စစ်ကောင်စီ လက်အောက်ခံ ၀န်ထမ်းအရာရှိရဲ့သမီးကို ပျူစောထီးက မုဒိမ်းကျင့်

မြို့ခံ ရဲတွေမဖမ်းလို့ နေပြည်တော်က ဆင်းဖမ်း

စစ်ကောင်စီလက်အောက်ခံ ၀န်ထမ်းအရာရှိ တစ်ဦးရဲ့သမီးကို မုဒိမ်းကျင့်တဲ့ စစ်ကိုင်းမြို့ ပါရမီရပ်ကွက်အုပ်ချုပ်ရေးမှူးကို စစ်ကိုင်းမြို့ ရဲစခန်းက ဖမ်းဆီးမှုမပြုလုပ်တာကြောင့် နေပြည်တော် က လာရောက်ဖမ်းဆီးသွားတယ်လို့ စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေး ကဖော်ပြပါတယ်။

မေလ(၂၂)ရက်နေ့က စစ်ကောင်စီလက်အောက်ခံ ၀န်ထမ်းအရာရှိတစ်ဦးရဲ့ သမီးနဲ့ သူ့ရဲ့ရည်းစားဖြစ်သူဟာ စစ်ကိုင်းတောင်ပေါ်မှာ ချိန်းတွေ့နေစဉ် စစ်ကိုင်းမြို့ ပါရမီရပ်ကွက် အုပ်ချုပ်ရေးမှူးအသစ် ပျူစောထီးခေါင်းဆောင် ကျော်စိုးနှင့် ဇော်ကြီးတို့က ဖမ်းဆီးပြီး မုဒိမ်းကျင့်ခဲ့တာလို့ သိရပါတယ်။

ကျူးလွန်ခံရတဲ့ အမျိုးသမီးရဲ့ အသိုင်းအဝိုင်းက စစ်ကိုင်းမြို့ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခဲ့ပေမယ့် ဖမ်းဆီးအရေးယူတာမလုပ်တာကြောင့် နေပြည်တော်အထိ တိုင်ကြားခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်းစစ်အုပ်စုအခြေချနေထိုင်တဲ့ နေပြည်တော်ကနေ မေလ(၂၅)ရက်နေ့မှာ မုဒိမ်းမှုကျူးလွန်တဲ့ ပါရမီရပ်ကွက် အုပ်ချုပ်ရေးမှူးအသစ် ပျူစောထီးခေါင်းဆောင် ကျော်စိုး နဲ့ ဇော်ကြီးတို့အပြင် တခြားပျူစောထီးတွေကိုပါ ဖမ်းဆီးသွားခဲ့တယ်လို့ စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးက ဖော်ပြပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *