မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ်စခန်းကို ဒရုန်းဖြင့် တိုက်ခိုက်မှု စစ်တပ်မှ အရာရှိ အပါအဝင် ၂ ဦး သေဆုံး (ရုပ်သံ)

ကရင်နီပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၄၂၂ တပ်ရင်းကို ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ အရာရှိအပါအဝင် ၂ ဦးသေဆုံးခဲ့ကြောင်း ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်း – Drone & Technology Department မှ တာဝန်ရှိသူ တစ်ဦးကပြောကြားသည်။

မေလ ပထမအပတ်တွင်းက မိုးဗြဲမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၄၂၂ တပ်ရင်း စခန်းကို ဖယ်ခုံ နှင့် မိုးဗြဲရှိ တော်လှန်ရေး မဟာမိတ်တပ်ရင်းများ ပူးပေါင်းပြီး ဒရုန်းဖြင့် ဗုံးကျဲ တိုက် ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် ၂ ဦးသေဆုံးပြီး ၄ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“တိုက်ပွဲဖြစ်ခဲ့တာက မေလ ပထမ ပတ်ထဲက ဖြစ်ခဲ့တာ၊ ဒီနေ့မှ ထုတ်ပြန်နိုင်တာပေါ့။ ဒရုန်းတိုက် ခိုက်ရေးတွေလုပ်နေတာကြာပြီဆိုတော့ ထိရောက်မှုတွေလည်း တိုးတက်လာတယ်။ လိုအပ်ချက်တွေ လည်းရှိနေတဲ့အတွက် မိဘပြည်သူတွေကို အကူအညီတောင်းချင်ပါတယ်” ဟု ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်း – Drone & Technology Department မှ တာဝန်ရှိသူ တစ်ဦးကပြောကြားသည်။

မိုးဗြဲဒေသတွင် အခြေစိုက်ထားသည့် တော်လှန်ရေး ပူးပေါင်းတပ်ရင်းများ အနေဖြင့် အကြမ်းဖက် စစ်ကောင်စီတပ်သားများကို ဝေဟင်မှ အသားစီးရယူကာ တိုက်ခိုက်လျက်ရှိပြီး တိုက်ခိုက်ရေး ဒရုန်း များအတွက် လိုအပ်ချက်များရှိနေသဖြင့် မိဘပြည်သူများက ပါဝင်အားဖြည့်ပေးကပါရန် Drone & Technology Department(ဒရုန်းနှင့်နည်းပညာဌာန) တပ်ရင်းအမှတ် ၁၀၀၆ ဖယ်ခုံ PDF က မေတ္တာရပ်ခံထားသည်။

ဖယ်ခုံ(၁၀၀၆ တပ်ရင်း) Drone & Technology Department ၏ ဝေဟင်ဒရုန်းတိုက်ခိုက်မှုမှတ်တမ်း

မေလ(၂၅)ရက် ၊၂၀၂၄ခုနှစ်။

မိုးဗြဲအခြေစိုက်၊ ခမရ၄၂၂ ရှိ စစ်ကောင်စီ တပ်စခန်းအား ဝေဟင်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား အရာရှိအပါအဝင်၂ ဦး သေဆုံးပြီး ၄ဦးဒဏ်ရာရရှိခဲ့သည်။ ဖယ်ခုံ-မိုးဗြဲရှိ မဟာမိတ်တပ်ပေါင်းစုများပါဝင်တိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီတပ်သား အရာရှိအပါအဝင် ၂ဦးသေဆုံးပြီး ၄ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သည်။

မြေပြင်တွင် ရန်သူကိုဝေဟင်အသာစီးမှ တိုက်ခိုက်နိုင်ပြီး ၊ စစ်ရေးတွင် အကြုံးဝင်သော တိုက်ခိုက်ရေးဒရုန်းများဖြင့် မိမိတို့ ဖယ်ခုံ ၁၀၀၆တပ်ရင်းမှ ဖယ်ခုံ-မိုးဗြဲတပ်ပေါင်းစုများနှင့်အတူ စွမ်းစွမ်းတမံလုပ်ဆောင်နေပြီး တိုက်ခိုက်ရေးဒရုန်းအတွက် လိုအပ်ချက်များရှိနေသောကြောင့် ပါဝင်အားဖြည့်ပေးနိုင်ပါကြောင်း သတင်းစကားပါးအပ်ပါသည်။

Drone & Technology Department

(ဒရုန်းနှင့်နည်းပညာဌာန)

တပ်ရင်းအမှတ်(၁၀၀၆) ဖယ်ခုံ


Comments

Leave a Reply

Your email address will not be published. Required fields are marked *