ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

နေပြည်တော် အကျဉ်းထောင်၌ နှစ်ရှည် ထောင်ချခံထားရသော ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

အဆိုပါ နေရာသည် စစ်တပ်အာဏာသိမ်းပြီးနောက် သမ္မတ ဦးဝင်းမြင့် တရားရင်ဆိုင်စဉ် ထိန်းသိန်းထားခဲ့သော နေရာ ဖြစ်ကြောင်း၊ စကခ ၆ ဝင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်အား အရာရှိ ၂ ယောက်အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦးဖြင့် လုံခြုံရေးချထားပြီး စစ်ဖက်ရေးရာလုံခြုရေး (စရဖ) အရာရှိတဦးက ကြီးကြပ်နေကြောင်း ဧရာဝတီ သတင်းရင်းမြစ်များထံမှ သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *