တောင်စွန်းစစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှုတွင် ဗိုလ်ကြီး ၂ ဦး အပါအဝင် စစ်သား ၂၆ ဦးသေဆုံး

ကြာအင်းဆိပ်ကြီး၊ ခလရ ၂၈၄ တောင်စွန်းစစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှုတွင် ဗိုလ်ကြီး ၂ ဦး အပါအဝင် စစ်သား ၂၆ ဦးသေဆုံးခဲ့ပြီး တပ်ရင်းမှူး ဒုဗိုလ်ကြီး သန့်ဇင်ဝင်း ထွက်ပြေး လွတ်မြောက်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလရ ၂၈၄ ရှေ့တန်း တောင်စွန်းစစ်စခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၂၆ ဦးသေဆုံးပြီး လက်နက် ၄၀ ကျော်နှင့် ခဲယမ်းများရရှိကြောင်း တောင်ပိုင်းစစ်ဒေသ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOFမှ ရဲဘော်အောင်စံရှားကပြောဆိုသည်။

မေလ ၃ ရက်နေ့ နံနက်ပိုင်း ကရင်ပြည်နယ်၊ ကြာအင်းဆိတ်ကြီးမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၂၈၄ အခြေစိုက် တောင်စွန်းစစ်စခန်းကို KNLA၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF (P29999/ အထူးတပ်ဖွဲ့) ၊ lion battalion commando စစ်ကြောင်း၊ federal wings၊ Cloud Wings ဒရုန်းပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ တောင်စွန်းစစ်တပ် စခန်းကို ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီး မေလ ၃ ရက်နေ့ ၊ နံနက်ပိုင်းတွင် အပြီးသတ် သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။

စခန်းသိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၂၆ ဦးသေဆုံးပြီး တပ်ရင်းမှူး အပါ အဝင် ၁၃ ဦး ထွက်ပြေးသွားကြောင်း၊ တိုက် ပွဲကာလအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၃၆ ကြိမ်ပြုလုပ်ခဲ့ပြီး တောင်စွန်းကျေးရွာ၊ ဆင်ပြေးကျေးရွာရှိ ဘာသာရေးအဆောက်အဦးများနှင့် လူနေအိမ်များ ၅၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ဒေသခံတချို့ ထိခိုက်ဒဏ်ရာရခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ရဲဘော်များလည်း ထိခိုက်ကျဆုံးမှုများရှိခဲ့ကြောင်း သိရှိရသည်။

“သေဆုံးသူ ၂၆ ဦးမှာ ဗိုလ်ကြီး ၂ ဦးပါတယ်။ တပ်ရင်းမှူး ဒုတိယဗိုလ်ကြီး သန့်ဇင်ဝင်းက ထွက်ပြေးလွတ်မြောက်သွားတယ်” ဟု Lion Battalion Commando စစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံ ရဲဘော် အညာသားကပြောဆိုသည်။

သတင်းထုတ်ပြန်ချက်

ကရင်ပြည်နယ်၊ဒူးပလယာခရိုင်၊ဝင်းရော်ဒေသ၊ဝင်းရေးမြို့နယ်တွင် နှစ်(၄၀)ကျော်အထိုင်ချတပ်စွဲထားသော လင်းနယ်(တောင်စွန်း)စခန်းအား ၃ရက်၊မေလ၊၂၀၂၄ခုနှစ်တွင် ဗိုလ်အယ်စေးဝါးဦးဆောင်သော Lion Battalion စစ်ကြောင်း(KNLA+PDF)နှင့် ပူးပေါင်းစစ်ကြောင်းများမှ အပြီးတိုင်ချေမှုန်းသိမ်းပိုက်နိုင်ခဲ့သည်။၎င်းအထိုင်စခန်းအား ၁၇ရက်၊ဧပြီလ၊၂၀၂၄ခုနှစ်တွင်စတင်တိုက်ခိုက်ခဲ့ပြီး ၃ရက်၊မေလ၊၂၀၂၄ အထိ ၁၆ ရက်ကြာတိုက်ပွဲဖြစ်ပွါးခဲ့ပြီး တိုက်ပွဲကာလအတွင်း စစ်ကောင်စီမှ လေကြောင်းပစ်ကူ ၁၀၀ ကျော်ပစ်ကူပေးခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိသည်။

စခန်းသိမ်းရှင်းလင်းရေးဆောင်ရွက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၆) ယောက်သေဆုံး၍ တပ်ရင်းမှူးအပါအဝင် (၁၃) ယောက် စခန်းမှ ဆုတ်ခွာထွက်ပြေးလျက်ရှိသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *