တပ်ကြပ်ကြီး အောင်မျိုးသူဆိုသူအား တပ်ရင်းမှူးဗိုလ်ကြီး နှင့် လုံခြုံရေးအရာရှိများမှ ထိုးကြိတ် ရိုက်နှက်သဖြင့် သေဆုံးသွားကြောင်း

တောင်တွင်းကြီးမြို့နယ်၊ ကပစ ၁၈ တပ်ထဲတွင် တပ်ကြပ်ကြီး အောင်မျိုးသူဆိုသူအား တပ်ရင်းမှူးဗိုလ်ကြီး နှင့် လုံခြုံရေးအရာရှိများမှ ထိုးကြိတ် ရိုက်နှက်သဖြင့် သေဆုံးသွားကြောင်း

မကွေးတိုင်း ၊ တောင်တွင်းကြီးမြို့နယ်၊ ကပစ ၁၈ တပ်ထဲတွင် တပ်ကြပ်ကြီး အောင်မျိုးသူ ဆိုသူအား တပ်ရင်းမှူးဗိုလ်ကြီး နှင့် လုံခြုံရေးအရာရှိများမှ ထိုးကြိတ် ရိုက်နှက်သဖြင့် သေဆုံးသွားကြောင်း တပ်တွင်းနီးစပ်သူပြည်သူတစ်ဦးမှ သတင်းပေးပို့လာပါသည်။

တပ်ခွဲတပ်ကြပ်ကြီး အောင်မျိုးသူကို တပ်ရင်းမှူး နဲ့ လုံခြုံရေးအရာများက ဝိုင်းပြီး ထိုးကြိတ်ရိုက်နှက်ပြီး လုံခြုံရေးကင်းပို ပြန်ပို့လိုက်တယ်။ နောက်နေ့ မနက်ကျ အောင်မျိုးသူမှာ ကင်းတဲမှာ သေဆုံးသွားပါတယ်။ အခုလို သေဆုံးသွားတာကို ရောဂါကြောင့် သေတာလို့ ဆေးစစ်ချက် ထွက်ထားပါတယ်။ တကယ်တော့ အောင်မျိုးသူက အထက်အရာရှိများ ထိုးကြိတ်ရိုက်နှက်မှုကြောင့် ဒဏ်ရာများစွာဖြင့် သေသွားတာဖြစ်တယ်။

တပ်တွင်းမှာလည်း တပ်ပြေးတွေများနေပါတယ်။ အဲ့တာကို အရာရှိပိုင်းတွေက ဖုံးကွယ်ထားပါတယ်။ တပ်တွင်းမှာလည်း မိသားစုရှိတဲ့သူလောက်တာ ရှိတော့ ပါတယ်။ တပ်တွင်း စည်းလုံးမှု အတော်လေး ပျက်ပြာနေပါတယ်ဟု ပြောပြလာပါသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *