ခုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးရရှိမှုရုပ်သံကို ကချင်တောင်တန်း အမည်ရှိ တယ်လီဂရမ်မှတဆင့် ယနေ့ ဖော်ပြသည်။

ဧပြီ ၁၃ရက် ယနေ့တွင် စတင်ဖွင့်လှစ်သည့် အဆိုပါ တယ်လီဂရမ် ချန်နယ်တွင် ကချင်ပြည်နယ်ရှိ စစ်ကောင်စီတပ်များအားလုံး မောင်းထုတ်သွားမည်ဟု အသိပေးကာ မိုးမောက်ရှိ ကျောက်စခန်းသိမ်းပိုက်မှု၊ ဖားကန့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးရရှိမှု၊ မန်စီမြို့နယ်ဟန်ထက် စစ်ကောင်စီစခန်း သိမ်းပိုက်မှု၊ လွယ်ဂျယ်မြို့ သိမ်းပိုက်မှု၊ ဗန်းမော်-လွယ်ဂျယ်လမ်း စစ်ကောင်စီ ဗျူဟာကုန်း သိမ်းပိုက်မှု၊ဗန်းမော်-လွယ်ဂျယ်လမ်း ယောယုံဗျူဟာစခန်း သိမ်းပိုက်မှု စိန်လုံရှိ ဗြိုငျ၀ိုငျစခနျး သိမ်းပိုက်မှု၊ မိုးမောက်-လွယ်ဂျယ်လမ်း လော့မွန် စစ်စခန်း သိမ်းပိုက်မှု ရုပ်သံများ ဖော်ပြသည်။

ဖားကန့်ရှိ စစ်ကောင်စီတပ်သားများ ဖမ်းဆီးရရှိမှု ရုပ်သံမှာ ဖေဖော်ဝါရီအတွင်းက ဖြစ်ပြီး စစ်ကောင်စီ၏ တာမခန် စခန်း၊ ကသိုဏ်းတောင် စခန်းတိုက်ပွဲအတွင်း ဖမ်းမိသည့် စစ်ကောင်စီ တပ်သားများ ဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“သူတို့ ကျတော့ အခုထိ ထိန်းသိမ်းထားတာမျိုး ဟုတ်တယ်။ ဗိုလ်မှူး နှစ်ယောက်၊ ဗိုလ်ကြီး လေးယောက်ပါတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

KIA ပူးပေါင်းတပ်သည် ယခု ဧပြီတွင်လည်း ဖားကန့်ရှိ နန့်ယားတပ်စခန်းနှင့် ဆယ်ဇင်းရဲစခန်းတို့ကို သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲများအား အရှင်ဖမ်းဆီးရရှိခဲ့ပြီး လက်နက်ခဲယမ်းများလည်း ရရှိခဲ့သည်။

ရုပ်သံ – ကချင်တောင်တန်း ချန်နယ်


Comments

Leave a Reply

Your email address will not be published. Required fields are marked *