ချင်းပြည်နယ်မှာ သင်တန်းပေးနေတဲ့ ဗြိတိန်လေတပ်မှ စစ်မှု့ထမ်းဟောင်းများ

ဗြိတိန်လေတပ်မှာ စစ်မှု့ထမ်းခဲ့တဲ့ စစ်မှု့ထမ်းဟောင်း တစ်ဒါဇင်လောက်ဟာ ချင်းပြည်နယ်က ဝိတိုရိယစခန်းမှာ လေကြောင်းတိုက်ခိုက်ရေး၊ ကာကွယ်ရေး သင်တန်းတွေ ပေးနေတယ်လို့ နစ်ကီအေရှား သတင်းဌာနက တင်ပြထားပါတယ် ။

ဗြိတိန်စစ်မှု့ထမ်းဟောင်းတွေဟာ မြန်မာ့တော်လှန်ရေး တပ်ဖွဲ့တွေကို ကူညီပေးဖို့ ချင်းပြည်နယ်က ဝိတိုရိယစခန်းကို ရောက်နေတာပါ ။ သူတို့ဟာ ကြေးစားတပ်ဖွဲ့တွေ မဟုတ်ပါဘူး ။ ဘော်လန်တီယာအနေနဲ့ လာရောက် ကူညီပေးတာပါ ။ သူတို့ရဲ့ အရေအတွက်ဟာ အများကြီမဟုတ်ပေမဲ့ လေကြောင်းနဲ့ပတ်သက်တဲ့ တိုက်ခိုက်ရေးနဲ့ ကာကွယ်ရေးမှာ သိပ်ကိုထိရောက်တယ်လို့ ဆိုပါတယ် ။

သူတို့ဟာ ဝိတိုရိယစခန်းမှာ နေရာထိုင်ခင်းတစ်ခုသာ ရရှိပြီး ၊ တရားတဲ့ဘက်ကနေ ပါဝင်ကူညီပေးဖို့နဲ့ စွန့်စားခန်းတွေလုပ်ချင်လို့ ဒီနေရာကို ရောက်လာကြတယ်လို့ နစ်ကီအေရှား သတင်းဌာနနဲ့ တွေ့ဆုံချိန်မှာ ပြောကြားထားပါတယ် ။

ဘကြီးအောင် LA


Comments

Leave a Reply

Your email address will not be published. Required fields are marked *