နေပြည်တော်က အဘတွေ ကောင်းကင်ကိုကြည့်ပြီး အိပ်ရာဝင်ရတော့မယ့် နေ့ရက်တွေ ရောက်လာပြီ

လုံခြုံရေးစည်းအထပ်ထပ်ချထားတဲ့ နေပြည်တော်ကောင်းကင်ယံကို ဖြတ်သန်းဝင်ရောက်ပြီး ဧပြီ ၄ ရက်က PDF ဒရုန်းတပ်ဖွဲ့တွေရဲ့ အသေခံဖောက်ခွဲရေး ဒရုန်းအစင်း ၃၀ နီးပါးဝင်ရောက်တိုက်ခိုက်မှုပြုလုပ်သွားနိုင်ခဲ့တာတွေ့ ရပါတယ်။

ဒီတိုက်ခိုက်မှုဟာ စစ်အာဏာသိမ်းကာလသုံးနှစ်ကျော်အတွင်း စစ်ကောင်စီရဲ့ဘူမိနက်သန်နေရာကို စစ်ရေးအရ ပထမဆုံးအကြိမ် အကြီးမားဆုံးခြိမ်းခြောက်နိုင်မှုလည်းဖြစ်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် စစ်ဗိုလ်ချုပ်ဟောင်းတွေ အများအပြားနေထိုင်နေတဲ့ နေပြည်တော် မြို့ကြီးကို မြန်မာပြည်ရဲ့လုံခြုံရေးစည်း အတင်းကျပ်ဆုံးမြို့တော်အဖြစ် နိုင်ငံတကာအသိုင်းအဝိုင်းတစ်ခုလုံးကအသိအမှတ်ပြုထားခဲ့တာဖြစ်ပါတယ်။

ဒီလို မြေပြင်နဲ့ ဝေဟင် နှစ်ခုစလုံးမှာ လုံခြုံရေးစည်းအထပ်ထပ်ချထား ခဲ့တဲ့ နေပြည်တော်ကောင်းကင်ယံထဲကိုဖြတ်သန်းဝင်ရောက်ပြီးစစ်ဗိုလ်ချုပ်တွေရုံးထိုင်ရာစစ်ရုံးချုပ်နဲ့ အေလာ လေဆိပ်အပါအဝင်စစ်ကောင်စီခေါင်းဆောင်နေအိမ်ကိုပါ ဦးတည်တိုက်ခိုက်တဲ့ လေကြောင်းစစ်ဆင်ရေးတစ်ရပ် ကို NUG လက်အောက်ခံ PDF ဒရုန်းတပ်ဖွဲ့တွေ ပြုလုပ်သွားနိုင်ခဲ့တာဟာ နိုင်ငံတကာအသိုင်းအဝိုင်းတစ်ခုလုံးအတွက်လည်း အထူးခြားဆုံးအခြေအနေတစ်ရပ်ဖြစ်သွားခဲ့ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *