မြန်မာနဲ့ ရုရှား အာကာသနည်းပညာ ပူးပေါင်းမယ်လို့ဆို

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရုရှားနိုင်ငံ နိုင်ငံပိုင်အာကာသ ကော်ပိုရေးရှင်းဖြစ်တဲ့ Roscosmos State Space Corporation က ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က ရန်ကုန်မြို့မှာ မေ ၁၉ ရက်က တွေ့ဆုံကြပါတယ်။

မြန်မာ-ရုရှား နိုင်ငံကြား အာကာသနည်းပညာ ပူးပေါင်းဆောင်ရွက်တာတွေ တိုးမြှင့်ရေးကိစ္စတွေ၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ဖို့၊ အာကာသနည်းပညာနဲ့သက်ဆိုင်တဲ့ ပညာတော်သင်တွေ စေလွှတ်ဖို့ စတဲ့ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီလက်အောက် နိုင်ငံပိုင်မီဒီယာတွေကနေ ထုတ်ပြန်ပါတယ်။

Roscosmos State Space Corporation ဟာ နိုင်ငံတကာအာကာသနဲ့ ပတ်သက်လို့ အာကာသယာဉ်ပျံသန်းတာ၊ စူးစမ်းလေ့လာတာနဲ့ နည်းပညာဖွံ့ဖြိုးရေးတွေအတွက် လုပ်ကိုင်နေတဲ့ ရုရှားအစိုးရပိုင်အဖွဲ့အစည်းဖြစ်ပါတယ်။

မြန်မာစစ်တပ်နဲ့ ရုရှားနိုင်ငံတို့ဟာ အရင်က စစ်ဘက်ဆိုင်ရာဆက်ဆံရေးသာ ရှိခဲ့ပေမဲ့ ၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက်မှာတော့ နျူကလီးယားနည်းပညာဆိုင်ရာ ပေါင်းဆောင်ရွက်မှုလုပ်ဖို့အထိ ဆက်ဆံရေးနီးကပ်လာပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *