ရွှေကုက္ကိုမြို့သစ် အဝင်လမ်းအားလုံး ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲက ရွှေကုက္ကိုမြို့သစ်ကို ဝင်တဲ့လမ်းတွေအားလုံးကို ကရင်နယ်ခြားစောင့်တပ် (BGF/KNA) က ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်ပြီလို့ ဒေသခံတွေဆီက သိရပါတယ်။ ရွှေကုက္ကိုမြို့သစ်ဟာ အွန်လိုင်းလောင်းကစားတွေ၊ ဂိမ်းရုံတွေနဲ့ စည်ကားတဲ့မြို့ဖြစ်ပြီး ဧပြီ ၂၅ရက် မနေ့ကစလို့ မြို့အဝင်ကို ဘယ်သူ့ကိုမှ ဝင်ခွင့်မပြုတော့ဘူးလို့ သိရပါတယ်။

“အခုက မြို့ထဲက ထွက်ချင်ရင်တော့ ထွက်လို့ရမယ်။ အဝင်ကို ပြန်ဝင်ခွင့်မရတော့ဘူး။ လူတွေကာ ကားတွေကော ဂိတ်တွေက ပေးမဝင်တော့ဘူး။ အလုပ်ကို အသွားအပြန်လုပ်ကိုင်နေတဲ့သူတွေ အဆင်မပြေတော့ဘူးပေါ့။ ဂိမ်းရုံက လူတွေဆို အရင် တပတ်တခါ အိမ်ပြန်ခွင့်ရပေမယ့် အခုတော့ ရက်ရှည်ပိတ်လိုက်ရင်တော့ အိမ်ပြန်ခွင့်ရမှာ မဟုတ်တော့ဘူး” လို့ ဂိမ်းရုံမှာ အလုပ်လုပ်နေသူ အမျိုးသမီးက မောင်းကို ပြောပါတယ်။

ကရင်ဒေသအတွင်း ကျားဖြန့် အွန်လိုင်းငွေလုပ်ငန်းတွေထဲမှာ ကရင်လက်နက်ကိုင်အဖွဲ့တွေက လူတွေ ပါဝင်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက အမေရိကန်ငြိမ်းချမ်းရေး အင်စတီကျု USIP က အစီရင်ခံစာ ထုတ်ပြီးနောက်ပိုင်း အခုလို မြို့တံခါးပိတ်ပစ်လိုက်တယ်လို့ ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

ပုံစာ – ရွှေကုက္ကိုမြို့သစ်


Comments

Leave a Reply

Your email address will not be published. Required fields are marked *