တိုင်းစစ်ဌာနချုပ် ဖင်စုတ်သွားတဲ့နေ့

‼️တိုင်းစစ်ဌာနချုပ် ဖင်စုတ်သွားတဲ့နေ့‼️

ဧပြီလ ၂၄ ရက်နေ့ မနေ့ည ၇ နာရီလောက်က မုံရွာ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကို တော်လှန်ရေး တပ်ဖွဲ့တွေက တက်ကြိတ်တာ

ဗဟိုကင်းတောင် ပွင့်ထွက်သွားပြီးစစ်ခွေးတွေ အတုံးအရုံးကို သေကြတာ အလောင်းတွေ ဆိုရင် တစစီတွေ ဖြစ်ကုန်လို့ ဂေါ်ပြားနဲ့ လိုက်ကျုံးရတယ် ဆိုပဲ။

နမခ ဖရဲသီးက အတိအကျ သတင်းပေးတာနော် 😎

နမခမှာ ဘယ်လောက်အထိ မရှုမလှ ခံလိုက်ရလဲ ဆိုရင် တိုင်းမှူး သန်းထိုက်တောင် ကုတင်အောက် ပြေးဝင်ပုန်းနေရတယ် ဆိုလား.. အဟစ်ဟစ်

ဘာလက်နက်တွေနဲ့ ဘယ်လိုတွေ ဆော်သွားလို့ နမခ ဒီလောက်အထိ ဖင်စုတ်သွားလဲ ဆိုတာ တော်လှန်ရေး တပ်ဖွဲ့တွေက ထိခိုက်မှု အသေးစိတ် စာရင်းတွေနဲ့အတူ မကြာခင် သတင်းထုတ်ပြန်ပါလိမ့်မယ်။ လောလောဆယ် အမြည်းကျွေးပြီး အစထုတ်ပေးထားတာပါ။

ပွဲက ဘယ်လောက်အထိ ပျက်သွားလဲ ဆိုတော့-

မြန်မာပြည် အလယ်ပိုင်းက တိုင်းစစ်ဌာနချုပ်ကြီးကို မနေ့ညက YAK-130 တိုက်လေယာဉ်နဲ့ ၈ ပတ်တိတိ ကင်းပတ်ပေးရတဲ့ အဆင့်ထိကို ဆော်ခံလိုက်ရတာပါတဲ့ဗျာ..။

နမခ ဖရဲသီးက ကွက်စတိ သတင်းပေးတာနော်.. 😈


Comments

Leave a Reply

Your email address will not be published. Required fields are marked *