“မဲနှိုက်ပြီး စစ်မှုထမ်း ပါသွားရင်ရော PDF က သ-တ်မှာလား”

စစ်ရှုံးကောင်စီကနေ စစ်မှုထမ်း ဥပဒေ ပြဌာန်းပြီး နည်းမျိုးစုံနဲ့ စစ်မှုထမ်းခိုင်းဖို့ လူသစ်စုဆောင်းတာတွေ လုပ်ခဲ့ချိန်မှာ ပြည်သူတွေရဲ့ မေးခွန်းပေါင်း မြောက်မြားစွာ ထွက်ပေါ်လာခဲ့ပါတယ်။

အများဆုံး သိချင်ကြတဲ့ မေးခွန်းက-

စစ်မှုထမ်းဖို့ မတရား ဖမ်းဆီးခံရသူတွေ၊ မဲနှိုက်ပြီး ပါသွားသူတွေ၊ ကိုယ်တိုင် စစ်မှုမထမ်းလိုသော်လည်း အကြောင်းအမျိုးမျိုးကြောင့် စစ်တပ်ထဲကို ဝင်ခဲ့ရသူတွေကို ရှေ့တန်းရောက်ရင် PDF က သ-တ်မှာလား ဆိုတဲ့ မေးခွန်းပါ။

အကြမ်းဖက် စစ်တပ်ရဲ့ အဝန်းအဝိုင်းထဲကို ရောက်သွားပြီ ဆိုကတည်းက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက စစ်-ခွေးအဖြစ် သတ်မှတ်မှာပါပဲ။ ခွေးဝတ်စုံ ဝတ်ထားတဲ့ စစ်-ခွေးတစ်ကောင်ကို ဘာ့ကြောင့် စစ်တပ်ထဲကို ဝင်ရောက်လာတာလဲ ဆိုတဲ့ အတွေးမျိုး ဘယ် PDF ကမှ တွေးနေမှာ မဟုတ်ပါဘူး။ မျက်စိရှေ့ ရောက်လာတာနဲ့ ချက်ချင်း သ-တ်မှာပါ။

ဧပြီလ (၁၂) ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အရာတော် ဖြစ်စဉ်ကို ကြည့်ရင်-

မုံရွာ နမခ ကနေ အရာတော် စစ်သင်တန်းကျောင်းကို ပို့မယ့် စစ်သားသစ်တွေ ခေါ်ဆောင်လာတဲ့ စစ်ကား ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာမှာ တပ်သားသစ် ၂၀ သေဆုံးခဲ့ပြီး ၄၅ ဦး အရှင် အဖမ်းခံရတယ်။

ဒီကောင်တွေ သင်တန်းဆင်းပြီး ခွေးတပ်ထဲ ရောက်သွားလို့ ရှေ့တန်းထွက်ရရင် ပြည်သူကို မသတ်ဘူး၊ မြို့တွေ ရွာတွေကို မီးမရှို့ဘူးလို့ ဘယ်သူ အာမခံမလဲ?

အဲ့တော့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ အနေနဲ့ အခွင့်သာတာနဲ့ လက်ဦးမှု ရယူပြီး လုပ်သင့်တာကို လုပ်ကြမှာပါ။ ခွေးတပ်ထဲ ရောက်သွားပြီ ဆိုကတည်းက အချိန်မရွေး အသတ်ခံရနိုင်တယ် ဆိုတာကို အမှတ် (၁) စစ်ဒေသက ရှင်းလင်းတဲ့ မက်ဆေ့ချ် ပေးလိုက်တာပါပဲ။

အသတ် မခံရချင်ရင် မသေချင်ရင် စစ်-ခွေးတပ်နဲ့ လွတ်ကင်းအောင် နေကြ၊ ဒါပဲ ရှိပါတယ်။

ဒါနဲ့ အခုလို အသတ်ခံရတဲ့ တပ်သားသစ်တွေ အတွက်ကိုရော စစ်တပ်က ဘယ်လို တာဝန်ယူမယ် ထင်ပါသလဲ? နစ်နာကြေးတွေ ဘာတွေ မိသားစုကို ပေးမယ် ထင်လား?

သေဆုံးကြောင်းကိုတောင် မိသားစုဆီ အကြောင်းကြားမှာ မဟုတ်တာမို့ ခွေးတပ်ထဲ ရောက်သွားပြီ ဆိုကတည်းက သေလူလို့ သတ်မှတ်ပြီး ရေစက်ချ စွန့်လွှတ်လိုက်တာ အကောင်းဆုံးပဲလို့ အကြံပေးချင်ပါတယ်။

စစ်အာဏာရှင် လူပါးဝသမျှ ခေါင်းငုံ့ခံပြီး ခွေးတပ်ထဲ ဝင်ချင်ကြသေးရင်လဲ သဘောပါပဲ.. 😈


Comments

Leave a Reply

Your email address will not be published. Required fields are marked *