နတ်မောက်မြို့နယ်တွင် လက်နက်ကိုင် န-ဖုန်ကုန်းရွာ အုပ်ချုပ်ရေးမှူး ခင်မောင်အေး ပစ်ခတ်ခံရပြီးသေဆုံး

ကာဘိုင် သေနတ်နှင့် ကော်စေ့သေနတ် အပါအဝင် စစ်အသုံးအဆောင်များ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် လက်နက်ကိုင် န-ဖုန်ကုန်းရွာ အုပ်ချုပ်ရေးမှူး ခင်မောင်အေး ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ပြီး ကာဘိုင် သေနတ်နှင့် ကော်စေ့သေနတ် အပါအဝင် စစ်အသုံးအဆောင်များ သိမ်းဆည်းရရှိခဲ့ကြောင်း People’s Defence Organization – Natmauk တပ်ဖွဲ့မှ သိရသည်။

ဧပြီလ ၁၇ ရက်နေ့ ညနေ ၄ နာရီ ၁၀ မိနစ်ခန့်တွင် န-ဖုန်ကုန်းကျေးရွာမှ ပျူစောထီး ခေါင်းဆောင် အုပ်ချုပ်ရေးမှူး ခင်မောင်အေးကို ၎င်းနေအိမ် အနီး၌ပင် တော်လှန်ရေး တပ်ဖွဲ့များက သွားရောက် ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

တော်လှန်ရေး တပ်ဖွဲ့များ သွားရောက် တိုက်ခိုက်စဉ် အတွင်း ပျူစောထီး ခေါင်းဆောင် ခင်မောင်အေးက ၎င်းကိုင်ဆောင်ထားသော ကာဘိုင်ဖြင့် စတင်တိုက်ခိုက်ခဲ့သောကြောင့် အပြန်အလှန် ပစ်ခတ်မှု ၅ မိနစ်ခန့် ကြာမြင့်ခဲ့ကြောင်း၊ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ပျူစောထီး ခေါင်းဆောင် ခင်မောင်အေးထံမှ ကာဘိုင်သေနတ် ၁ လက် ၊ ကာဘိုင်ကျည် ၁၉ တောင့် ၊ ပစ္စတိုအတု ၁ လက် ၊ လက်ပစ်ဗုံး ၃ လုံး ၊ ၉ မမကျည် ၄ တောင့် ၊ စစ်ဝတ်စုံ ၁၁ စုံ ၊ အီကွေးမန့် ၇ စုံ ၊ စစ်ဖိနပ် ၅ ရံ ၊ ကျောပိုးအိတ် ၁ လုံးတို့ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို နတ်မောက် ပကဖ ၊ ဗိဿနိုးလက်အောက်ခံ ကျားသစ်နက်တပ်ဖွဲ့ ၊ ကြိုးကြာနီတပ်ဖွဲ့ ၊ မြို့သစ် ပကဖ ၊ ငါးပြေမ ပြောက်ကျားတပ်ဖွဲ့ ၊ Aung San’s land ၊ တပ်ရင်း(၉၀၂) တို့ က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲသတင်းထုတ်ပြန်ချက်

နတ်မောက်မြို့နယ်အရှေ့ခြမ်း၊န-ဂွေးချိုအုပ်စု၊န-ဖုန်ကုန်းကျေးရွာမှပျူခေါင်းဆောင်အုပ်ချုပ်ရေးမှူးဖြစ်သည့် ခင်မောင်အေး အား 17.4.2024 ညနေ 4:10မိနစ်အချိန်တွင် ၎င်းနေထိုင်ရာနေအိမ်အနီး၌ပင်ပစ်ခတ်ရှင်းလင်းခဲ့ပြီး ကာဘိုင်သေနတ်တစ်လက်၊ ကာဘိုင်ကျည်19တောင့်နှင့်စစ်သုံးပစ္စည်းများသိမ်းဆည်းရရှိခဲ့ပါသည်။

၎င်းမစ်ရှင်အား #နတ်မောက်ပကဖ#ဗိဿနိုးလက်အောက်ခံ ကျားသစ်နက်တပ်ဖွဲ့၊ ဗိဿနိုးလက်အောက်ခံ ကြိုးကြာနီတပ်ဖွဲ့၊ မြို့သစ် ပကဖ၊ ငါးပြေမပြောက်ကြားတပ်ဖွဲ့၊ Aung San’s land၊ တပ်ရင်း(၉၀၂)တို့ပူးပေါင်းလုပ်ဆောင်ခဲ့ပါသည်။

ပစ်ခတ်မှုဖြစ်စဉ်အတွင်းပျူခေါင်းဆောင်ခင်မောင်အေးသည် ၎င်းကိုင်ဆောင်ထားသော ကာဘိုင်ဖြင့်စတင်တိုက်ခိုက်ခဲ့ရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သော်လည်း ကျွန်ုပ်တို့ပူးပေါင်းအဖွဲ့များမှအောင်မြင်စွာပစ်ခတ်ရှင်းလင်းနိုင်ခဲ့ပါသည်။တိုက်ပွဲဖြစ်ပွားချိန်၅မိနစ်ခန့်ကြာမြင့်ခဲ့ပြီးကျွန်ုပ်တို့ပူးပေါင်းအဖွဲ့များဖက်မှ အထိအခိုက်မရှိပဲအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပါသည်။

ကျွန်ုပ်တို့ပူးပေါင်းတပ်ဖွဲ့ဝင်များအနေဖြင့်အာဏာရှင်စနစ်အမြစ်ပြတ်သည်အထိ ချေမှုန်းတိုက်ခိုက်သွားမည်ဖြစ်ကြောင်းမိဘပြည်သူများအားအသိပေးတင်ပြအပ်ပါသည်။

ပျူဆောင်းဆောင် ခင်မောင်အေး ထံမှသိမ်းဆည်းရရှိသောပစ္စည်းများစာရင်း

ကာဘိုင်သေနတ် ၁ လက်

ကာဘိုင်ကျည် ၁၉ တောင့်

ပစ္စတိုအတု ၁ လက်

လက်ပစ်ဗုံး ၃ လုံး

၉မမ ၄ တောင့်

စစ်ခွေးဝတ်စုံ ၁၁ စုံ

အီကွေးမန့် ၇ စုံ

စစ်ဖိနပ် ၅ ရန်

ကျောပိုးအိတ် ၁ လုံး တို့ဖြစ်ပါသည်။

Video – သိမ်းဆည်းရရှိသောပစ္စည်းများ

ကျောက်ခဲ

ပြန်ကြားရေးတာဝန်ခံ

နတ်မောက်(ပကဖ)


Comments

Leave a Reply

Your email address will not be published. Required fields are marked *