ခရိုနီ တေဇပိုင် Putao Malikha lodge ဟိုတယ် မီးလောင်၊ အဆောင် ၂ ခု ပြာကျ

ပူတာအိုရှိ စစ်တပ်ဒေါက်တိုင် ခရိုနီ တေဇပိုင် Putao Malikha lodge ဟိုတယ် မီးလောင်၊ အဆောင် ၂ ခု ပြာကျ

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ရှိ စစ်တပ်ဒေါက်တိုင် ခရိုနီတေဇပိုင် Putao Malikha lodge ဟိုတယ် မီးလောင်ပြီး အဆောင် ၂ ခု ပြာကျသွားကြောင်း ဒေသခံပြည်သူများထံမှ သိရှိရသည်။

ဧပြီလ ၂၀ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် တေဇပိုင် Putao Malikha lodge ဟိုတယ်တွင် မီးလောင်ကျွမ်းခြင်းဖြစ်ပြီး မီးလောင်ကျွမ်းမှုကြောင့် ဘန်ဂလို ၂ လုံး မီးလောင်ပြာကျသွားခြင်းဖြစ်ကြောင်း၊ မီးလောင်ကျွမ်း ရသည့် အကြောင်းအရင်းကို မသိရှိရသေးကြောင်း ဒေသခံပြည်သူများက ဆိုကြသည်။

” ဘယ်လိုဖြစ်လို့ မီးလောင်လဲ မသိရသေးဘူး။ မီးလောင်တာတော့ အဆောင် ၂ လုံး အကုန် ကုန်သွားပြီ။ တစ်ခုမှ အကောင်း မကျန်တော့ဘူး။ နံနက် ၆ နာရီမှာ လောင်တာ ကုန်ပြီ။ အဲဒီဟိုတယ်က စျေးအတော်ကြီးတဲ့ဟိုတယ်ပဲ။ စစ်တပ် ဒေါက်တိုင်လည်းဟုတ်တယ်”ဟု ဒေသခံပြည်သူတစ်ဦးက ဆိုသည်။

တေဇ၏ Putao Malikha lodge ဟိုတယ်တွင် တစ်ညလျှင် ပျမ်းမျှ ဒေါ်လာ ၂၀၀ ဝန်းကျင် စျေးပေါက်ပြီး ခရီးသွားရာသီများဆိုလျှင် အလွန်စျေးနှုန်းကြီး မြင့်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- တေဇပိုင် Putao Malikha lodge ဟိုတယ်၏ မီးလောင်နေသည့် မြင်ကွင်းနှင့် မီးမလောင်မီ ဟိုတယ်မြင်ကွင်း။


Comments

Leave a Reply

Your email address will not be published. Required fields are marked *