ဒုစစ်ခေါင်းဆောင် စိုးဝင်း စစ်ကောင်စီအစည်းအဝေး မတက်သည့်အပြင် နေပြည်တော်တွင်လည်း ရှိမနေ

ဒရုန်းဖြင့် တိုက်ခိုက်ခံရသည့် ဒဏ်ရာမှ သက်သာနေပြီဖြစ်သော ဒုစစ်ခေါင်းဆောင် စိုးဝင်း စစ်ကောင်စီအစည်းအဝေး မတက်သည့်အပြင် နေပြည်တော်တွင်လည်း ရှိမနေ

မွန်ပြည်နယ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် ဒရုန်းဖြင့် တိုက်ခိုက်ခံရသည့် ဒဏ်ရာမှ သက်သာနေပြီဖြစ်သော ဒုစစ်ခေါင်း ဆောင် စိုးဝင်းသည် ဧပြီလ ၂၂ ရက်နေ့ ပြုလုပ်သည့် နေပြည်တော် စစ်ကောင်စီအစည်းအဝေး တက်ရောက်ခြင်းမရှိဘဲ နေပြည်တော်တွင်လည်း ရှိမနေကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက ၎င်းဖွဲ့စည်းထားသော အစိုးရအမည်ခံ အစည်းအဝေး(၄/၂၀၂၄)ကို ဧပြီလ ၂၂ ရက်နေ့ နေပြည် တော်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးတွင် ဒုစစ်ခေါင်းဆောင် စိုးဝင်း တက်ရောက်ခဲ့ခြင်းမရှိကြောင်း၊ ထို့ပြင် ဒုစစ်ခေါင်းဆောင် စိုးဝင်းမှာ နေပြည်တော်တွင်လည်း ရှိမနေကြောင်း သိရှိရသည်။

“ဒဏ်ရာတွေကလည်း သက်သာနေပြီ။ အဲဒါ မနေ့က Cabinet အစည်းအဝေး တက်မယ်လို့ ကျနော်တို့ သတင်းရထားတာ။ အခု နေပြည်တော်မှာလည်း ရှိမနေပြန်ဘူး။ သူ လူမြင်ကွင်းက ပျောက်ကွယ်နေတာ ဒဏ်ရာရထားတဲ့ကိစ္စအပြင် ဦးမြင့်လှိုင်၊ ဒုဗိုလ်ချုပ်ကြီးညိုစောနဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးအောင်စိုးတို့ အဖမ်းထားရတဲ့ကိစ္စနဲ့ဆက်စပ်မလား စဉ်းစားစရာတော့ဖြစ်လာတယ်။ ဆန်းတော့ ဆန်းတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ပြောခွင့်ရ အကြမ်းဖက် ဇော်မင်းထွန်းက ဒုစစ်ခေါင်းဆောင် စိုးဝင်းသည် ဒဏ်ရာ ရရှိခြင်းမရှိသကဲ့သို့ ပုံမှန်အတိုင်း ရာထူးတာဝန်များ ထမ်းဆောင်နေကြောင်း၊ ဒုစစ်ခေါင်းဆောင် စိုးဝင်းနှင့်ပတ်သက်သော သတင်းများမှာ ကောလာဟလများသာဖြစ်ကြောင်း မကြာခဏဆိုသလို ထုတ်ဖော်ပြောဆိုခဲ့သော်လည်း လက်တွေ့တွင်မူ ဒုစစ်ခေါင်းဆောင် စိုးဝင်းသည် စစ်ကောင်စီအစည်းအဝေးသို့ တက်ရောက်လာခြင်းမရှိသည်ကို တွေ့ရသည်။

လယ်/ဆည်ဝန်ကြီးဟောင်း ဦးမြင့်လှိုင်၊ ဒုတိယဗိုလ်ချုပ်ကြီးညိုစော၊ ကြံ့ဖွတ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ဒုတိယဗိုလ် ချုပ်ကြီးဟောင်း အောင်စိုးတို့ကို မင်းအောင်လှိုင်ကို ဖယ်ရှားရန် ကြံစည်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက ယခုဧပြီလလယ်ပိုင်းတွင် ဖမ်းဆီး စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိသည်။

စစ်တပ်ထောက်ခံသော မဘသများ၊ အမျိုးသားရေးအစွန်းရောက်သမားများက မင်းအောင်လှိုင်ကို အရပ်ဘက်ဝန်ကြီးချုပ် ရာထူးသာ ယူပြီး တပ်ချုပ်ရာထူးကို စိုးဝင်းဖြင့် အစားထိုးရန် တောင်းဆိုမှုများ ဖြစ်ပေါ်ခဲ့ရာ ယင်းတောင်းဆိုမှုများသည် ယခင် ထိပ်တန်းစစ်ဗိုလ်ချုပ်ဟောင်းများအတွင်းမှ ပေါ်ထွက်သော ကြံစည်မှုအဖြစ် မင်းအောင်လှိုင်ဘက်က ယူဆထားကြောင်း နေပြည်တော်ဘစစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။

ဒုစစ်ခေါင်းဆောင် စိုးဝင်းသည် ဧပြီလ ၃ ရက်နေ့ ဗထူးတပ်နယ်သို့သွားရောက်ခဲ့သည့် ခရီးစဉ်မှစ တင်၍ လူမြင်ကွင်းမှ လုံး၀ ပျောက်ကွယ်သွားခဲ့ပြီး ဧပြီလ ၉ ရက်နေ့နှင့် ဧပြီလ ၁၀ ရက်နေ့ မော်လမြိုင်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် ပခုံး၊ လက်နှင့် အရိုးအကြောဆိုင်ရာ ဒဏ်ရာများရရှိခဲ့ကြောင်း၊ ယင်းနောက် ဆေးကုသမှု ခံယူခဲ့ကြောင်း သိရှိရသည်။

ဒရုန်းနဲ့ တိုက်ခိုက်ခံထားရတဲ့ ဒုချုပ်စိုးဝင်း စစ်​ကောင်စီအစည်းအဝေးမတက်

စစ်​ကောင်စီ ကလူစုံတက်​ရောက်တဲ့ ဧပြီ ၂၂ ရက်အစည်းအ​ဝေးမှာ ဧပြီ ၁၀ ရက်က ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး​ပျောက်​နေတဲ့ အာဏာသိမ်း စစ်ကောင်စီရဲ့ ဒုတိယ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်လာတာ မတွေ့ရပါဘူး။

စစ်​ကောင်စီရဲ့ ဝန်ကြီး​တွေ အစုံတက်​ရောက်သလို၊ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်​တွေ ဗီဒီယိုကွန်းဖရင့်စ်က​နေ တကိကြတယ်ဆိုတဲ့ အစည်းအဝေးမှာ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က လူကိုယ်တိုင်​ရော ၊ အွန်လိုင်းကပါ မတက်​ရောက်ခဲ့ပါဘူး။

ဒုချုပ်စိုးဝင်း နဲ့ စစ်တပ်အရာ​တွေ​တွေကို ဧပြီ ၁၀ ရက်​နေ့က ​မော်လမြိုင်မြို့ အ​ရှေ့​တောင်တိုင်းစစ်ဌာနချုပ်(ရတခ)ရှိ စု​ပေါင်းစစ်ဆင်​​ရေးခန်းမတွင် အ​ရေးကြီးအစည်းအ​ဝေးလုပ်​နေချိန်မှာရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ Alpha Bats တပ်ခွဲရဲ့ကာမီကာဇေဒရုန်းတွေနဲ့ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ် ။ အဲဒီတိုက်ခိုကိမှု​ကြောင့် ​သေဆုံးသူ ၊ထိခိုက်ဒဏ်ရာရသူများခဲ့ပြီး ဒုချုပ်စိုးဝင်းလည်း ဒဏ်ရာရခဲ့တယ်လို့ ရှာထူး​ဝေါ် နည်းပညာတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက​ပြောပါတယ် ။

ဒုချုပ်စိုးဝင်းဟာ ပေါက်ကွဲဒဏ်ရာထက် အမိုးတန်း ပုခုံးပေါ်ပြုတ်ကျသည့်ဒဏ်ရာက ပိုမိုပြင်းထန်ခဲ့ကြောင်း၊ အရာရှိအရာခံ ၂၀ ကျော်ဒဏ်ရာရခဲ့ကြောင်း၊ ကစထ မှူး ညွန့်ဝင်းဆွေက ခြေထောက်ပဲထိပြီး စိုးဝင်းလောက် မစိုးရိမ်ရကြောင်း၊ အခုတော့ ၁/၁၀၀၀ စစ်ဆေးရုံမှာ ကုသခံနေရကြောင်း အထက်ပါတာဝန်ရှိသူက​ပြောပါတယ် ။

“​နေပြည်​တော်ပြန်​ရောက်သွားပြီ ။ဒဏ်ရာက​တော့ရထားတယ် ။​ဆေးကုသမှုက​တော့ခံယူ​နေရဦးမှာပဲ။ကျန်တဲ့ ​နောက်ဆက်တွဲသတင်းတော့ ​​သေချာ မသိရ​သေးဘူး”ဟုရှာထူး​ဝေါ် နည်းပညာတပ်ဖွဲ့မှ တာဝန်ရှိသူကဆက်​ပြောသည်။

ဒါ​​ပေမယ့် ဧပြီ ၂၂ ရက်က​နေပြည်​တော်မှာလုပ်ခဲ့တဲ့အစည်းအဝေးမှာတော့ ဒုချုပ်စိုးဝင်းထိုင်​လေ့ရှိတဲ့ စစ်​ခေါင်း​ဆောင်ရဲ့ ညာဘက်ထိပ်ဆုံးခုံး​နေရာကို လစ်လပ်နေတာ အတိုင်းသားတွေ့ရပါတယ်။

တစ်ကယ်ဆိုရင် အာဏာသိမ်းဒုခေါင်းဆောင်ဟာ ဧပြီလ ၃ ရက်က ဗထူးတပ်နယ်က ဗိုလ်သင်ကျောင်းဆင်းပွဲကို တက်ရောက်ပြီးတဲ့နောက်ပိုင်းမှာ လူမြင်ကွင်းကနေပျောက်နေတာပါ။ဒါ​ကြောင့် အဲဒီ​နေ့​​နောက်ပိုင်း​ရေတွက်မယ်ဆို လူမြင်ကွင်းက​ပျောက်​နေတဲ့ရက်​ပေါင်း ၂၀ ရှိပြီဖြစ်ပါတယ် ။စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ရက်အကြာဆုံး လူမြင်ကွင်းက ​ပျောက်​နေတာလည်းဖြစ်ပါတယ် ။

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

အာဏာသိမ်းစစ်​ခေါင်း​ဆောင်ဟာလည်း ဧပြီ ၄ ရက်​နေ့မှာ ​နေပြည်​တော်က သူ့အိမ်ကို ရှာထူးဝေါ်နည်းပညာသုံးကာမီကာ​​ဇေ ဆူဆိုက်ဒရုန်း​တွေနဲ့ တိုက်ခိုက်ခံခဲ့ရသလို ဧပြီ ၁၄ ရက်တွင်လည်း ပြင်ဦးလွင်၌ရှိစဥ် ​ရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်ခံခဲ့ရပြီး လွတ်​မြောက်လာခြင်းဖြစ်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *