မုံရွာမြို့နယ်၊ သာစည်အကျဉ်းထောင်နှင့် ရဲကင်းစခန်းကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်မှု စစ်သားနှင့် ရဲ ၇ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သာစည်အကျဉ်းထောင်နှင့် ရဲကင်းစခန်းကို လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား၊ ရဲ ၇ ဦးသေ ဆုံးခဲ့ကြောင်း Snipe Rangers Force (Local – PDF) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ယမန်နေ့ မေလ ၂၄ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်ဝန်းကျင် မုံရွာမြို့နယ်၊ သာစည်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အကျဉ်းထောင်အတွင်း စစ်ကောင်စီ လက်အောက်ခံ ရဲကင်းနှင့် သာစည် ထောင်အား လက် နက်ကြီး လက်နက်ငယ်များဖြင့် တပြိုင်တည်း ပစ်ခတ် ခိုက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၄၅ မိနစ်ခန့်ကြာမြင့်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ၅ ဦး၊ ရဲ ၂ ဦးသေဆုံးခဲ့ကာ ၁၀ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ရဲကင်းနဲ့ အကျဉ်းထောင်ကို တပြိုင်တည်း လက်နက်ကြီးနဲ့ ပစ်တာပါ။ လက် နက်ငယ်နဲ့ ကင်းယူရင်း ထိတွေ့မှုဖြစ်တာ။ လက်နက်ကြီးမပစ်ခင် အရင်လက် နက်ငယ်သမားတွေနဲ့ ထိတွေ့မှုဖြစ် တာပါ။ စကစဘက်က အသင့်စောင့်ပြီး ဆီးကြိုပစ်တာ။အဲဒါကို ခုခံရင်း အပြန်အလှန်ဖြစ်ကြတာ။ ရဲဘာ်တစ်ဦးထိတာက လက်နက်ကြီးပစ်ရင်း ပြောင်းကွဲပြီး ခြေထောက်ကို လာမှန်တာ။ စိုးရိမ်ရ တာမျိုးမရှိပါဘူး” ဟု Snipe Rangers Force (Local – PDF) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ထိုသို့ဝင်ရောက်တိုက်ခိုက်ခံရမှုကြောင့် အနီးအနားပတ်ဝန်းကျင်ကို စစ်တပ်က တစ်နာရီးခြား တစ်ကြိမ် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ၊ညပိုင်းတွင်လည်းသာစည်ကျေး ရွာအတွင်း ကင်းလှည့်စစ်ဆေးမှုများရှိကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်ခဲ့မူကို Snipe Rangers Force (Local – PDF) ၊ ဒေါင်းပြောက် ကျားတပ် ၊ ဒေါင်းညီ နောင် ပြည်သူကာကွယ်ရေးတပ်ဖွဲ့နှင့် ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)တို့မှ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီးပစ်ခတ်ရင်း အမြောက်ပြောင်းကွဲကာ ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ဝင်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Snipe Rangers Force အနေဖြင့် စစ်ဆင်ရေးများ ဆက်လက်ဖော်ဆောင်ရန် လက်နက်ခဲယမ်းများ လိုအပ်လျက်ရှိပြီး ပြည်သူလူထု၏ ထောက်ပံ့မူများလို အပ်လျက်ရှိကြောင်း အဆိုပါ တပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

စစ်ဆင်ရေးထုတ်ပြန်ကြေညာချက် ၁၁ /၂၄

မုံရွှာမြို့နယ် သာစည်ကျေးရွှာရှိ စစ်ကောင်စီ လက်အောက်ခံ ရဲကင်းနှင့် သာစည် ထောင်အား လက်နက်ကြီး လက်နက်ငယ်များဖြင့် ပတ်ခိုက်တိုက်ခိုက်ခဲ့လို့ စခ / ရခ ၇ ဦးသေဆုံး ။

25.05.2024

Snipe Rangers Force (Local-PDF)

မုံရွှာမြို့နယ် သာစည်ကျေးရွှာရှိ ရဲကင်းနှင့် သာစည် ထောင်ပေါက်ရှိ စခ/ရခ များကို 24.05.2024 ရက်နေ့ နံနက် 8:30 နာရီအချိန်တွင် ၆၀ မမ ၊ ၁၂၀ မမ စုပေါင်းအလုံးရေ ၃၀ လုံး နှင့် လက်နက်ငယ်တို့နဲ့ တိုက်ခိုက်ခဲ့ပြီး ထိတွေ့ ကြာချိန် 00:45 နာရီ ကြာမြင့်ခဲ့ပါသည် ။

တိုက်ခိုက်မူ မစခင် စစ်ကောင်စီ ဘတ်မှ စက်ကလေး အသုံးပြုပြီး ဆီကြိုတိုက်ခိုက်မူကို မီမီတို့ မဟာမိတ် တပ်ဖွဲ့တွေမှ ခုခံ ခဲ့ရပြီး တိုက်ပွဲ ဖြစ်နေစဥ် အတွင်း စကစ ဘတ်မှ ၄၀ မမ (၂) ပတ်ခတ်ခဲ့ ပြီး BA 63(G3) ၊ စက်ကလေး ၊ စနိုက်ပါ တို့နဲ့ ပြန်လည် ပစ်ခတ်ခဲ့ပါတယ် ။

အဆိုပါ တိုက်ခိုက်ခဲ့မူကြောင့် စစ်ကောင်စီ ဘတ်မှ စခ ၅ ဦးနှင့်တူတူ ရခ ၂ ဦးနေရာတင် ပွဲချင်းပြီး သေဆုံးခဲ့သလို ၁၀ ဦးထပ် မနည်း ထိခိုက်ဒဏ်ရာ ရရှိသေးတယ်လို့ စုံစမ်းသိရှိထားပါတယ် ။

မီမီတို့ မဟာမိတ် တပ်ဖွဲ့တွေဘတ်မှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာ ရပြီး(မစိုးရိမ်ရ) ကျန်ရဲဘော်များ အန္တရာယ် ကင်းစွာ ပြန်လည် ဆုတ်ခွာလာနိုင်ခဲ့ပါသည် ။

အဆိုပါ တိုက်ခိုက်ခဲ့မူကို Snipe Rangers Force (Local – PDF) ၊ ဒေါင်းပျောက်ကျားတပ် ၊ ဒေါင်းညီနောင် ပြည်သူကာကွယ်ရေး တပ်ဖွဲ့ နှင့် ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)တို့မှ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ပါသည်။

Snipe Rangers Force အနေဖြင့် ဆက်လျက် စစ်ဆင်ရေးများ ဖော်ဆောင်ရန် ပြည်သူလူထု၏ ထောက်ပံ့မူများကို များစွာ လိုအပ် လျက်ရှိပြီး မီမီတို့ တပ်ဖွဲ့အား ပစ်မထားဖို့ အထူးပင် မေတ္တာရပ်ခံအပ်ပါသည် ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *