မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် အောင်ပွဲရ သတင်း

ကျောက်ထပ်၊ ဇီးတော ၊သဲတော ရွာတွေဘက်ကနေစကစ စစ်ကြောင်း ၃ကြောင်း ဖြန့်ခွဲပြီး ဒေသခံစခန်း တစ်ခုကို ချေမှုန်းဖို့ ရောက်လာကြတယ်။

(တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၇ နဲ့ ၂၅၉ ဖြစ်ပြီး အင်အား ၃၀၀ ခန့် ယနေ့ နံနက် ၇ နာရီ ကျော်ခန့်က )

စကစ စစ်ကြောင်းဟာ သတင်းအတိအကျ ရထားတဲ့ အနေအထားနဲ့ မိုင်းကွင်းကိုပါ ဖြတ်​တော့ မိုင်းဆွဲလို့ မရ​ခဲ့ပေမဲ့ ဒေသခံစခန်းကလည်း အမြဲအသင့် အနေ အထား ရှိနေတော့ အမြန်ဆုတ်နိုင်တယ်။ခံစစ်ကနေ တိုက်စစ် အဖြစ်ပြန်ပြောင်းနိုင်ခဲ့တယ်။

စကစရဲ့ ရှေ့ ပြေးတပ်စုကို Battle ဆိုင်ပြီး အကုန်ဖြုတ်ပစ်လိုက်နိုင်တယ်။

၉ယောက် တစ်ခါတည်းမှောက်ပြီး ၉ လက် တစ်ခါတည်းရတယ်။

စခန်းကိုစွန့်ပြီး စကစဆီကရထားတဲ့ 60 mm နဲ့ ကိုယ့်စခန်းကိုပြန်ပစ်တယ်။

နှစ်လုံးတည်း ပစ်တာ ၂၀ ကျော် မတ်စိဘဲ။ အရှုံး၊အမြတ်အ​နေနဲ့ကတော့ စခ ၃၀ကျော် မတ်စိနဲ့ ၉လောင်း ၉လက် ရလိုက်တယ်။​ဒေသခံစခန်းတော့ ပျက်စီးသွားတယ်။

စခ တစ်သိုက် နောက်ပြန်ဆုတ်သွားရတယ်။ အဖွဲ့ နာမည်တော့ ပြောလို့မရသေးဘူးဗျ။

ကဲ … အားပေးလိုက်ကြပါအုံး ။ခဏကြာရင် သတင်းတွေ တက်လာလိမ့်မယ် ထင်ပါတယ်။

၂၀၂၄ မေ ၁၇ ၁၁၂၀

ဇင်ယော်

Zin Yaw Captain


Comments

Leave a Reply

Your email address will not be published. Required fields are marked *