ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုရွာကို စစ်ကြောင်းထိုးလာသော စစ်တပ်နှင့် မုပ္ပလင်ဂိတ်ကို ရန်ကုန်တိုင်း ပကဖနှင့် ERO ညီနောင်များ ပူးပေါင်း စစ်ကြောင်းက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက် (ရုပ်/သံ)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုရွာကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်နှင့် မုပ္ပလင် စစ်ဆေးရေး ဂိတ်ကို ရန်ကုန်တိုင်း ပကဖနှင့် ERO ညီနောင်များ ပူးပေါင်း စစ်ကြောင်းက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်တိုင်း ပကဖ ဆက်သွယ်ရေးနှင့် မီဒီယာ တာဝန်ခံကပြောဆိုသည်။

မေလ ၁၈ ရက်နေ့တွင် အင်္ဂဘို ကျေးရွာကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် မုပ္ပလင်စစ်ဆေးရေးဂိတ်ကို ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေး တိုက်ခိုက်ရေးတပ်ဖွဲ့ – ၁၊ တပ်ဖွဲ့ – ၂၊ ရန်ကုန်တိုင်း ဒရုန်းတပ်ဖွဲ့နှင့် ERO ညီနောင်များ ပူးပေါင်း၍ ပြင်းအားမြင့် ဗုံးသီးများဖြင့် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ဗီဒီယိုထဲမှာတော့ စစ်ခွေးတွေကို ထမ်းထုတ်သွားတာမျိုး တွေ့ရပါတယ်။ စစ်ခွေး ထိခိုက်သေဆုံးမှုကိုတော့ တိတိကျကျ သိရဖို့ စုံစမ်းဆဲပါ။ မုပ္ပလင် စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်တော့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ စစ်ခွေးတွေက ရမ်းပစ်တာတွေရှိတယ်။ ဒီကောင်တွေမှာ တာဝန်အရသာ လုပ်နေရတာထင်တယ်။ စိတ်ဓာတ်တွေ လုံးဝကျဆင်းနေပါပြီ ကျွန်တော်တို့ တိုက်ခိုက်တာ ခံရပြီဆိုတာနဲ့ ကစဥ့်ကလျားနဲ့ ပြေးတော့တာပါပဲ” ဟု ရန်ကုန်တိုင်း ပကဖ ဆက်သွယ်ရေးနှင့် မီဒီယာ တာဝန်ခံက ပြောဆိုသည်။

အင်္ဂဘိုကျေးရွာကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ယနေ့ နံနက် ၁၀ နာရီကျော်ခန့်တွင် ပြင်းအားမြင့် ဗုံးသီး ၃လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ မုပ္ပလင်စစ်ဆေးရေးဂိတ်ကိုလည်း ညနေ ၄ နာရီခွဲခန့်တွင် ပြင်အားမြင့်ဗုံးသီး ၃လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း ပကဖ ဆက်သွယ်ရေးနှင့် မီဒီယာ တာဝန်ခံက ဆက်လက်ပြောဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *