လှိုင်မြို့နယ်ရှိ စစ်​ကောင်စီသတ္ထုပစ္စည်းစက်ရုံကို အဝေးထိန်းမိုင်းဖြင့်တိုက်ခိုက်

ရန်ကုန်မြို့ ၊လှိုင်မြို့နယ်ရှိ စစ်ကောင်စီ၏ ဗျူဟာမှူးအဆင့် အရာရှိ အထိုင်ချတပ်စွဲထားသော စစ်​ကောင်စီသတ္ထုပစ္စည်းစက်ရုံ ကို အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ကအသိပေးထားသည်။

ဧပြီ ၂၈ ရက် ည ၉ နာရီကျော်တွင် ယင်းစက်ရုံကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အဖွဲ့နှင့်အတူ လှိုင်မြို့နယ် ပကဖ နှင့် Yangon Victory Force တို့လည်း ပူးပေါင်းပါဝင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ပေါက်ကွဲမှုဖြစ်ချိန်တွင် အသံအကျယ်ကြီးကြားရပြီး အချို့တိုက်ခန်းများ၌ တုန်ခါမှု ခံစားရကြောင်း ဒေသခံများကဆိုသည်။

“ဒန်အိုးစက်နား…ကွဲ…ချက်ကတော့အနီးနားတိုက်တွေကနေမီးခိုးအလုံးလိုက်ပါဝိုက်တက်လာတာကိုမြင်လိုက်ရတယ်….။အနီးနားကတိုက်တွေအိမ်တွေဆိုတာငလျင်လှုပ်
လိုက်သလိုတုန်ခါသွားချက်”ဟု ဒေသခံတစ်ဦးကပြောသည်။

ပေါက်ကွဲမှုဖြစ်ပြီးနောက် ဘာတာ အုတ်ကျင်းပတ်ဝန်းကျင် ၌စစ်ကောင်စီတပ်ကစစ်ဆေးမှုများပိုမိုပြုလုပ်ခဲ့သည်။

ရန်ကုန်အနောက်ပိုင်းခရိုင် ပကဖ သည် Yangon Army နှင့်အတူ အာဏာရှင်ကိုဆန့်ကျင်တိုက်ခိုက်မှုများပြုလုပ်နေသည်။

(လှိုင်မြို့နယ်ကို Google Earth တွင်​တွေ့ရမှု)


Comments

Leave a Reply

Your email address will not be published. Required fields are marked *