မလွှကုန်း မီးရထားစက်ရုံမှ Non CDM ဦးဝင်းကိုကို ကို စစ်တပ်က ပုဒ်မ ၅၀၅ ဖြင့် တရားစွဲပြီး ဖမ်းဝရမ်းထုတ်

ကညွတ်ကွင်း-‌ညောင်ပင်သာ ရထားလမ်း မိုင်းခွဲခံရပြီး ကုန်ရထား ၁ စီး လမ်းချော်၊ မလွှကုန်း မီးရထားစက်ရုံမှ Non CDM ဦးဝင်းကိုကို ကို စစ်တပ်က ပုဒ်မ ၅၀၅ ဖြင့် တရားစွဲပြီး ဖမ်းဝရမ်းထုတ်ထား

ပဲခူးတိုင်း၊ ကညွတ်ကွင်း-‌ညောင်ပင်သာ ရထားလမ်း မိုင်းခွဲခံရပြီး ကုန်ရထား ၁ စီး လမ်းချော်ခဲ့ကြောင်း မြန်မာ့ မီးရထားနှင့် နီးစပ်သူ တစ်ဦးကပြောဆိုသည်။

မေလ ၁ ရက်နေ့ နံနက် ၅ နာရီ ၁၅ မိနစ်ခန့်တွင် ကညွတ်ကွင်း-‌ညောင်ပင်သာ ရထားလမ်း မိုင်းခွဲခံရပြီး ကုန်ရထား ၁ စီး လမ်းချော်ခဲ့ကြောင်း၊ အဆိုပါ ကုန်ရထား လမ်းချော်မှုကြောင့် အမှတ် ၁၁ အဆန် အမြန်ရထား ကျောက်တန်းမှ နောက်ပြန်လှန့်ခဲ့ရပြီး အမှတ် ၁၂ အဆန် အမြန်ရထားလည်း မြစ်သားမှ နောက်ပြန်လှန့်ကာ ရထားခရီးစဉ် ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။

ယင်း လမ်းချော်သွားသော ရထားကို ပြန်လည် သယ်ယူရန် မလွှကုန်းစက်ရုံမှ T-60 ကရိန်းဖြင့် ရန်ကုန်ဘူတာ မှ ယနေ့ နံနက် ၇ နာရီခန့် တွင် ထွက်ခွာသွားကြောင်း သိရှိရသည်။

“901 UP ကုန်ရထား ဒီနေ့ နံနက် ၅ နာရီ ၁၅ ကညွတ်ကွင်း-‌ ညောင်ပင်သာ အကြား မိုင်းခွဲထားသည့် နေရာမှာ စက်ခေါင်းအပါအအဝင် တွဲ ၄ တွဲ လမ်းချော်ကျခဲ့တယ်။ အဲဖြစ်စဉ်ကြောင့် အမှတ် ၁၁ အဆန် အမြန်ရထား ကျောက်တန်းကန‌ေ နောက်ပြန်လှန့်ခဲ့ရတယ်။ နောက်ပြီး အမှတ် ၁၂ အဆန် အမြန်ရထားလည်း မြစ်သားကနေ နောက်ပြန် လှန့်ပြီး ရထားခရီးစဉ် ဖျက်သိမ်းခဲ့ရတယ်။ မိုင်ခွဲထားတဲ့ ရထားလမ်းကို ဖြတ်မောင်းတာဖြစ်နိုင်တယ်။ မိုင်းထိရင် စက်ခေါင်း ပါ ဘေး ရောက်သွားနိုင်တယ်” ဟု မြန်မာ့မီးရထားနှင့် နီးစပ်သူ တစ်ဦးကပြောဆိုသည်။

ထို့ပြင် မလွှကုန်း မီးရထားစက်ရုံမှ Non CDM ဦးဝင်းကိုကို စက်ခေါင်းမောင်း ၃ ကို နေပြည်တော်ရုံးချုပ်ကနေ ပုဒ်မ ၅၀၅ နဲ့ တရားဆွဲပြီး ဖမ်းဝရမ်းထုတ်ထားကာ အဆိုပါ ဝန်ထမ်းသည် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“မလွှကုန်း စက်ရုံက Non CDM ဦးဝင်းကိုကို စက်ခေါင်းမောင်း ၃ ကို နေပြည်တော်ရုံးချုပ်ကနေပြီး ပုဒ်မ ၅၀၅ နဲ့ တရားဆွဲပြီးဖမ်းဝရမ်းထုတ်ထားပါတယ်။ ဆက်သွယ်ရေး ပုဒ်မနဲ့ လို့ သိရတယ်။ သူလည် ထွက် ပြေးနေရတယ်။ ဖြစ်စဉ် အတိအကျတော့ မသိရသေးဘူး” ဟု မြန်မာ့ မီးရထားနှင့် နီးစပ်သူ တစ်ဦးက ဆက်လက် ပြောဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *