ပရိသတ်ကြီးရေ…
သရုပ်ဆောင် ဥက္ကာမင်းမောင်ကတော့ Gay တစ်ယောက်ဖြစ်ကြောင်း ပရိသတ်တွေကို ပွင့်လင်းစွာ ဝန်ခံထားသူတစ်ယောက် ဆိုတာ အားလုံးလည်းသိပြီးသားဖြစ်မှာပါ။
ဥက္ကာမင်း မောင်ဟာ အမေရိကန်နိုင်ငံမှာ နေထိုင်နေတာမို့ သူ့ရဲ့ လက်ရှိပတ်ဝန်းကျင်ဟာ သူ့ရဲ့ ဖြစ်တည်မှုအပေါ်လက်ခံ ပေးကြပြီး မြန်မာနိုင်ငံကသူတွေကတော့ ပွင့်လင်း မြင်သာမှုမရှိကြတာပဲဖြစ်ပါတယ်။
ဒီကနေ့မှာလည်း ဥက္ကာမင်းမောင်က သူ့အနေနဲ့ ယောကျာ်းလေးတွေနဲ့ ပုံတင်တိုင်း အတင်းပေးစားနေကြတာတွေကို ရပ်ပေးပါ လို့ ပြောလာပါတယ်။
ဥက္ကာမင်းမောင်က “သြော်..ဂယက်တခု..
ကျွန်တော့်ရဲ့ မြန်မာမဟုတ်တဲ့ ဒီက သူငယ်ချင်းများအားလုံးကို Babe လို့ ခေါ်ပါတယ်ခင်ဗျ..
ရည်းစားမို့လို Babe လို့ခေါ်ခြင်းမဟုတ်ပါ..
သူတို့ကလဲ ကိုယ့်ကို Babe ပဲခေါ်ပါတယ်..
မသိရင် ဥက္ကာမင်းမောင် သည် လင် ၁ သိန်းနဲ့ ၁၈ ယောက်ရှိသလိုပဲ..
မွေးနေ့လာတဲ့သူတွေကို တယောက်ချင်းစီ Babe လို့ရေးပြီး တယောက်ချင်းစီပုံတင်တာ ကျွန်တော့်လင်တွေမဟုတ်ပါခင်ဗျ.. အားအားရှိသိပ်ပေးစားကြတာပဲ..
အံ့ရော..လောလောဆယ် မူးလို့ရှူစရာ ဘယ်သူမှမရှိပါ.. ရှိလာတဲ့တနေ့ကျရင် အသိပေးပါမယ်…
(စကားမစပ် ကိုယ့်ရဲ့ မြန်မာ Gay သူငယ်ချင်းများအားလုံးကို မေမေလို့ ပဲခေါ်ပါတယ်.. မိန်းမအစစ်ဖြစ်ပေမယ့်
အခြောက်တွေကိုသိပ်ချစ်သော မိန်းမခြောက်များကိုလဲ ကျွန်တော်သူတို့ကို မေမေလို့ ခေါ်ပါတယ်)😁🤣
အားအားရှိ ရှိသမျှယောက်ျားလေးတွေနဲ့ ပုံတင်တိုင်း ပေးစားနေကြတာတွေရပ်ပါ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ပြောလာခဲ့ပါတယ်။
ဥက္ကာမင်းမောင်ကတော့ သူခင်မင်တဲ့ ယောကျာ်းလေး Gay တိုင်းကို Babe လို့ပါ်ခေါ်တတ်တာဖြစ်ပြီး ပရိသတ် တွေအနေနဲ့ ယောကျာ်းလေးတွေနဲ့ပုံတင်တိုင်း အတင်း ပေးစားနေကြတာတွေကို ရပ်တံ့ပေးကြဖို့ ပြောလာခဲ့ တာဖြစ်ပါတယ်။
Leave a Reply