စစ်သားစုဆောင်းပေးသည့် တီးတိန်ခရိုင် လ၀ကမှူးကို PDF ဖမ်းဆီး

စစ်ကောင်စီအတွက် စစ်သားစုဆောင်းပေးသည့် တီးတိန်ခရိုင် လ၀ကမှူးကို PDF ဖမ်းဆီး

ချင်းပြည်နယ်တီးတိန်မြို့တွင် စစ်ကောင်စီ အတွက် အတင်းအဓ္ဓမ စစ်သားစုဆောင်း ပေးနေသည့် ခရိုင် လဝက ဦးစီးမှူးကို ကြိုတင်သတိပေးခဲ့သော်လည်း လိုက်နာခြင်းမရှိ၍ ဖမ်းဆီး ထိန်းသိမ်းလိုက်ကြောင်း PDF Zolandက ယနေ့(ဧပြီလ ၁၄ရက်)သတင်းထုတ်ပြန်သည်။

တီးတိန်မြို့နယ်မှခရိုင်လဝကဦးစီးမှူး ဦးမိုးသူကို ချင်းကာကွယ်ရေးရဲဘော်များက ယနေ့(ဧပြီ ၁၄) နံနက်ပိုင်းတွင် ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

သတိပေးချက်ကို ဂရုမစိုက်ဘဲ စစ်ကောင်စီ အတွက် အတင်း
အဓမ္မ စစ်သားစုဆောင်းရာတွင် ကူညီနေ၍ဖမ်းဆီးလာခြင်းဟုPDF Zoland က သတင်းထုတ်ပြန်ထားသည်။

” စစ်မှုထမ်းဥပဒေကို သုံးပြီးတော့ စစ်တပ်ကလူစုနေတာကို လိုက်မလုပ်ဖို့ ရဲဘော်တွေ(ချင်းကာကွယ်ရေးရေးပုံများ)က အကျယ်တဝင့်ကိုသတိပေးထားတာ။ လိုက်နာတဲ့သူတွေရှိပေမယ့် တချို့ကလည်း စစ်တပ်နဲ့ပေါင်းနေရတော့ လိုက်လုပ်နေတာတွေတွေ့တယ်” ဟု ဒေသခံတဦးကပြောသည်။

PDF Zolandသည် ပြီးခဲ့သည့် မတ်လကလည်း တီးတိန်မြို့နယ်စည်ပင်ဌာနမှလက်ထောက် အင်ဂျင်နီယာ ကပ်ဆွင်းခွါလ် (အသက် ၃၆နှစ်)၊ တိမွေးကုဌာနမှ ဒုကြီးကြပ်ခွါလ်လျန်းမုန် (အသက် ၅၅နှစ်)၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊
အုပ်စုစာရေးလျန်း လမ်ခိုင် (အသက် ၄၈နှစ်)
အားကာမှူး ရှင်းခန့်ခွါလ် (အသက် ၄၈နှစ်)နှင့် လဝကဌာနအငယ်တန်းစာရေးနန်ဆွင်းဂင့် (အသက် ၅၇နှစ်)တို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

၎င်းတို့အား စစ်ကောင်စီအတွက် စစ်သားမစုဆောင်းရန်သတိပေးထားသော်လည်း လိုက်နာခြင်းမရှိ၍ ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းဟုဆိုသည်။

“သည်းခံနားလည်ပေးမူသည် အကန့်အသတ် ရှိပါသည်။ အကြမ်းဖက် စစ်ကောင်စီ အား တစ်ထောင့်တစ်နေရာမှ ပူးပေါင်း ပံပိုးသူများ ကို ဆက်လက် အရေးယူသွားပါမည်” ဟု PDF Zolandက ထုတ်ပြန်သတိ ပေးထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *