မလှိုင်မြို့နယ်၊ သက္ကယ်ကျင်းရွာတွင် ဆက်ကြေးကောက်နေသော စစ်သားများကို တိုက်ခိုက်

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သက္ကယ်ကျင်းကျေးရွာတွင် ဆက်ကြေးကောက်နေသော အကြမ်းဖက် စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း Myingyan District Army -3 -Taungtha Youth တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

မေလ ၈ ရက် ညနေ ၅ နာရီခန့်က မလှိုင်မြို့နယ်၊ သက္ကယ်ကျင်းကျေးရွာတွင် အင်းအား ၂၅ ဦး ခန့် ဖြင့် အထိုင်ချတပ်စွဲထားပြီး ကျေးရွာလမ်းလယ်ထိ ထွက်ကာ စစ်ဆေးရေးနှင့် ပြည်သူများထံမှ ဂိတ် ကြေး ကောက်ခံနေသော အကြမ်း ဖက်စစ်သား ၇ ဦးကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် သားများ ကျေးရွာအတွင်းသို့ ပြန်ဝင်ပြေးသွားကြောင်း သိရသည်။

“စစ်ခွေးတွေ ရွာထဲပြန်ဝင်ပြေးသွားလို့ အသေအပျောက်တော့မရှိဘူးဗျ” ဟု Myingyan District Army -3 -Taungtha Youth တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်း ၃ နှင့် ညီနောင်မဟာမိတ်အဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာအတွင်းသို့ ဝင်ရောက်စီးနင်းတိုက်ခိုက်မှုမပြုလုပ်တော့ပဲ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *